လက်ရှိ အခြေအနေ တွင်ကျောင်း သားကျောင်းသူ များသည် နိုင်ငံရပ် ခြား များသို့ သွားရောက် ပညာသင် ကြား နေခြင်းမှာ ပိုမို၍ များပြားလာ ကြောင်းနှင့် ပြည်ပ ပညာရပ် သင် ကြားမှုကို စိတ်ဝင်စား လာကြောင်း ဟောပြောပွဲ များသို့ တက်ရောက် လာသူများအား စာရင်း ကောက်ယူ မှုမှ သိရသည်။
အထူး သဖြင့် ပြည်ပ နိုင်ငံသို့ သွားရောက် သင်ကြား ရာတွင်လည်း အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန် နှင့် အခြား နိုင်ငံများသို့ အများဆုံး သွားရောက် ကြကြောင်း သိရသည်။ လက်ရှိ၌ ကျောင်းသား အများစု သည် အမေရိကန် သို့ ပညာသင် ကြား လိုမှု များပြား လာကြောင်း သိ ရသည်။ ယခုအခါ တွင် အမေရိကန် ပြည်ထောင်စု၊ ကာလီ ဖိုးနီးယား ပြည်နယ်ရှိ University of California သည် အာရှ နိုင်ငံ များမှ ကျောင်း သားများ စိတ်ဝင် စားလာကြောင်း ဒေါက်တာနေက ပြောကြားသည်။
အဆိုပါ တက္ကသိုလ် သို့ တက် ရောက် လိုသော ကျောင်းသား ကျောင်း သူများ၊ ပညာ သင်ကြား လိုသူများ အ တွက် ဗီဇာ ရရှိရန်မှာ အခက်အခဲ မရှိကြောင်း၊ ဗီဇာ ရရှိရေး အတွက် န၀ရတ် ပညာရေး စင်တာက အထူး အစီအစဉ် ဖြင့် ဆောင်ရွက် ပေးနေ ကြောင်း သိရသည်။ ယင်း တက္က သိုလ်သည် သင်ကြားမှု ပုံစံ ကောင်း မွန်ကြောင်း၊ ကျောင်းပြီး ပါကလည်း နိုင်ငံတကာ တွင် အလုပ်အကိုင် အ ခွင့် အလမ်းများ ပိုမို ရရှိ စေကြောင်း သိရသည်။
YYH
Share


