မြန်မာပို့စ်၏ ရပ်တည်ချက်နှင့် သဘောထား

မြန်မာပို့စ်သည် အနီမဟုတ်၊ အ၀ါမဟုတ်၊ အနက်လည်းမဟုတ်၊ အဖြူရောင် သက်သက်။

မြန်မာပို့စ်သည် အရောင်မစွက်၊ ဘယာမဖက်၊ ဆန္ဒမစွဲ။ ရင်ထဲအသည်းထဲတွင် သစ္စာတရားကို စွဲစွဲ မြဲမြဲစိုက်ထူပြီး ပကတိ အရှိအမှန်တရားကို ဦးထိပ် ပန်ဆင်မည်။

မြန်မာပို့စ်သည် အချစ်မရှိ၊ အမုန်းမရှိ။ ချစ် သူကိုသာစေ၊ မုန်းသူကိုနာစေ အလျဉ်းမရှိ။ ပန်း တိုင်းပွင့်၍ ပန်းတိုင်း လှစေ ချင်သည်။

ယနေ့ မြန်မာ့စာနယ်ဇင်းဥယျာဉ်ကြီးအတွင်း၌ ဥယျာဉ်မှူးကောင်းတစ်ယောက်ပီပီသသဖြင့် တော ခုတ်၊ မြေပြင်၊ ပေါင်းရှင်း၊ အပင်စိုက်၊ ရေလောင်း၊ မြေသြဇာကျွေး၊ ပိုးမွှားသုတ်သင်စသည့် စာနယ်ဇင်း အလုပ်မှန်သမျှကို စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ကျင့်ကြံအားထုတ်သွားမည်။

မြန်မာပို့စ်ဆောင်ပုဒ်သည် ‘မြန်မာတို့အတွက် မြန်မာပို့စ်’ ဖြစ်သည်။ သို့ဖြစ်၍ မြန်မာတို့သိချင်သမျှ နှင့် သိသင့်သမျှ သတင်းအချက်အလက်အကြောင်း အရာတို့ကို အစုံလင်ဆုံး၊ အကောင်းဆုံး အကျေနပ် ဆုံးဖြစ်အောင် ဖြည့်ဆည်းမည်။ မြန်မာပို့စ်သည် တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်တွင် အပါအ၀င်တစ်ခု ဖြစ်သည့်အလျောက် တိုင်းပြည်၏ နား၊ မျက်စိ၊ ပါးစပ်ဖြစ်ရန် အစွမ်းကုန်ကြိုးစားမည်။

ယင်းသို့ကြိုးစားရာတွင် ပြည်တွင်းရေးရာနှင့် စပ်လျဉ်း၍ သိသင့်သိထိုက် သိချင်သမျှကို ကဏ္ဍစုံစုံ လင်လင်ဖြင့်် ဖော်ပြမည်။
နိုင်ငံတကာရေးရာနှင့်စပ်လျဉ်း၍ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ သိပံ္ပနှင့်နည်းပညာ၊ အနုပညာရေး ရာ၊ ထူးဆန်းထွေလာ စသည်ဖြင့် စိတ်ဝင်စားစရာ များကို ဖော်ပြသွားမည်။

အထူးသဖြင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ တော်သစ်သို့ ကူးပြောင်းတက်လှမ်းတော့မည်ဖြစ်ရာ ပြည်သူအများ သိသင့် သိချင်သည့် ဒီမိုကရေစီရေးရာ၊ နိုင်ငံရေးရာ၊ သမိုင်းရေးရာ၊ ဗဟုသုတများကို အမျိုး သားရေးအမြင်ဖြင့် တင်ပြသွားမည်။
မြန်မာပို့စ်ကို ဖတ်လိုက်သည်နှင့် ‘ အကောင်း ဆုံး အလိုအပ်ဆုံး အရာအားလုံး သင်ရှာဖွေ တွေ့ရှိ နိုင်မှာပါ’ ဆိုသည့် အတိုင်းဖြစ်အောင် စဉ်ဆက် မပြတ် ကြိုးစားမည်။

မြန်မာတို့အတွက် မြန်မာပို့စ်ဖြစ်ရမည်။

စီမံကြီးကြပ်သူ
ဦးစိုးမြင့်

အကြံပေးအဖွဲ့
ဦးသန်းဝင်းနိုင်(သြဘာ)၊
အောင်လံ-ဦးသန်းဧ(ဥပဒေ)

တာဝန်ခံအယ်ဒီတာ
သန်းဝင်း

အကြီးတန်းအယ်ဒီတာ
စိုးအောင်၊ ဘသန်းတင်

အယ်ဒီတာ(နိုင်ငံတကာ)
ခိုင်လင်းကျော်

အယ်ဒီတာ(ပြည်တွင်း)
ဘုန်းမြင့်၊ စန်းမြင့်

အကြီးတန်းသတင်းထောက်
အေးမြခိုင်၊ ယဉ်ယဉ်လှ၊ ၀င်းလက်

သတင်းထောက်
ထွန်းလင်း၊ တင်မောင်ဝင်း

နယ်သတင်းထောက်
ကိုကြီးမန်း၊ အဲမွန်ဖေ၊ မိုးအာကာ၊ သူရဇ္ဇ၊လူအောင်၊ ပြည်ဟိန်းကျော်(နေပြည်တော်)၊မကွေးလှမြင့်၊ ကောင်းပြည့်(မန်း)၊ ဥမ္မာခင်(မကွေး)

နေပြည်တော်သတင်းတာဝန်ခံ
ခိုင်မင်း(နေပြည်တော်)

ဒီဇိုင်းတာဝန်ခံ
ကိုဦး

စာမျက်နှာဖွဲ့စည်းမှု
ဇေယျာလင်း

ကွန်ပျူတာစာစီ
ပြည်အေး၊ ခင်ဥမ္မာသန်း၊ ကျော်မင်းဦး

စာပြင်
ထွန်းအောင်

ဘဏ္ဍာရေး
မမြတ်မွန်

ဖြန့်ချိရေးနှင့်ထုတ်လုပ်ရေးမန်နေဂျာ
ဆွေမြင့်(ဆရာဆွေ)

ဖြန့်ချိရေးနှင့်ထုတ်လုပ်ရေးတာဝန်ခံ
ကျော်သူရ

ကြော်ငြာလက်ထောက်မန်နေဂျာ
ဇော်ဦး

ကြော်ငြာတာဝန်ခံ
ခင်ညွန့်ရီ(ခ)အိုင်းရစ်စ်

ထုတ်ဝေသူ
ဦးစိုးသိန်း

ပုံနှိပ်တိုက်
ရွှေနိုင်ငံ

CTP Plate
ရွှေနိုင်ငံ