မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်း ဖလှယ်ရေး အစီအစဉ် အရ အိန္ဒိယ နိုင်ငံကောင်စစ်ဝန် ချုပ် ရုံး (မန္တလေး) နှင့်ပြည်ထောင်စု မြန်မာ နိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာန နှင့် ပူး ပေါင်း တင်ဆက်သော အိန္ဒိယ သမ္မတ နိုင်ငံ အရှေ့မြောက် ဒေသမှ Abiogenesis တေးဂီတ အဖွဲ့သည် မေ ၃၀ ရက် ည ၇နာရီက မန္တလေး အမျိုးသား ဇာတ်ရုံတွင် သီဆိုဖျော် ဖြေခဲ့ရာ မန္တလေးမြို့မှ တေးဂီတချစ် သူများ တက်ရောက် ခဲ့သည်။
အဆိုပါ တေးဂီတ အဖွဲ့သည် အိန္ဒိယ သမ္မတနိုင်ငံ အရှေ့မြောက် ဒေသ နာဂ ဒေသမှ ထင်ရှားသော တေးဂီတ အဖွဲ့တစ်ခု ဖြစ်သည်။ အ ဆိုပါ အဖွဲ့သည် ပြီးခဲ့သောနှစ်က “HQWEY” အမည်ရှိသော တေးဂီ တကို နာမည်ကြီး လာသည့် အဆိုပါ တေးဂီတ သည် ခေတ်ပေါ် တေးဂီတ နှင့် အိန္ဒိယ ရိုးရာ ဘန်ဟမ်းဝါး ပုလွေ ဖြင့် ပေါင်းစပ် တီးမှုတ်ရသည့် HQWEY တေးဂီတနှင့် ဘန်ဟမ်း တူရိယာကို ကမ္ဘာပေါ်တွင် သူတို့အ ဖွဲ့တစ်ဖွဲ့သာ တီးမှုတ် နိုင်သည်။