ငွေကျပ် ငါးသိန်းတန် ၀ိုင်ယာလက် အော်တို တယ်လီဖုန်းများ ချထား ပေးခဲ့ပြီး နောက် မန္တလေး မြို့တွင် တယ်လီဖုန်း ဈေးကွက် အရောင်းအ၀ယ် အေးကာ ဈေးနှုန်း အချို့ ကျဆင်း သွားကြောင်း သိ ရသည်။ ငွေကျပ် ၁၀,၅၀,၀၀၀ ပေးသွင်း ရသော အော်တို တယ်လီဖုန်း လျှောက်ထား သူများခဲ့ သော်လည်း တယ်လီဖုန်း ချထား ပေးမှု အားနည်း နေခြင်း ကြောင့် တယ်လီဖုန်း ဈေးကွက် အေးနေ ခြင်း ဖြစ်ကြောင်း တယ်လီဖုန်း အရောင်း အ၀ယ် ဈေးကွက်က သုံးသပ်ကြသည်။
မန္တလေး လမ်း၊ လမ်း ၈၀ နှင့် ၂၅ လမ်း ထောင့် ရှိ တိုင်း ကြေးနန်းရုံး (PAC)၊ ပြည်ကြီး တံခွန် စာတိုက်နှင့် အမရပူရ အိတ်ချိန်းရုံး(PAC)တို့တွင် ငွေကျပ် ငါးသိန်းတန် ၀ိုင်ယာလက် အော်တိုတယ် လီဖုန်းများ လျှောက်ထား ပါက အမြန်ဆုံး ဆောင် ရွက် ပေးလျက် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး မှ သိရသည်။
မောင်လူချစ်(အညာမြေ)
Share


