မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် အနုပညာ လုပ်ငန်းများ ပူးပေါင်း ဆောင် ရွက်ရန် စီစဉ် လျက်ရှိကြောင်း ပြုံယမ်းမြို့ အခြေ စိုက် သတင်း အေဂျင်စ များက ရေးသားဖော်ပြ သည်။
အဆိုပါ အနုပညာ ပူးပေါင်း ဆောင်ရွက်မှု၏ ပဏာမ ခြေလှမ်းအနေဖြင့် လာမည့် စက်တင်ဘာ ၁၇ ရက်မှ ၂၄ ရက် အထိ မြောက်ကိုရီးယား မြို့တော်၊ ပြုံယမ်းတွင် ရှစ်ရက်ကြာ ကျင်းပမည့် မြောက်ကိုရီးယား အပြည်ပြည် ဆိုင်ရာ ရုပ်ရှင်ပွဲ တော်၌ မြန်မာ ရုပ်ရှင် ဇာတ်ကား ငါးကား ပါဝင် ပြသမည် ဖြစ်ကြောင်း၊ ထိုသို့ ပါဝင် ပြသခြင်းသည် မြောက်ကိုရီးယား နိုင်ငံတွင် မြန်မာ ရုပ်ရှင်ဇာတ် ကားများ ကို ပထမဆုံး အကြိမ် ပြသခြင်း ဖြစ် ကြောင်း၊ ပါဝင်ပြသမည့် ရုပ်ရှင် ဇာတ်ကား များမှာ ဆဋ္ဌဂံ၊ လျှို့ဝှက်သောနှင်း၊ မျှော်လင့်ခြင်း များစွာ၊ ကြိုးတန်းနှင့် အတိတ်က အရိပ်တို့ ဖြစ်ကြောင်း သိ ရသည်။
ယခုနှစ် ဖေဖော်ဝါရီတွင် နေပြည်တော်၌ ကျင်းပခဲ့သည့် မြန်မာ့ ရုပ်ရှင် ထူးချွန် ဆုပေးပွဲအ ခမ်းအနားတွင် ၂၀၀၈ ခုနှစ် အတွင်း ရုံတင်ပြသခဲ့ သည့် ရုပ်ရှင် ဇာတ်ကား ၁၂ ကားအနက် ထူးချွန် ဆု ခုနစ်ဆု ပေးအပ် ချီးမြှင့် ခဲ့ရာ အများနှင့် မသက် ဆိုင်သောသူ ဇာတ်ကားက အကောင်းဆုံး ရုပ် ရှင်ဆု ရရှိခဲ့သည်။
၁၉၅၂ ခုနှစ်မှ စတင်၍ မြန်မာ ရုပ်ရှင်ထူး ချွန်ဆု များကို နှစ်စဉ် ချီးမြှင့်လျက်ရှိရာ ယခုအချိန် အထိ ထူးချွန်ဆု ၃၁၉ ဆု ပေးအပ် ချီးမြှင့်ပြီးဖြစ် ကြောင်း သိရသည်။
ဖြိုးမောင်မောင်
Share



ဘယ့်နှယ်။ ဒီလောက် ရုပ်ရှင်နဲ့ပက်သက်ပြီး တိုးတက်နေတဲ့ တောင်ကိုရီးယားနဲ့ မပူးပေါင်းပဲံမြောက်ကိုရီးယားနဲ့ပူးပေါင်းမယ်ဆိုတော့။ အင်း…….
[Reply]
To Zaw Lay,, သိသားနဲ့ မေးနေပြန်ပါပြီ
[Reply]
South Korea and myanmar very good.So Norht korea and myanmar ga not good.
[Reply]