ိုရီးယား KOICA နှင့် ပူးပေါင်း၍ မော်တော်ယာဉ် ဆိုင်ရာ ကျွမ်းကျင် သူများ လေ့ကျင့် မွေးထုတ် ပေးမည်
အမှတ်(၂) စက်မှု ၀န်ကြီး ဌာနသည် Korea International Cooperation Agency (KOICA) နှင့် ပူးပေါင်း ၍ Automobile Center ကို မကွေးတိုင်း၊ မကွေးမြို့၊ စက်မှုဇုန်၌ တည်ဆောက် နေကြောင်း သိရသည်။ အဆိုပါ Automobile Centre တွင် မော်တော်ယာဉ် ဆိုင်ရာ ကျွမ်းကျင်သူ များကို လေ့ကျင့် သင်ကြား မွေးထုတ် ပေးမည် ဖြစ်ကြောင်း သိရသည်။ သင်ကြားမည့် အစီအစဉ် များမှာ Automobile Engind Course, Automobile Electricla System Course, Automobile Transmission Course, နှင့် Auto mobile Classis Course တို့ကို ပုံမှန်သင်တန်း များ အဖြစ် သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။


