ဝင်ငွေ ကျဆင်း လျက်ရှိနေသော ဗြိတိန် နိုင်ငံ ပညာရေးကို ပြန်လည် မြင့်တက် လာစေရန် ဗြိတိန်ဝန်ကြီး ချုပ်သစ် ဒေးဗစ် ကင်မရွန်းက နိုင်ငံ ရပ်ခြား ကျောင်းသား ကျောင်းသူ များ ပိုမို လက်ခံ တော့မည် ဖြစ်ရာ မြန်မာ ကျောင်းသား များ အနေဖြင့်လည်း ကျောင်းတက်ခွင့် ဗီဇာ အခက်အခဲ များ လျော့နည်း သွားနိုင် ဖွယ်ရာရှိ ကြောင်း ပြည်ပ ပညာ သင်ကြားရေး အထောက်အကူပြု စင်တာများ ထံမှ သိရသည်။
ဗြိတိန် နိုင်ငံတွင် ပညာသင် ကြားရန် အကြောင်းပြ ၍ အလုပ်လုပ် လာကြသူ များပြား လာသဖြင့် နိုင်ငံ ၏ ပြည်ဝင်ခွင့် ဗီဇာကို စည်းမျဉ်း စည်းကမ်းများ တင်းကြပ်စွာ ထားရှိ ခဲ့ခြင်း ကြောင့် နောက်ပိုင်းတွင် ဗီဇာ ရရှိရန် အခက်အခဲများ ကြုံတွေ့ လာ ခဲ့ရခြင်း ဖြစ်သည်ဟု န၀ရတ် ပညာ ရေး စင်တာမှ တာဝန် ရှိသူ တစ်ဦးက ပြောကြား သည်။
အဆိုပါ နိုင်ငံတွင် ပြည်ပမှ ပညာ သင်ယူခွင့် ဗီဇာဖြင့် လာရောက် သူ ကျောင်းသား ရာခိုင်နှုန်း ၆၀ သည် ပညာ သင်ကြားခြင်း ထက် ၀င်ငွေ ရရှိ ရန် အလုပ် ကိုသာ ဦးတည် လုပ်ကိုင် သဖြင့် ယင်းကဲ့သို့ ပြည်ဝင်ခွင့် ဗီဇာ များ တင်းကြပ် လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ပညာတတ် မွေးထုတ် နိုင်မှု ကျဆင်း လာသည့် အတွက် ဗြိတိန် နိုင်ငံ၏ ကြီးမား သော ပညာရေး အစဉ်အလာ၊ ကြီးမားသော ဂုဏ် သိက္ခာ ထိပါး လာခြင်း၊ သတ်မှတ် နှစ်စဉ် ကြေး၏ ရာခိုင်နှုန်း ၅၀ လောက် သာ ပေးဆောင်ပြီး ကျောင်း တက် ရောက်ခြင်းမရှိဘဲ အလုပ် သာ လုပ်နေခြင်း များကြောင့် ပညာသင် နှစ်စဉ်ကြေး ထပ်မံ မရတော့ခြင်း တို့ ရှိလာ သဖြင့်လည်း အမှန် တကယ် ပညာ သင်ကြား လိုသူများကိုသာ ရောက်ရှိရန် နည်းမျိုးစုံ သုံးခဲ့ ကြခြင်း ဖြစ်သည်။
ဗြိတိန် နိုင်ငံသည် နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူ များထံမှ ၀င်ငွေ အမြောက်အမြား ရရှိ ခဲ့သော နိုင်ငံ တစ်နိုင်ငံ ဖြစ်ရာ ကျဆင်းလာ သော ပညာရေး ဆိုင်ရာ ၀င်ငွေများ ပြန်လည် မြင့်တက် လာနိုင်စေရန် သက်ဆိုင်ရာ က စီစဉ် ညှိနှိုင်း မှုများ ပြုလုပ် နေပြီ ဖြစ်ကြောင်း သိရသည်။
အေးမြခိုင်
Share


