ရန်ကုန်တိုင်း၊ ဒလ မြို့နယ် ဖွံ့ ဖြိုး တိုးတက်ရေး အတွက် ရပ်ကွက် ပေါင်း ၂၃ ရပ်ကွက်မှ တစ်ရပ် ကွက် လျှင် တစ်လမ်း နှုန်းဖြင့် ကွန်ကရစ် လမ်းများ အဖြစ် အဆင့်မြှင့် ဆောင် ရွက် သွားရန် ရန်ကုန် မြို့တော် စည် ပင် သာယာရေး ကော်မတီ အင်ဂျင်နီ ယာ (လမ်းနှင့်တံတား) က စီစဉ် ဆောင်ရွက် ပေးလျက် ရှိကြောင်း ဒေသ ဖွံ့ဖြိုးရေး တာဝန်ခံ အင်ဂျင်နီယာ ဦးမိုးဆန်းထံမှ သိရသည်။
ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ နှင့် ပတ်သက်၍ တာဝန်ခံ အင်ဂျင်နီယာ ဦးမိုးဆန်းက ဒလမြို့ပေါ် ရပ်ကွက် ၂၃ ရပ်ကွက် ၌ လူဦးရေ ၉၀,၀၀၀ ကျော်နှင့် ကျေးရွာ ၂၃ ရွာ၌ လူဦး ရေ ၄၀,၀၀၀ ကျော် နေထိုင် ကြပြီး မြို့နှင့် ကျေးရွာနေ လူဦးရေ စုစုပေါင်း ၁,၄၀,၀၀၀ ကျော်ခန့် နေထိုင်ကြ ကြောင်း ပြောကြားသည်။
ဒလမြို့နယ် သည် မြစ်ကူး ချောင်းခြား မြို့နယ် တစ်ခု ဖြစ်သော် လည်း ရန်ကုန် မြို့တော်ကြီးနှင့် အလွန်ပင် နီးကပ် တည် ရှိသော မြို့ တစ်ခုဖြစ်ခြင်း ကြောင့် မြို့ပြ ဖွံ့ဖြိုးမှု နည်းတူ အဆိုပါ မြို့နယ် ဖွံ့ဖြိုး တိုး တက်ရေး အတွက် ယခုကဲ့သို့ ဆောင် ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ ဒလမြို့နယ်အတွင်း ရပ်ကွက် ၂၃ ရပ်ကွက် ၌ ရှိသော လမ်းများ အား အဆင့်မြင့် ကွန်ကရစ် လမ်းများ အဖြစ် အစားထိုး ဆောင် ရွက် လျက် ရှိရာတွင် တပင် ရွှေထီး ရပ်ကွက် ရှိ ရှင်ဖြူရှင်လမ်း၊ ရာဇ သင်္ကြန် ရပ်ကွက်ရှိ အုတ်လှငယ်လမ်း၊ မြို့မ ၁ ရပ်ကွက်ရှိ မြို့ပတ် လမ်းနှင့် အံ့ကြီး အရှေ့ ရပ်ကွက်ရှိ ဗိုလ်တေဇ လမ်းတို့ အား အဆင့်မြင့် ကွန်ကရစ် လမ်းများ အဖြစ် အစားထိုး ပေးခဲ့ပြီး ဖြစ်သည်။
ဆက်လက်၍ ကျန်စစ်သားရပ် ကွက် မြ၀တီ မင်းကြီးလမ်း၊ အံ့ကြီး အနောက် ရပ်ကွက်ရှိ ဦးဥတ္တမလမ်း၊ ၁၁/၁၄ ရပ်ကွက်ရှိ မြို့ပတ်လမ်း၊ ကမာကဆစ် ရပ်ကွက်ရှိ ဗိုလ်ဥတ္တမ လမ်း၊ ကျောင်းစု ရပ်ကွက်ရှိ ဒါနသုခ လမ်းနှင့် မှော်စက် ရပ်ကွက်ရှိ ဗိုလ် ဥတ္တမ လမ်းတို့အား အဆင့်မြင့် ကွန် ကရစ် လမ်းများ အဖြစ် အစားထိုး ဆောင်ရွက် လျက် ရှိကြောင်း ဒေသ ဖွံ့ဖြိုးရေး တာဝန်ခံ အင်ဂျင်နီယာ ဦးမိုးဆန်းက ပြောကြားသည်။
အဆိုပါမြို့နယ် လမ်းပန်း ဆက် သွယ် သွားလာမှု လုံခြုံ ချောမွေ့စေရေး အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကနည်းပညာ နှင့် လုပ်ငန်းသုံး ယာဉ်၊ ပစ္စည်းများကို ပံ့ပိုး ဆောင်ရွက် ပေးလျက် ရှိပြီး ရပ် ကွက်နေ လူမှုရေး အသင်းအဖွဲ့ များ က ပူးပေါင်း ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
ထို့အပြင် ဒလမြို့နယ် ၏ အဓိ က လမ်းမကြီးဖြစ်သည့် ဒလ – တွံတေး လမ်းအား ယာဉ်သွားလာမှု လွယ်ကူ ချောမွေ့ရေးနှင့် ယာဉ် အန္တရာယ် ကင်းရှင်း ရေးတို့ အတွက် ဒလမြို့နယ် သင်္ဘော ဆိပ်မှ မြို့ကျက်သရေဆောင် နာရီစင် အထိ ပေအရှည် ၆,၅၀၀ တွင် မော်တော်ယာဉ်၊ အနှေးယာဉ် များ၊ စက်ဘီး များနှင့် မော်တော် ဆိုင်ကယ် များ သွားလာ နိုင်ရန် ခြောက်ပေစီ အကျယ် ကွန်ကရစ် လမ်းသား တိုးချဲ့ ဖောက်လုပ်လျက် ရှိပြီး ယာဉ်သွား လမ်း ပင်မ လမ်းအ ကျယ် ၁၈ ပေအား ကတ္တရာ ကွန် ကရစ် ထပ်ပိုး ခင်းကျင်း သွားမည် ဖြစ် သည်။
အဆိုပါ ဒလ – တွံတေး လမ်း တွင် ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကျိုက်လတ်၊ ဖျာပုံ နှင့် ဘို ကလေးနယ် တို့မှ ပြည်သူများ နိစ္စဓူဝ သွားလာ လျက်ရှိပြီး အဆိုပါ လမ်း တိုးချဲ့မှု လုပ်ငန်း ပြီးစီး ပါက ယာဉ်များ လွယ်ကူ ချောမွေ့စွာ သွားလာ နိုင်သ ကဲ့သို့ ပြည်သူများ ရာသီ မရွေး စိတ် ချမ်းမြေ့စွာ သွားလာ မည်ဖြစ်ကြောင်း ဒေသဖွံ့ဖြိုးရေး တာဝန်ခံ အင်ဂျင်နီ ယာ ဦးမိုးဆန်း၏ ပြောကြားချက် အ ရ သိရသည်။
စောသိန်းဝင်း
Share


