ဆရာဝန် မှတ်ပုံတင် (ဆမ)၊ သွားနှင့် ခံတွင်း ဆိုင်ရာ လုပ်ငန်း မှတ် ပုံတင် (သခ) ထုတ်ပေးရေး မွမ်းမံ သင်တန်း ကို လာမည့် ဇူလိုင်လ ကုန် ပိုင်း တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ဆေးသိပ္ပံ ပညာ ဦးစီး ဌာနက သတင်း ထုတ်ပြန် ထားသည်။
အဆိုပါ မွမ်းမံ သင်တန်းများ အတွက် ဆေးသိပ္ပံ ပညာ ဦးစီးဌာနက သက်ဆိုင်ရာ ဆေးတက္ကသိုလ် နှင့် သွားဘက် ဆိုင်ရာ တက္ကသိုလ်များ တွင် မွမ်းမံ သင်တန်း ၂/၂၀၁၀ ဖြင့် ဖွင့်လှစ် မည်ဖြစ်သည်။ အဆိုပါ သင် တန်းတွင် ၂၀၁၀ပြည့်နှစ် အထိ ဘွဲ့ လက်မှတ် ရရှိပြီး ဆရာဝန် မှတ်ပုံတင် လက်မှတ် မရရှိ သော သူများ တက် ရောက်နိုင်ပြီး တက်ရောက် လိုသူများ သည် မိမိတို့ အောင်မြင် ခဲ့သည့် တက္ကသိုလ် နှင့် ဆေး သိပ္ပံ ပညာ ဦးစီး ဌာန (ရုံးချုပ်) နေပြည်တော် တွင် အသေးစိတ် မေးမြန်း စုံစမ်းနိုင် ကြောင်း ထုတ်ပြန်ချက် တွင်ပါရှိ သည်။ သင်တန်း လျှောက်ထားရာ တွင် လက်ရှိ ၀န်ထမ်းများ လျှောက် ထားရန် မလိုဘဲ ဇူလိုင် ၂၁ ရက် နောက်ဆုံး ထား လျှောက်ထား နိုင် ကြောင်း သိရသည်။
“ဒီလို သင်တန်းက ပြီးခဲ့တဲ့နှစ် ကလည်း ဖွင့်ခဲ့ ပြီးပါပြီ။ ဒီလိုသင် တန်းတွေ ဖွင့်ပေးတာက ဆရာဝန် တွေ လည်း တိုးလာ တာပေါ့။ ဒါမှ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု ကို ပိုလုပ် နိုင်တာပေါ့။ ကြိုဆိုပါ တယ်”ဟု အထွေထွေ ရောဂါကု ဆရာဝန်ကြီး တစ်ဦးက ပြောကြား သည်။
News Image
Share


