မြန်မာနိုင်ငံ အထည်ချုပ် ကုမ္ပဏီများ မှချုပ် လုပ်သော အထည်များကို ယခင်က ရေလမ်း ကြောင်းမှ တစ်ဆင့် ထိုင်းမှ ရန်ကုန် ဆိပ်ကမ်း သို့ တင်ပို့ နေရာမှ ယခုအခါ ပထမဆုံး ဘန်ကောက် – ရန်ကုန် Border Trade လမ်းကြောင်းမှ တင်ပို့ နိုင်ရန် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်တွင် ကျင်းပသည့် Logistic Work Shop တွင် EFR ကုမ္ပဏီမှ DGM ဦးသန်းအောင်က ပြောကြားသည်။
အထည်ကုန် ချောများ တင်ပို့ရာ တွင် မြ ၀တီမှ မဲဆောက်၊ ထိုမှ တစ်ဆင့် ဘန်ကောက် မြို့သို့ ကုန်းလမ်း ဖြင့် သယ်ဆောင် နိုင်ပြီး ယခင် က နယ်စပ် တံတားမှ တန် ၁၂ တန်သာ ဖြတ်သန်း ခွင့်ပြု သော် လည်း ယခုအခါ ဂျိုင်းမြစ်ဗော တံတားမှ တန်၆၀ အထိ ဖြတ်သန်းခွင့် ရရှိ ကြောင်း သိရသည်။ ကုန်ပစ္စည်း များ အား စစ်ဆေး ရာတွင် မဲဆောက် နှင့် မြ၀တီတွင်သာ ကုန်ပစ္စည်း စစ်ဆေးမှု ပြုလုပ်ကြောင်း သိရ သည်။ ကုန်းလမ်း ခရီးဖြင့် သွားရောက် ပါက ရန်ကုန်မှ ဘန်ကောက် သို့ မိုင်ပေါင်း ၅၅၃ မိုင်ကွာ ဝေးပြီး နာရီပေါင်း ၂၃ နာရီကြာမြှင့်မည်ဖြစ်ကာ အလွန်ဆုံး နှစ်ရက် ကြာအတွင်း၌ ရောက်ရှိနိုင်သည်။