မြန်မာ ဗီဒီယို ဇာတ်ကား များ အား ဆင်ဆာမဲ့ ခိုးကူး ခွေများ ကြောင့် မြန်မာ့ ဗီဒီယို လောက ယိမ်းယိုင် လျက်ရှိရာ ဗီဒီယို လောက ပြန်လည် ရှင်သန် ဦးမော့ လာစေရန် သက်ဆိုင် ရာ အဖွဲ့အစည်း အသီးသီးက ဇွန် ၁ ရက်မှ စတင်၍ ဆင်ဆာမဲ့ ခိုးကူး ခွေများ အား စီမံချက် အသွင်ဖြင့် ဖမ်း ဆီး လျက် ရှိသည်။ ထိုသို့ ဖမ်းဆီးမှု ကြောင့် ရန်ကုန်မြို့တွင် မူရင်း အခွေ သုံးစွဲ မှုမှာ ယခင်ထက် ရာခိုင်နှုန်း ၄၀ ပိုမို တိုးတက် လာကြောင်း၊ ထို့ပြင် ပြည်နယ် နှင့် တိုင်း အသီးသီး တွင် မူရင်း အခွေ များ သုံးစွဲမှုသည် ယခင် ထက် ပိုမို လာကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ထုတ်ပြန် သော သတင်းများ အရ သိရသည်။
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေဖြင့် ရုပ်ရှင်နှင့် ဗီဒီယိုလောက သားများ လူနေမှု ဘ၀ တိုးတက်ရေး နှင့် လောက သားများ၏ လူနေမှု ဘ၀ ဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှု ၍ မူရင်း အခွေများ၏ ဗီစီဒီ ဈေးနှုန်း များ ဈေးနှုန်း လျှော့ချရန် ဆောင် ရွက် ခဲ့ကြောင်း သိရသည်။ ရန်ကုန် မြို့တွင် ထုတ်လုပ် ဖြန့်ချိရေး လုပ်ငန်း များမှာ ဗီဒီယို ဇာတ်ကား ပါ ဗီစီဒီ အချပ်များ ရောင်းချ ရာတွင် အာရ်စီ စနစ်ဖြင့် တိုက်ရိုက် ရောင်းချသော ခွေငှားရမ်း ဆိုင်များအား ဇူလိုင် ၁၂ ရက် ချိတ်သော ဇာတ်ကားများ မှစ၍ ယခင် လယ်သာ အိတ် ကျပ် ၇၀၀ ရောင်းချရာမှ ယခုကျပ် ၆၀၀ ဖြင့် ရောင်းချ ပေးရမည်ဖြစ်ပြီး ဝေဖာ အိတ်ဖြင့် ဗီစီဒီ တစ်စုံလျှင် ကျပ် ၅၅၀ ဖြင့် ရောင်းချ ရမည်ဖြစ်ကြောင်း သိရသည်။
အခြား ပြည်နယ်၊ တိုင်းများ သို့ ရောင်းချ ရာတွင် လယ်သာအိတ်ဖြင့် ယခင်ကျပ် ၆၀၀ အစား ကျပ် ၅၀၀ ဖြင့် ရောင်းချ ရမည်ဖြစ်ပြီး ဝေဖာအိတ် ဖြင့် ယခင်ကျပ် ၅၅၀ အစား ကျပ် ၄၅၀ ဖြင့် ရောင်းချ ရမည် ဖြစ်သည်။
မြန်မာနိုင်ငံ တစ်ဝန်း လုံးရှိ ငှား ရမ်း ဆိုင်များသို့ ဝေဖာအိတ် ဖြင့် ကျပ် ၅၅၀ ထက် ပိုမို ရောင်းချခြင်း ကို မပြုရန် နှင့် လိုက်နာခြင်း မရှိပါက ရက်ချိတ် ဖြန့်ချိခွင့် သုံးလ ရပ်ဆိုင်း အရေးယူ ဆောင်ရွက် သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး၏ ထုတ်ပြန် ထားချက်များအရ သိရှိ ရသည်။
ယဉ်ယဉ်လှ
Share



မထင်…မထင်………….
[Reply]