The Myanmar Post

ကျေးရွာအုပ်ချူပ်ရေးမှူး ငွေကြေးအလွဲသုံးစားလုပ်မှုကို တိုင်ကြားသည့် ကျေးရွာလူထုကိုယ်စားလှယ်များ အရေးယူခံနေရ
မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာအုပ်ချူပ်ရေးမှူးမှ ငွေအလွဲသုံးစားလုပ်မှုများနှင့် စာကြည့်တိုက်ငွေများ စာရင်းမရှင်းသည့်အတွက် ကျေးရွာလူထုကိုယ်စား တိုင်ကြားသူ ၁၄ ဦးအား ၀မ်းတွင်းမြို့နယ်တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၂ အရ အရေးယူခံနေရကြောင်းသိရသည်။

ဖြစ်ပွားပုံမှာ မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာအုပ်ချူပ်ရေးမှူးသည် ကျေးရွာကိစ္စရပ်များတွင် ငွေစာရင်းမရှင်းလင်းသည့် ကိစ္စရပ်များအတွက် ရွာခံ ၁၄ ဦးတို့က ၀မ်းတွင်းမြို့နယ် အုပ်ချူပ်ရေးမှူးနှင့် မိတ္ထီလာခရိုင်အုပ်ချူပ်ရေးမှူးထံ ၂၀၁၁ ခု၊ ဒီဇင်ဘာလ ကတည်းက အဆင့်ဆင့်တင်ပြတိုင်ကြားခဲ့ကြသည်။

ထိုကဲ့သို့ ကျေးရွာလူထုကိုယ်စား ၁၄ ဦးတို့က ပင်းတလဲကျေးရွာအုပ်ချူပ်ရေးမှူးငွေကြေးအလွဲသုံးစားလုပ်မှုကို မြို့နယ်အုပ်ချူပ်ရေးမှူးနှင့် ခရိုင်အုပ်ချူပ်ရေးမှူးထံတင်ပြချက်အရ မြို့နယ်အုပ်ချူပ်ရေးမှူးနှင့် ခရိုင်အုပ်ချူပ်ရေးမှူးတို့က ကော်မတီများဖွဲ့စည်း၍ သုံးကြိမ်စစ်ဆေးပြီး ယနေ့အထိ အရေးယူအပြစ်ပေးခြင်းမရှိခဲ့သော်လည်း ကျေးရွာလူထုကိုယ်စား တိုင်ကြားသူ ၁၄ ဦးအား မေလ ၈ ရက်က ၀မ်းတွင်းမြို့နယ်တရားရုံးမှ ပြစ်မှု ၁၈၈၊ ပြစ်မှုဆိုင်ရာပုဒ်မ ၁၈၂ အရ ၀မ်းတွင်းမြို့နယ်တရားရုံးသို့ မေလ ၁၄ ရက်တွင် ကြားနာစစ်ဆေး၇န် ဒေါ်မိမိထွေး (တ ၂၅၆၅) တွဲဖက်မြို့နယ်တရားသူကြီး(အထူးရာဇ၀တ်အာဏာရ) ၀မ်းတွင်းမြို့နယ် တရားရုံးက ဆင့်စာထုတ်ထားကြောင်းသိရသည်။

ဒီမိုကရေစီခေတ်ဦးကာလတွင် ကျေးရွာအုပ်ချူပ်ရေးမှူး၏ ငွေအလွဲသုံးစားလုပ်မှုကို ကျေးရွာလူထုက မခံမရပ်နိုင်၍ အ ထက်အဆင့်ဆင့်သို့တိုင်ကြားခဲ့သော်လည်း ထိရောက်စွာ အပြစ်ပေးအရေးယူခြင်းမရှိုဘဲ တိုင်ကြားသူ ၁၄ ဦးအားတရားစွဲဆိုထားသဖြင့် ကြားရသူအပေါင်းက အံ့သြနေကြပြီး ယခုအမှုအား တရားရုံးက မည်ကဲ့သို့ စီရင်ဆုံးဖြတ်မည်ကို ၀မ်းတွင်းတစ်မြို့နယ်လုံးက စိတ်ပါဝင်စားစွာစောင့်မျှော်လျက်ရှိကြောင်းသိရသည်။

ကိုသန့်စင်(မိတ္ထီ)

ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းဝင်ခွင့်ကတ် အစီအစဉ်နှင့် သတ်၍ အရောင်းအ၀ယ်ပြုလုပ်သူ အချို့ ဆန္ဒဖော်ထုတ်
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေကျောက်မျက် ရတနာရောင်း ၀ယ်ရေးစခန်း အတွင်း ၀င်ရောက်အရောင်းအ၀ယ်ပြုလုပ်မှုတွင် ၀င်ခွင့်ကဒ်ပြုလုပ် ရောင်းဝယ်မှုပြုလုပ်သည့်အစီအစဉ်နှင့် ပတ်သတ်၍ အရောင်းအ၀ယ်ပြုလုပ်သူများက ဆန္ဒမရှိကြောင်း သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုမှုများအပြင် မေ ၁၈ ရက်က စာများ၊ စတေကာများဖြန့်ဝေခြင်း၊ အကျီများတွင် စတေကာများကပ်လျှက် ဆန္ဒဖော်ထုတ် မှုများပြုကြကြောင်းသိရသည်။ “ဧပြီ ၁ ရက်ကနေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းဝင် ထွက်ခွင့်စိစစ်ရေးကတ်ပြားဆိုပြီး အိမ်ထောင်စု လူဦးရေစာရင်းမိတ္တူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ဓါတ်ပုံ ၃ ပုံ၊ ရပ်ကွက်ထောက်ခံစာနဲ့ လျှောက်တဲ့သူလည်း လျှောက်တယ်။ ဆိုင်ရှင်၊ ပွဲစား၊ ကုန်သည် တစ်ဦးကို တစ်နှစ်စာကတ်ပြားအတွက် ငွေ ငါးထောင်ကျပ်၊ အလုပ်သမားတစ်ဦးငွေကျပ် နှစ်ထောင့်ငါးရာ၊ ပြည်ပဧည့်ဝင်ထွက်ခွင့် တစ်ဦးတစ်ရက်တစ်ဒေါ်လာနှုန်း ကောက်ခံမယ်လို့ ကြေညာတယ်” ဟုကျောက်မျက်အလုပ်သမားတစ်ဦးကပြောသည်။ ကျောက်မျက်ရောင်း ၀ယ်ရေးစခန်းမှ ၀င်ထွက်ခွင့်စိစစ်ရေး ကတ်ပြားပြုလုပ်မှုတွင် မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီ က ကြီးကြပ်စိစစ်ထုတ်ပေးလျှက်ရှိရာ လူဦးရေ ခြောက်ထောင်ခန့် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဧပြီ ၂၈ ရက်ထုတ် ရတနာပုံ သတင်းစာတွင် ဖော်ပြထားသည်။

ရဲရင့်ရန်အောင်

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြဿနာများကြောင့် တစ်ပတ်အတွင်း လူ ၃၇ ဦးသေဆုံးပြီး တံတား ၄ စင်း နှင့်ရထားလမ်း ၄ ခု ပျက်ဆီးခဲ့
ဧပြီလ ၂၆ ရက်နေ့မှ မေလ ၂ ရက်နေ့အထိ ကချင်ပြည်နယ်တွင် ကေအိုင်အေ(ကချင်) လက်နက်ကိုင်တပ်ဖွဲ့ မှ နယ်ခြားစောင့်တပ်နှင့် တိုက်ခိုက်မှုအပြင် တံတားဖောက်ခွဲမှု၊ ရထားသံလမ်း ဖျတ်ဆီးခဲ့မှုတို့ကြောင့် ၈ ရက်အတွင်း စုစုပေါင်း လူ ၃၇ ဦးသေဆုံးခဲ့ပြီး တံတား ၄ စင်း၊ ရထားလမ်း ၄ ခုပျက်ဆီးခဲ့ရကြောင်း တစ်ပတ်အတွင်း ထွက်ရှိခဲ့သော နိုင်ငံပိုင် သတင်းစားများမှ သိရသည်။

အဆိုပါ သေဆုံးသူများတွင်  မြို့နယ်အုပ်ချူပ်ရေးမှုးတစ်ဦးအပါအဝင် ဝန်ထမ်းလေးဦး၊ ပြည်သူတစ်ဦး၊ တပ်မတော်သား ၂ ဦးနှင့် ကေအိုင်အေမှ ၃၀ ဦးတို့ပါဝင်ခဲ့ပြီး ပြည်သူလေးဦး ဒဏ်ရာရကာ အစိုးရ၀န်ထမ်း ၃ ဦးပျောက်ဆုံးလျက်ရှိသည်ဟု သိရသည်။

အဆိုပါ ၈ ရက်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် စစ်ရေးမဟုတ်သော ပစ်မှတ်များဖြစ်သည့် မိုးမောက်မြို့နယ် ကုန်းနောကျေးရွာအား ကေအိုင်အေမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီလ ၂၇ ရက်နေ့တွင် ကေအိုင်အေ တပ်မဟာ ၁ အင်အား ၂၀၀ ခန့်သည် ဝါရှားပါနယ်မြေမှ တဆင့် မေခမြစ်အားကူးဖြတ်၍ ချီဖွေဒေသ၌ အေရှားဝေါလ်ကုမ္ပဏီပိုင် မော်တော်ယာဉ်များကို ယူဆောင်ခဲ့ပြီး ချီဖွေမြို့နယ် ရှဟုတ်ချောင်းတံတားအား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ဧပြီလ ၂၈ ရက်နေ့ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲ အထွေထွေအုပ်ချူပ်ရေးမှူးရုံးသို့ နံနက် ၁ နာရီခွဲခန့်တွင် ကေအိုင်အေမှ ပစ်ခတ်မှုကြောင့် မြို့နယ်အုပ်ချူပ်ရေးမှူးအပါအဝင် ဝန်ထမ်းလေးဦးသေဆုံးခဲ့ပြီး သုံးဦးအပျောက်ဆုံးခဲ့ကြောင်း၊ အဆိုပါနေ့ နံနက်ပိုင်းတွင်ပင် လုသီကျေးရွာ ရှိနယ်ခြားစောင့် တပ်ရင်းအား မြောက်ဘက်မှ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ဧပြီလ ၂၉ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်ခန့်တွင် ကချင်ပြည်နယ် မိုးညင်းမြို့နယ် နန့်စီးအောင်ဘူတာနှင့် မော်ဟန်ဘူတာကြားရထားလမ်း မိုင်တိုင်အမှတ် (၆၁၆/၁) နှင့် (၆၁၆/၂) အကြားရှိ တံတားအမှတ် ၅၃၄ အနီး၌ကေအိုင်အေမှ ထောင်ထားသော မိုင်းတစ်လုံး ပေါက်ကွဲမှု ကြောင့် မန္တလေးမှ ရန်ကုန်သို့ထွက်လာသော အမှတ် ၃၃ အဆန်အထူးအိပ်စင်ရထားမှာ တွဲ ၈ တွဲလမ်းဘေးချော်ကျခဲ့ပြီး ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၁ ရက် နံနက် ၁ နာရီ ၅ မိနစ်ခန့်တွင် ကေအိုင်အေမှ မြစ်ကြီးနား-မန္တလေးရထားလမ်းမိုင်းဖောက်ခွဲမှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါနေ့ ည ၁၂ နာရီခန့်တွင် မြစ်ကြီးနား ချီဖွေကားလမ်းပေါ်ရှိ ဒွန်ဘန်တံတား မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း၊ မေလ ၂ ၇က်နေ့ နံနက် ၂ နာရီ ၂၅ မိနစ်ခန့်တွင် မန္တလေး မြစ်ကြီးနား ရထားလမ်း ပြည်ထောင်စု ဘူတာနှင့် မလိခ ဘူတာကြား မိုင်းဖောက်ခွဲမှုကြောင့်ရထားသံလမ်းပျတ်ဆီးခဲ့ကာ ပေ ၅၀ ခန့်အကွာတွင် ကေအိုင်အေပြောက်ကြားယူနီဖောင်းဖြင့် အလောင်းတစ်လောင်းတွေ့ရကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သော ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချူပ်၏ မိန့်ခွန်းတွင် “ကချင်ပြည်နယ်၌ ဖြစ်နေသည့် အခြေအနေသည် အခြားအဖွဲ့ကြီးများနှင့် သဘောတူညီချက်ယူနိုင်ခဲ့သော အပစ်အခက်ရပ်ဆဲရေး အခြေအနေနှင့် ကွာဟလျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိုဖော်ဆောင်စေမည့် အပစ်အခတ်ရပ်စဲမှုနှင့် နိုင်ငံရေးနှင့် သက်ဆိုင်သော သဘောတူညီချက်အခွင့်အလမ်းကို ကချင်လူမျိုးစုများ မဆုံးရှုံးသင့်ပါကြောင်း”  ပြောကြားသွားခဲ့သည် ဟုလည်းသိရသည်။

ထိုအပြင် မေလ ၄ ၇က်နေ့ထုတ် ပြည်တွင်းသတင်းစာတွင် ဧပြီလ ၂၇ ရက်မှ စတင်၍ ကေအိုင်အေမှ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ် ဌာနချူပ်ကို တိုက်ခိုက်ခဲ့သောကြောင့် ဧပြီလ ၂၉ ရက်နေ့တွင် တပ်မတော်နှင့် ကေအိုင်အေကြား တိုက်ခိုက်မှု ၁၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်းနှင့် အဆိုပါတိုက်ပွဲကြောင့် အေအိုက်အေမှ ၂၉ ဦး သေဆုံးခဲ့ပြီး တပ်မတော်သား ၂ ဦးသေဆုံးကာ အရှင်တစ်ဦးဖမ်းဆီးမိကြောင်း ဖော်ပြထားသည်။

“တိုင်းရင်သားဒေသတွေမှာ ငြိမ်းချမ်းမှုရဖို့ တည်ငြိမ်မှုရဖို့ ဖွံ့ဖြိုးတိုးတက်မှုတွေရဖို့ ထိရောက်တဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ မရှိမဖြစ်လိုအပ်တယ်။ နိုင်ငံရေးအရဆွေးနွေးပွဲတွေ ပြေလည်တော့မှသာ ဖြစ်နေတဲ့ ပဋပက္ခတွေက ရပ်ဆဲနိုင်မှာဖြစ်တယ်။ အဲဒီလို ပဋိပက္ခတွေ ရပ်ဆဲနိုင်မှ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှုဟာပျောက်ကွယ် သွားမှာဖြစ်တယ်။ ဆိုလိုတာက စစ်တိုက်နေရတဲ့ သူတွေဟာ အမှန်တကယ်တော့ စစ်ကိုဖြစ်ချင်လို့မဟုတ်ဘူး။ စစ်တိုက်နေတဲ့သူတွေ ကိုယ်၌ကိုက သူတို့ဟာငြိမ်းချမ်းရေးကို လိုလားနေကြတဲ့သူတွေဖြစ်တယ်။ မလိုအပ်ဘဲနဲ့ စစ်ကိုလဲမဖြစ်စေချင်ဘူး။ ဒီလိုအပြစ်မဲ့ ပြည်သူတွေ သေစေအောင်လဲ ဘယ်သူမှ လုပ်ချင်ကြမှ မဟုတ်ဘူး။ ဘယ်သူပဲလုပ်လုပ် အများပြည်သူထိခိုက်တာကိုတော့ လက်မခံနိုင်ဘူး” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုပြုံးချိုကပြောကြားခဲ့သည်။

မြန်မာ ဂျာနယ်လစ်များကွန်ယက် ( MJN)ကို မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဖြစ် မြောက်ရေးကော်မတီက လက်တွဲသွားမည်ဟု ကော်မတီ ဥကဌပြောကြား
မြန်မာ ဂျာနယ်လစ်များကွန်ယက်

( MJN)ကို  မြန်မာနိုင်ငံသတင်းစာဆရာများအသင်းဖြစ် မြောက်ရေးကော်မတီက လက်တွဲသွားမည်ဟု ကော်မတီ ဥကဌပြောကြား

မြန်မာနိုင်ငံအတွင်းနေထိုင်လုပ်ကိုင်ကြသော သတင်းသမားများစုပေါင်းဖွဲ့စည်းထားသည့် မြန်မာ ဂျာနယ်လစ်များကွန်ယက်

( MJN ) ၏ ပထမဆုံးသောညီလာခံတွင် မြန်မာနိုင်ငံသတင်းစာဆရာများ

အသင်းဖြစ်မြောက်ရေးကော်မတီ က မြန်မာဂျာနယ်လစ်ကွန်ယက်ကို အသိအမှတ်ပြုသည့်အပြင် သတင်းသမားများကိစ ရပ်များတွင် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီ ဥကဌ

ဆရာမောင်ဝံသမှ ညီလာခံတွင် အမှာစကားပြောကြားရာဋ္ဌ် ထည့်သွင်းပြောကြားသွားသည်။

အဆိုပါညီလာခံကျင်းပရခြင်းသည် မြန်မာဂျာနယ်လစ်ကွန်ယက်ကို တရားဝင်ရပ်တည်နိုင်ရေးနှင့် အဆိုပါအဖွဲ့ အစည်း၏ ဖွဲ့စည်းပုံမူုကြမ်းများကို အတည်ပြုနိုင်ရေး၊ အဆိုပါအဖွဲ့အစည်းကို ဦးဆောင်လုပ်ကိုင်နိုင်ရန်အတွက် တက် ရောက်လာသော သတင်းသမားများက မဲစနစ်ဖြင့် အလုပ်အမှုဆောင်အဖွဲ့ကို ရွေးချယ်နိုင်ရေးတို့အတွက် ကျင်းပရခြင်းဖြစ်ကြောင်း အဆိုပါညီလာခံကိုဦးဆောင်ကျင်းပသော သတင်းသမား များကပြောသည်။

“  ဒီမူကြမ်းကို ကျွန်တော်တို့ရေးဆွဲဖို့ အစည်းအဝေးတွေတော်တော်များများ လုပ်ပြီးမှ ရေးခဲ့တာပါ။ ဒီထဲမှာ လည်း လိုအပ်ချက်လေးတွေရှိပါဦးမယ်။ ပြင်ဆင်သင့်တာကို ပြင်ဆင်ရပါဦးမယ်။ အခုက အဲဒီလို ဖြည့်စွပ်ချင် တာလေးတွေ ပြင်ချင်တာလေးတွေကို သတင်းသမားများစုပေါင်းဆွေးနွေးပြီး ထွက်ပေါ်လာတာကို လိုချင်လို့ပါ။ ကျွန်တော်တို့က တကယ်တမ်းပြောရရင် ဒိုင်လူကြီးတွေလောက်ပဲ။ တကယ်ပုံဖော်ဖို့ သတင်းသမား တွေရဲ့ စုပေါင်းမှုမျိုးပဲဖြစ်စေချင်တယ်။ ´´ ဟု voice  ဂျာနယ်မှ ကိုနိုင်မင်းဝေက ပြောသည်။

အဆိုပါညီလာခံသို့ သတင်းသမား တစ်ရာကျော်တက်ရောက်လာခဲ့ပြီး မဲပေးရွေးချယ်ရာ နောက်ဆုံး အလုပ်အမှုဆောင် ၁၇ ဦးကို ရွေးချယ် ထားပြီးဖြစ်ကြောင်းသိရသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်(ရန်ကုန်)ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ ရက်တွင် ပြည်တွင်း အခြေစိုက် ဂျာနယ် များမှ ဂျာနယ်လစ် ၃၅ ဦးဖြင့် စတင်

ဖွဲ့စည်းခဲ့ပြီး ကွန်ယက်ဝင် ၂၀၀ ကျော်ရှိကြောင်း၊ မန္တလေး၊ မုံရွာနှင့် စစ်တွေ

မြို့များတွင် အခြေစိုက်လုပ်ကိုင်နေကြသော သတင်းသမားများ၏ ကွန်ယက်များနှင့်လည်း ဆက်သွယ်ချိတ်ဆက် ထားပြီးဖြစ်ကြောင်းသိရသည်။

မန်မာဂျာနယ်လစ်ကွန်ရက်(ရန်ကုန်)သည် သတင်းသမားများ၏ အခြေခံရပိုင်ခွင့်များရရှိရေး ၊သတင်းသမားများ ၏ အရည်အသွေး

တိုးတက်မြင့်မားရေး၊ သတင်းသမားများ၏ လူမှုရေးဆိုင်ရာ ကိစ္စရပ်များဖြေရှင်းညှိ နှိုင်းဆောင် ရွက်ပေး ရေး တို့အပေါ်အခြေခံ၍

ဖွဲ့စည်းထားသည့် လွတ်လပ် သည့်ဂျာနယ်လစ်များဆိုင်ရာအဖွဲ့အ စည်း

တစ် ခုဖြစ်ကြောင်း ၊ မြန်မာနိုင်ငံအတွင်းရှိ မည်သည့် သတင်းသမားများအဖွဲ့အစည်းနှင့်မဆို လက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။                              ထက်ခေါင်လင်း

ကြွေးမြီ ကန်ဒေါ်လာ သန်း၅၀၀ နီးပါးပြန်ဆပ်မှသာ အပြည်.အ၀ ဘဏ္ဍာရေးအကူအညီ ပြန်လည်ပေးအပ်ရန် ကူညီနိုင်မည်ဖြစ်ကြောင်း အာရှဖွံ.ဖြိုးရေးဘဏ်ဥက္ကဋ္ဌပြောကြား
မြန်မာနိုင်ငံဖွံ.ဖြိုးတိုးဆက်ရေးအတွက် အပြည်.အ၀ ဘဏ္ဍာရေးအကူအညီ ပြန်လည်ပေးအပ်ရန်စီစဉ်နေသော်လည်း မြန်မာ အစိုးရက ပေးဆပ်ရန်ကျန်ရှိနေသည့် ကြွေးမြီ ကန်ဒေါ်လာ သန်း၅၀၀နီးပါးပြန်လည်ပေးဆပ်မှသာ ရာနှုန်းပြည့်ကူညီနိုင်ဖွယ်ရှိကြောင်း အာရှဖွံ.ဖြိုးရေးဘဏ်ဥက္ကဋ္ဌ မစ္စတာဟာယူဟီကိုကိုရိုဒါကပြောကြားသည်။

အစိုးရအသစ်အနေဖြင့် သိသာထင်ရှားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ခဲ့ပြီး နောက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ.ဖြိုးတိုးတက်မှု အတွက်ကူညီရန် မနီလာမြို.အခြေစိုက် အာရှဖွံ.ဖြိုးရေးဘဏ်(ADB)ကအဆင်သင့်ရှိနေကြောင်း၊သို.ရာတွင် ဘဏ္ဍာရေးအကူအညီအသစ် မစတင်မီ မြန်မာအစိုးရအနေဖြင့် ADBသို.ပေးဆပ်ရန်ကျန်ရှိနေသေးသည့် ကြွေးမြီပြသနာကိုဖြေရှင်းရမည်ဖြစ်ကြောင်း အဆိုပါ ဥက္ကဋ္ဌကပြောကြားသည်။

“ဒီအဆင့်မှာ ကြီးမားတဲ့ အတားအဆီးတစ်ခုရှိပါတယ်။ဒါဟာ ADB အတွက်သာမက ကမ္ဘာ. ဘဏ်နှင့်အခြားအလှူရှင်တွေက ဘဏ္ဍာရေးအကူအညီတွေ ပြန်လည်ပံ့ပိုးပေးဖို. အတွက်ဝန်ထုတ်ဝန်ပိုးတစ်ခု အသွင်ဖြစ်နေပါတယ်”ဟု ADB ဥက္ကဋ္ဌကပြောကြားသည်။

ADB ၏အပြည်.အ၀ပြန်လည်ကူညီပေးမှု မစတင်မီ မြန်မာအစိုးရကကြွေးမြီကိစ္စကို ပြေလည်အောင်ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ADB ၏ချေးငွေချထားပေးမှုနှင့်ပတ်သတ်၍ အကန်.အသန်များရှီသဖြင့် ကြွေးမြီပြသနာများကို အပြည်.အ၀ပြန်လည်လျှော်ပစ်ရန် ယင်းဘဏ်အနေဖြင့်လုံလောက်သည့် flexbilty မရှိကြောင်း။ကြွေးမြီပြသနာဖြေရှင်းရန် မြန်မာနိုင်ငံနှင့်ဖြစ်နိုင်သည့်ညှိုနှိုင်းဆွေးနွေးမှု အစီအစဉ်ပြုလုပ်ရန်သာ ADB ကတံခါးဖွင့်ထားကြောင်း တံခါးဖွင့်ထားကြောင်း မစ္စတာကူယူဒါက ဆက်လက်ပြောကြားသည်။

၂၇ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်တောင်ကိုရီးယားဝန်ကြီး မြန်မာနိုင်ငံသို.လာရောက်၍ အတိုးနည်းချေးငွေ ပြန်လည်ချထားပေးရန် ဆွေးနွေးမည်
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကင်မ်ဆောင်ဟွန်သည်လာမည့်မေလ ၁ရက်မှ၂ရက်အထိမြန်မာနိုင်ငံသို.လာရောက်၍ တောင်ကိုရီးယားအစိုးရက

မြန်မာနိုင်ငံသို

အတိုးနည်းချေးငွေ

ပြန်လည်ချထားပေးမည့်

အစီအစဉ်ကို ဆွေးနွေးမည်ဖြစ်ကြောင်း ဆိုးလ်မြို.အခြေစိုက် မီဒီယာများက ဖော်ပြသည်။

မစ္စတာကင်ဆောင်ဟွန်၏ မြန်မာနိုင်ငံခရီးစဉ်သည် တောင်ကိုရီးယားနိုင်ငံခြားရေး

ဝန်ကြိးတစ်ဦး၏ ၂၇နှစ်အတွင်း ပထမဆုံးအကြိမ်မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း ယင်းသည်၁၉၈၅ ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံသို. ပထမဆုံးလာရောက်မည့်တောင်ကိုရီးယားအဆင့်မြင့် အရာ၇ှိတစ်ဦးဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

မစ္စတာကင်ဆောင်ဟွန်သည်ယင်း၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဍမောင်ခွင်အပါအ၀င် မြန်မာအစိုးရထိပ်တန်း အရာရှိများနဲ့တွေ.ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ၊ဆိုးလ်အနေဖြင့် မြန်မာနိုင်ငံအပေါ်အစိုးရအတိုးနည်းချေးငွေချထားပေးရန် ကမ်းလှမ်းမည်.အစီအစဉ်အသေးစိတ်ကို အတည်ပြုနိုင်ခဲ့ကြောင်း၊ထိုကဲ့သို. အတိုးနည်းချေးငွေချထားပေးပါက ဖွံ.ဖြိုးမှုအားနည်းသည့်နိုင်ငံများကိုကူညီရန် ရည်ရွယ်သည့် တောင်ကိုရီးယားအစိုးရပိုင် စီးပွားရေးဖွံ.ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှတစ်ဆင့် သုံးစွဲမည်ဖြစ်ကြောင်း ၊တောင်ကိုးရီးယားအစိုးရအနေဖြင့် မြန်မာနိုင်ငံ ၏လူ့အခွင့်အရေးကိစ္စများအပေါ် အပြည်ပြည်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင်း ယာယီရပ်ဆိုင်းခဲ့သည့် အစိုးရ ချေးငွေ ပြန်လည်ပေးအပ်ရန် အဆင်သင့်ရှိနေကြောင်း သိရသည်။

တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို. မလာရောက်မီ ဧပြီ ၃၀ရက်အတွင်း ထိုင်းနိုင်ငံသို.သွားရောက်မည်ဖြစ်ကြောင်း သိရသည်။တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံ အပေါ် အတိုးနည်း အစိုးရချေးငွေချထားပေးခြင်းကို ၂၀၀၅ခုနှစ်မှ စတင်ကာ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ခိုင်လင်းကျော်

ကြွေးမြီကန်ဒေါ်လာ ၃၉၃ သန်းကျန်ရှိနေသော်လည်း ၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဇွန်လတွင် ရန်ကုန်မြို. ၌ရုံးခွဲပြန်လည်ဖွင့်လှစ်မည်ဟု ကမ္ဘာ့ဘဏ်ကြေညာ
ကြွေးမြီကန်ဒေါ်လာ ၃၉၃ သန်းကျန်ရှိနေသော်လည်း ၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဇွန်လတွင် ရန်ကုန်မြို. ၌ရုံးခွဲပြန်လည်ဖွင့်လှစ်မည်ဟု ကမ္ဘာ့ဘဏ်ကြေညာ

၁၉၈၀ပြည်.နှစ်လွန်များမှ စတင်ကာကိစ္စအမျိုးမျိုး အတွက်မြန်မာနိုင်ငံမှ ချေးယူထားသည့် ကြွေးမြီများအနက် အမေရိကန်ဒေါ်လာ ၃၉၃ သန်းရရှိရန်ကျန်နေသေးသော်လည်း၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်ဇွန်လအတွင်း ရန်ကုန်မြို.၌ ရုံးခွဲ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ကကြေညခဲ့သည်။

ကမ္ဘာ့အနေ့ဖင့် ရန်ကုန်မြို.တွင် ရုံးခွဲသစ်ဖွင့်လှစ်တော့မည်ဖြစ်ပြီး Country Manager ခန်.အပ်ထားမည်ဖြစ်ကြောင်း၊ထို.ကဲ့သို.ရုံးခွဲဖွင့်လှစ်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် အကူအညီ ပေးရေးအစီအစဉ်များသစ်ကို ထောက်ပံ့ကူညီရန် လိုအပ်သောစီးပွားရေးသတင်းအချက်အလက်များ ကိုကောက်ာူနိုင်မည်ဖြစ်ကြောင်းကမ္ဘာ့ဘဏ်၏အေ၇ှ.အာရှနှုင့်ပစိဖိတ်ဒေသဆိုင်ရာဒုတိယဥက္ကဋ္ဌ ပါမယ်လာကော်ဇ် ကပြောကြားသည်။

သို.ရာတွင် မြန်မာနိုင်ငံမှ ကမ္ဘာ့ဘဏ်နှင့် အခြားဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ.အစည်းများသို. ပေးဆပ်ရန် ကျန်ရှိနေသည့် ကြွေးမြီ ဒေါ်လာသန်းပေါင်းများစွာကို မည်ကဲ့သို.ကိုင်တွယ်ဖြေရှင်းမည်မျာ အဓိကကျသ်ည့ အခန်းကဏ္က၌ ရပ်တည်လျက်ရှိကြောင်း မစ္စကောက်ဇ် ကပြောကြားသည်၊

ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာအစိုးရ၏ ခြေလှမ်းများကို ကြိုဆိုသည်.အတွက် မြန်မာနိုင်ငံမှ ပေးဆောင်ရန် ကျန်ရှိနေသေးသည့် ကြွေးမြီ ပြသနာဖြေရှင်းရန်နှင့်တိကျမှန်ကန်သော  စီးပွားရေးသတင်း အချက်အလက်များစုဆောင်းခြင်းကို အဓိကကူညီဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံ ပုံမှန် အခြေအနေသို. ပြန်လည်ရောက်ရှိလာစေရန် လျှော်ပစ်ရမည့် ကြွေးမြီ ပမာဏကို အသေးစိတ်လေ့လာမှုများအား အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ.(IMF)နဲံပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်သည် ၁၉၈၇ ခုနှစ်မှ စတင်ကာယင်း၏ ရန်ကုန်ရုံးခွဲကို ပိတ်သိမ်းခဲ့ပြီး ယခုနှစ်ကျမှ အကူုအညီ ပေးမှု ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ခိုင်လင်းကျော်

ကလေးမြို့နယ်အတွင်းရှိ မြစ်ချောင်းများ ထိန်းသိမ်းမှုနည်း၍ တိမ်ကောမှုများ များပြားလာ
ကလေးမြို့နယ်အတွင်းရှိ မြစ်ချောင်းများ ထိန်းသိမ်းမှုနည်း၍ တိမ်ကောမှုများ များပြားလာ ++++++++++++++++++++++++++++++++++++++++++++++++++++++++ ကလေးမြို့နယ်အတွင်းရှိ မြစ်ချောင်းများသည် ထိန်းသိမ်းမှုနည်းပါးလာ၍ တိမ်ကောမှုများ ဖြစ်ပေါ်လာကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော အစိမ်းရောင်လွင်ပြင်မှ ဦးသန့်ဇင်ဝင်းက ပြောပြသည်။ ( အဓိကကတော့ အဲဒီမြစ်ချောင်းတွေနားမှာ နေထိုင်သူတွေ သိနားလည်ဖို့က အဓိကကျပါတယ်။ အဲဒီလို သိဖို့အတွက်လည်း သစ်တောဦးစီးဌာနရဲ့ အကူအညီနဲ့ တစ်ပိုင်တစ်နိုင်ဟောပြောပေးနေပါတယ်။ သစ်ပင်စိုက်ဖို့နဲ့ ကြွပ်ကြွပ်အိပ် စွန့်ပစ်မှုတွေကို အဓိကထား ပြောပါတယ်။ အဲဒါတွေ ပြောပြီးတော့ အခု လောင်စာထင်းတွေအကြောင်း ပြောမယ်။ ထင်းသုံးတာ စနစ်တကျဖြစ်ဖို့၊ အလေအလွင့်မရှိစေဖို့အတွက်ပါ။) ဟု ပြောပြသည်။ ( ကျွန်တော်တို့ ကျီကုန်းရွာက အဓိက လုပ်ငန်းတစ်ခုဖြစ်တဲ့ မိုးကပ်လုပ်ငန်းမှာ ကုန်ကြမ်းဖြစ်တဲ့ ၀ါးတွေကို နဂိုကဆို အနီးအနားက တောထဲမှာတင် ခုတ်ယူအသုံးပြုနိုင်တယ်။ ခုတော့ သုံးမိုင်လောက်ဝေးတဲ့ နေရာတွေကို တစ်နေကုန်ထမင်းထုပ်ပြီး သွားခုတ်ကြရတယ်။ တစ်နှစ်ထက် တစ်နှစ် သစ်၊ ၀ါး တွေရှားပါးလာ၊ နည်းပါးလာတာကတော့ မျက်စိရှေ့တင်ပါပဲ ) ဟု မြစ်သာမြစ်နံဘေးမှ ကျီကုန်းရွာသားတစ်ဦးမှ ပြောပြခဲ့သည်။ ကလေးမြို့အတွင်း ဖြတ်သန်းစီးဆင်းနေသော ဥပုသ်ချောင်းငယ် တစ်စစတိမ်ကောလာမှုနှင့် ပတ်သက်၍လည်း ( ပြင်သာနားက လယ်တွေက နွေစပါးကို အဓိကထားစိုက်ပျိုးပါတယ်။ ဘာလို့လဲဆိုတော့ မိုးတွင်းကာလမှာဆို မြစ်သာမြစ်ရေတိုးလာတတ်လို့ပါ။ ဒီတော့ သူတို့ လယ်ရေအတွက် အဓိကအားထားနေရတဲ့ ဥပုသ်ချောင်းလေး တိမ်ကောပပျောက်သွာမယ်ဆိုရင် သူတို့တွေ ဒုက္ခရောက်နိုင်တယ်။ အရင်ဆုံးဒုက္ခရောက်နိုင်တာကတော့ ချောင်းကိုအမှီပြုပြီး သုံးရေ ပြုလုပ်နေတဲ့ ချောင်းနားနေ ပြည်သူတွေပါပဲ။ ပြည်သူတွေ မျက်စိပွင့်နားစွင့်ထားဖို့ လိုပါပြီ) ဟု ဦးသန့်ဇင်ဝင်းမှ ဆက်ပြောပြသည်။ လနဲ့မြ –

စင်ကာပူ၊ ထိုင်းနှင့် မလေးရှာလုပ်ငန်းရှင်များ မြန်မာ့ဈေးကွက်တွင် လက်ဦးမှုယူရန်ကြိုးပမ်းဖွယ်ရှိ
စင်ကာပူ၊ ထိုင်းနှင့် မလေးရှာလုပ်ငန်းရှင်များ မြန်မာ့ဈေးကွက်တွင် လက်ဦးမှုယူရန်ကြိုးပမ်းဖွယ်ရှိ

ဥရောပသမဂနှင့် ကနေဒါနိုင်ငံတို့က မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအများစုကို ယာယီဆိုင်းငံ့ပေးမည်ဖြစ်ကြောင်း ယခုသတင်းပတ်အတွင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အာဆီယံ နိုင်ငံများဖြစ်သော စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနီုင်ငံများမှ လုပ်ငန်းရှင်များသည် မြန်မာ့ဈေးကွက်တွင် လက်ဦး မှုရယူရန် ကြိုးပမ်းဖွယ်ရှိကြောင်း စီးပွားရေးပညာရှင်များကသုံးသပ်သည်.။

´´ဥရောပသမဂမြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုတွေကို တစ်နှစ်ဆိုင်းငံ့ပေးလိုက်ပြီး ကနေဒါနိုင်ငံကလည်း ယာယီဆိုင်းငံ့ပေးခဲ့တာကြောင့် အနောက်နိုင်ငံတွေက ကုမဏီကြီးတွေက မြန်မာ့ဈေးကွက်ကို စိတ်ဝင်စားလာ ကြ၏။ ဒီအချိန်မှာ အာဆီယံနိုင်ငံတွေဖြစ်ကြတဲ့ စင်ကာပူ၊ ထိုင်း စတဲ့နိုင်ငံတွေကလည်း သူတို့နောက်ကျမကျန် ခဲ့အောင်ကြိုးစားမှာပဲ။ ရင်းနှီးမြပ်နှံမှုက ပိုပြီး အပြိုင်အဆိုင်ဖြစ်လာမှာပါ။ အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံနဲ့ သဘာဝချင်းနီးစပ်မှုရှိပြီး ဈေးကွက်အနေအထားကို ပိုမိုနားလည်တာကြောင့် ဥရောပနိုင်ငံတွေက ကုမဏီတွေ ကို ယှဉ်ပြိုင်လာဖွယ်ရှိပါတယ် ဟု ရန်ကုန်စီးပွားရေးတကသိုလ်မှ အငြိမ်းစားပါမောကတစ်ဦးကပြောကြားသည်။

မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုမျာူးအားလုံးကို ရုပ်သိမ်းသင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Mr .Shanmugam ကသုံးသပ်ပြောကြားပြီး ဆန်ရှင်အချို့ဖြေလျှော့ပေးခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ၊ သြစတေးလျနှင့် ကနေဒါနိုင်ငံများကို ချီးကျူးခဲ့သည်။

ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို သံတမန်ရေးအရရော စီူးပွားရေးအရပါ အားပေးမှုတွေဆက်လက်ပြုလုပ်ရမှု ပါ။ စင်ကာပူကုမဏီတွေကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့အဆင်သင့်ရှိနေကြတယ်။ ဒီနှစ်အတွင်းမှာ အများစုဝင်ရောက်လာမှုရှိပါတယ်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကသုံးသပ်သည်။

ထိုင်းနိုင်ငံအခြေစိုက်ကုမဏီများကလည်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ရင်းနှီးမြုပ်နှံပြီးကြိုးပမ်းလျှက်  ရှိကြောင်းသိရသည်။ အရင်တုန်းကတော့ ထားဝယ်ရေနက်ဆိပ်ကမ်းကို Italian-Thai ကအများဆုံးရင်းနှီးမြုပ်နှံ ထားတာပါ။ ဒါပေမဲ့လက်ရှိအချိန်မှာ အခြားထိုင်းကုမဏီတွေကလည်းဒီစီမံကိန်းမှာ ရင်းနှီးမြုပ်နှံမှုဖြစ်ပါ၏။ မြန်မာ-ထိုင်းပူးပေါင်းပြီး လမ်းပမ်းဆက်သွယ်ရေးကဏ္ဍချဲ့ထွင်ဖို့လည်း အစီအစဉ်ရှိပါတယ်ဟု ထိုင်းနိုင်ငံသယ် ယူပို့ဆောင်ရေးဒုတိယ၀န်ကြီး Chadchart Sitlipuntm ပြောကြားသည်။

Cypark အပါအ၀င် မလေးရှာူးကုမဏီများသည်လည်း မြန်မာ့ဈေးကွက်သို့ထိုးဖောက်ဝင်ရောက်ဖွယ်ရှိနေသည်။  2008 ခုနှစ်က မလေးရှားကုမဏီတွေ ဗီယက်နမ်နီုင်ငံကို ထိုးဖောက်ဝင်ရောက်ခဲ့တုန်းက ဖြစ်ပေါ်ခဲ့တဲ့ပုံစံနဲ့ လက်ရှိမြန်မာ့စီးပွားရေးဈေးကွှက်ပုံစံကဆင်တူနေပါတယ်။ မလေးရှားကုမဏီဈေးကွက်ချဲ့ထွင်ဖို့ အကောင်းဆုံး နေရာက မြန်မာနိုင်ငံဖြစ်ပါတယ်ဟု ကွာလာလမ်ပူမြို့အခြေစိုကစီးပွာူးရေးပညာရှင်တစ်ဦးကသုံးသပ်သည်။

Cyparkအပြင် မလေးရှားနိုင်ငံအခြေစိုက် Air Asia Bhd,Axiat Group Bhd, Felda Global Ventures Holdings နှင့် Tan Chong Motor Holidings Bhd တို့သည်လည်း မြန်မာနိုင်ငံတွင်မကြာမီလာရောက်ရင်းနှီး မြုပ်နှံမည်ဖြစ်ကြောင်းသိရ

သည်။

ICT ဇီဝနည်းပညာနှင့် ပြန်ဖြည့်မြဲနည်းပညာကဏ္ဍများတွင် ပုဂလိကကဏ္ဍဆောင်ရွက်မှုမြှင့်တင်ရန်မလေးရှား ၊ သိပံနှင့်နည်းပညာဝန်ကြီး

Datuk Seri Dr Maximus Ongkili ဦးဆောင်သည့် ကုန်သွယ်ရေးမစ်ရှင်အဖွဲ့

သည် ဧပြီ 25 ရက်မှ 28 ရက်အထိမြန်မာနိုင်ငံသို့လာရောက်ဆွေးနွေးလျှက်ရှိကြောင်းသိရသည်။

ဖြိုးမောင်မောင်

Ref;CNA,BKP,TST,Bernama

ဘန်ကီမွန်း၏မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ ကနေဒါနိုင်ငံက ချမှတ်ထားသည်. ပိတ်ဆို.မှုများကိုဆိုင်းငံ့ပြီးနောက် ရေနံနှင့် သသာဝဓာတ်ငွေ.၊ရွှေနှင့် သတ္တု တူးဖော်ရေးကဏတွင် ကနေဒါရင်းနှီးမြှပ်နှံမှုများ ၀င်ရောက်လာမည်
ဘန်ကီမွန်း၏မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ ကနေဒါနိုင်ငံက ချမှတ်ထားသည်. ပိတ်ဆို.မှုများကိုဆိုင်းငံ့ပြီးနောက် ရေနံနှင့် သသာဝဓာတ်ငွေ.၊ရွှေနှင့် သတ္တု တူးဖော်ရေးကဏတွင် ကနေဒါရင်းနှီးမြှပ်နှံမှုများ ၀င်ရောက်လာမည်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် ယခုသီတင်းပတ်ကုန်တွင် ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်း မြန်မာနိုင်ငံ သို. လာရောက်ရ ဒီမိုကရေစီ အသွင်ကူးပြောင်း ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ရာ အဆိုပါ ခရီးစဉ်မတိုင်င်္မီ မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို.မှု များကို ကနေဒါနိုင်ငံ ကဆိုင်းငံ့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အပေါ် အပြင်းထန်ဆုံး ဒဏ်ခတ်ပိတ်ဆို.မှု များပြုလုပ်ခဲ့သည်. အနောက်နိုင်ငံတစ်ခုဖြစ်သည်.ကနေဒါနိုင်ငံ သည် ယင်းတို. သတ်မှတ် ထားသည့် ပိတ်ဆို.မှုများ ကိုဆိုင်းငံ့ထားခဲ့ကြောင်း ကနေဒါနိုင်ငံ ခြားရေး ၀န်ကြီး John Baird က ဧပြီ ၂၄ ရက်တွင် ကနေဒါလွှတ်တော် တွင်ပြောကြားခဲ့သည်။

“ မြန်မာအစိုးရကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်စေဖို. တွန်းအားပေးတဲ့ အနေနဲ့ ဆန်ရှင်တွေကို ကျွန်တော်တို. ချမှတ်ခဲံပါတယ်။ဒါတွေက သိသာထင်ရှားတဲ့ တိုးတက်မှုတွေကိုဖြစ်စေခဲ့ပါတယ်” ဟုဆန်ရှင် အောင်မြင်မှုရှိကြောင်း ကနေဒါနိုင်ငံခြားရေး ၀န်ကြီး ကပြောကြားသည်။

“ကနေဒါနိုင်ငံ အနေနဲ့ မူလက ကတိပြုထားတဲ့ အတိုင်း မြန်မာ နိုင်ငံ အပေါ် အရေးယူပိတ်ဆို.မှုတွေ ကိုယာယီ ဆိုင်ငံ့လိုက်ပြီဆိုတာကို ၀မ်းမြောက်ဝမ်းသာ ကြေညာလိုပါတယ်။ပို.ကုန် သွင်းကုန်နှင့် ရင်းနှီင်္း မြှပ်နှံမှု ဆိုင်ရာတားမြစ်ချက် အများအပြားကို ယာယီ ရုတ်သိမ်းလိုက်ခြင်းဖြစ်ပေမယ့် အရေးယူမှုတွေ ဆက်ပြီး ကျန်သေးပါတယ်။အထူးသဖြင့် စစ်ရေးနှင့် သက်ဆိုင်တဲံ့ကိစ္စတွေ အတွက် ပိတ်ဆို.မှုတွေ အချို.ကို ကျွန်တော်တို. ဆက်လက်ထားရှိမှဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ သက်တမ်းနုနယ်သေးတာမို.လို. အချိန်မရွေးပြောင်းလဲ သွားနိုင်ပါတယ်။အစိုးရအနေနဲ့ နောက်ပြန်လှည်.သွားရင် ယခဆိုင်ငံ့ထားတဲံ ပိတ်ဆို.မှုတွေကို ပြန်လည်ကျင့်သုံးဖို. အဆင့်သင့်ရှိပါတယ်” ဟုကနေဒါနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

ကနေဒါနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ် ကြီးဦးကျော်တင်က အဆိုပါ ကြေညာချက်ကို ကြိုဆိုပြီး မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ ခရီးစဥင်္သည် စစ်မှန် မှုရှိကြောင်း ကြေညာခဲ့သည်။

“ကျွန်တော်တို. အစိုးရဟာ လူတိုင်း အံ့အားသင့်တဲ့ လောက်တဲ့အထိ သိသာထင်ရှားတဲ့ ဒီမိုကရေတစ်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပါတယ်။ဒီပြောင်းလဲမှုဖြစ်စဉ်ကို အားပေးဖို. လိုပါတယ်”ဟုဦးကျော်တင်က ပြောကြားသည်။

ကနေဒါနိုင်ငံ အခြေစိုက်ကုမ္မဏီကြီးများသည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ကတွင် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားချက်ရှိပြီး အထူးသဖြင့် စွမ်းအင်ကဏ္တသို. ၀င်ေ၇ာက်ဖွယ်ရှိကြောင်း၊ကနေဒါကုမ္မဏီများသည် ရန်ကုန်မြို.ရှိ အပြည်ပြည်ဆိုင်ရာ ကုမ္မဏီကြီးများနှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားပြီး အကျိုးဖြစ်ထွန်းစေမည့် စာချုပ်နှင့်အခွင့်အလမ်းများကို ရှာဖွေလျက်ရှိကြောင်းသံအမတ်ကြီး ဦးကျော်တင်က ပြောကြားသည်။

“ကနေဒါနိုင်ငံလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံမှာ ရေနံနှင့် သဘာဝဓာတ်ငွေ.ဆိုင်ရာ အခွင့်အလမ်းတွေ အများကြီးရှိနေပါတယ်ဆိုတာ တွေ.ရှိထားပါတယ်။ရွှေနှင့် သတ္တုတူးဖော်ရေးကုမ္မဏီတွေကလည်း အခွင့်အလမ်းတွေရှာဖွေနေပါတယ်”ဟု ကနေဒါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးက ပြောကြားသည်။

ပြီးခဲ့သည့်တနလာင်္နေ. (ဧပြီ ၂၃ရက်)ကလည်း ဥရောပသမဂ္ဂကလည်း လက်နက်ဝယ်ယူခွင့်မှ အပ မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို.မှုအားလုံးကို တစ်နှစ်ဆိုင်ငံ့ထားကြောင်း အတည်ပြုကြေညာခဲ့သည်။

ဖြိုးမောင်မောင် Ref;AP,AFP,Reuters