ပါရမီ ၁၇၅ ယာဉ်လိုင်း လမ်းကြောင်း သစ် ပြောင်းလဲ ပြေးဆွဲရန် စီစဉ်
ပါရမီ ၁၇၅ ယာဉ်လိုင်း အား လမ်းကြောင်း သစ်အဖြစ် ပြောင်းလဲ ပြေးဆွဲရန် စမ်းသပ် ယာဉ် သုံးစီးဖြင့် စတင် လျက် ရှိကြောင်း ဗန္ဓုလ သယ် ယူပို့ဆောင်ရေး ကုမ္ပဏီလီ မိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ အောက် ရှိ ပါရမီ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း ပိုင် ၁၇၅ ယာဉ်လိုင်း သည် ယခင်က ပါရမီ၊ စံပြဈေး၊ တာမွေ၊ ရွှေဂုံတိုင်၊ ကမ္ဘာအေး၊ ရှစ်မိုင်၊ ထောက်ကြန့်၊ မှော်ဘီ (GTU) အထိ ပြေးဆွဲပေး နေသော ယာဉ်လိုင်း တစ်လိုင်း ဖြစ်သည်။ ယခု အခါ ခရီးသည် များ၏ လိုအပ် ချက် အရ လမ်း ကြောင်းသစ် အဖြစ် ယခင် လမ်းကြောင်း မှ ခွဲထွက် ကာ ရွှေဂုံတိုင် အရောက် တွင် ကမ္ဘာအေး စေတီ လမ်းသို့ မသွားတော့ ဘဲ ဗဟန်း အုတ်လမ်းမှ တစ် ဆင့် မြေနီကုန်း၊ လှည်းတန်းမှ ပြည်လမ်း အတိုင်း ရှစ်မိုင်သို့ ရောက်ရှိမည် ဖြစ်ကာ ထိုမှ တစ်ဆင့် ယခင်လမ်း အတိုင်း မှော်ဘီသို့ ဆက်လက် ပြေးဆွဲ မည်ဖြစ်သည်။


