မြန်မာနိုင်ငံ အထည်ချုပ် ကုမ္ပဏီများ မှချုပ် လုပ်သော အထည်များကို ယခင်က ရေလမ်း ကြောင်းမှ တစ်ဆင့် ထိုင်းမှ ရန်ကုန် ဆိပ်ကမ်း သို့ တင်ပို့ နေရာမှ ယခုအခါ ပထမဆုံး ဘန်ကောက် – ရန်ကုန် Border Trade လမ်းကြောင်းမှ တင်ပို့ နိုင်ရန် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်တွင် ကျင်းပသည့် Logistic Work Shop တွင် EFR ကုမ္ပဏီမှ DGM ဦးသန်းအောင်က ပြောကြားသည်။
အထည်ကုန် ချောများ တင်ပို့ရာ တွင် မြ ၀တီမှ မဲဆောက်၊ ထိုမှ တစ်ဆင့် ဘန်ကောက် မြို့သို့ ကုန်းလမ်း ဖြင့် သယ်ဆောင် နိုင်ပြီး ယခင် က နယ်စပ် တံတားမှ တန် ၁၂ တန်သာ ဖြတ်သန်း ခွင့်ပြု သော် လည်း ယခုအခါ ဂျိုင်းမြစ်ဗော တံတားမှ တန်၆၀ အထိ ဖြတ်သန်းခွင့် ရရှိ ကြောင်း သိရသည်။ ကုန်ပစ္စည်း များ အား စစ်ဆေး ရာတွင် မဲဆောက် နှင့် မြ၀တီတွင်သာ ကုန်ပစ္စည်း စစ်ဆေးမှု ပြုလုပ်ကြောင်း သိရ သည်။ ကုန်းလမ်း ခရီးဖြင့် သွားရောက် ပါက ရန်ကုန်မှ ဘန်ကောက် သို့ မိုင်ပေါင်း ၅၅၃ မိုင်ကွာ ဝေးပြီး နာရီပေါင်း ၂၃ နာရီကြာမြှင့်မည်ဖြစ်ကာ အလွန်ဆုံး နှစ်ရက် ကြာအတွင်း၌ ရောက်ရှိနိုင်သည်။
ကုန်းလမ်း ခရီးဖြင့် တင်ပို့ ရာတွင် ကုန်ကျ စရိတ် မြင့်မား သော်လည်း ရေလမ်း ကြောင်းက အချိန် မြန်ဆန် ကြောင်း သိရသည်။ ယခင်က မြန်မာ အထည်ချုပ် လုပ်ငန်းရှင်များ သည် အိမ်နီး ချင်း နိုင်ငံဖြစ်သည့် တရုတ် နိုင်ငံမှ ကုန်ကြမ်းများ အား ၀ယ်ယူ၍ ကုန်ချော အဖြစ်သို့ ထုတ်လုပ်ပြီး ရေလမ်း ကြောင်းဖြင့် စင်ကာပူမှ တစ်ဆင့် ဂျပန် နိုင်ငံသို့ တင်ပို့ကြောင်း သိရသည်။
ယခုအခါ ဂျပန် အထည်ချုပ် လုပ်ငန်းရှင် များသည် ယခုနှစ်ဆန်း ပိုင်းမှစတင်၍ ထိုင်း နိုင်ငံမှ ပိတ်များ မြန်မာနိုင်ငံသို့ တင်သွင်းပြီး ဘန်ကောက် – ရန်ကုန် ကုန်းလမ်း ကြောင်းမှ တစ် ဆင့် ရန်ကုန်မြို့သို့ ဂျပန် လုပ်ငန်းရှင် များက တင်ပို့ ပေးလာကြောင်း သိရသည်။
ဂျပန်နိုင်ငံ သို့ အထည် တင်ပို့ရာတွင် ယခင်က ရေကြောင်း၊ လေကြောင်း လိုင်းမှ တင်ပို့ ခဲ့ပြီး ယခုအခါ ကုန်းလမ်းမှ တစ်ဆင့် တင်ပို့ နိုင်ပြီဖြစ်သည်။ ကုန်းလမ်း မှ သယ် ဆောင်ရာ တွင် ကွန်တိန်နာ ယာဉ်မှ Truck ကားဖြင့် ပြောင်းလဲ သယ်ယူ ဆောင်ရကြောင်း၊ ကုန်ကျစရိတ်မှာ ဒေါ်လာ ၄,၀၀၀ ၀န်းကျင် ကုန်ကျ ကြောင်း လုပ်ငန်းရှင်များ ကပြောသည်။
ယဉ်ယဉ်လှ
Share


