ဇွန် နောက်ဆုံးပတ် နှင့် ဇူလိုင် ပထမပတ် အတွင်း ကားဈေးကွက် ၌ လှုပ်လှုပ်ရှားရှား ဖြစ်ကာ အကျ ဘက်သို့ ဦးတည် နေကြောင်း၊ ယင်းသို့ ဖြစ်ရခြင်း အဓိက အကြောင်းရင်း များမှာ အမှတ် (၂) စက်မှု ၀န်ကြီး ဌာနမှ ထုတ်လုပ်သည့် ခေတ်မီ အဆင့်မြင့် ကား များ ထုတ်ရောင်းခြင်း၊ ဇွန် ၂၆ မှ ၂၈ ရက် Auto Mobile & Living Products Show တွင် ပြည်တွင်း ပုဂ္ဂလိက ထုတ်လုပ် သည့်ကားများ ပြသ ရောင်းချခြင်း၊ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း အတွက် မော်ဒယ်မြင့် ဘတ်စကားများ တင်သွင်း ခွင့်ပြုခြင်း၊ နိုင်ငံတော် စီမံကိန်း အချို့ကို အကောင် အထည် ဖော်လျက် ရှိသည့် လုပ်ငန်းရှင်ကြီး အချို့အား ယခင် နည်းတူ မော်ဒယ်မြင့် အိမ်စီးကား တင်သွင်းခွင့် ပြုမည့် အစီအစဉ် ရှိခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း သိရ သည်။
အစီး ၄၀၀ ရောင်းရ
Auto Mobile & Living Products Show တွင် ပြည်တွင်း ပုဂ္ဂလိက ထုတ်ကား များကို အိမ်စီးနှင့် လုပ်ငန်းသုံး အတွက် ကြည့်ရှု လေ့လာ သူများပြားကာ မှာယူသူ များပြား ကြောင်း၊ Micro Bus ကားဆိုလျှင် အစီး ၄၀၀ အထိ ရောင်းခဲ့ ရကြောင်း၊ ပြည်တွင်း ပုဂ္ဂလိက ထုတ်ကားများ အ၀ယ် လိုက် လာခြင်း အဓိက အကြောင်းရင်းမှာ ဈေးသက်သာခြင်း၊ အရည် အသွေး တိုး တက် ကောင်းမွန် လာခြင်း၊ ပုံစံ ဒီဇိုင်း လှပ ခြင်း၊ လုပ်ငန်းသုံး အတွက် ရင်းနှီး မြှုပ်နှံမှု ငွေကြေး လျော့နည်း သက်သာခြင်း စသည်တို့ ကြောင့် ဖြစ်ကြောင်း သိရသည်။
ဝယ်သူများပြား
အမှတ်(၂) စက်မှု ၀န်ကြီးဌာန က ထုတ်လုပ်သည့် ကားများကို ဇွန် ၂၃ရက်တွင် နေပြည်တော်၌ ပြသပြီး အများ ပြည်သူအား ရောင်းချမည့် သတင်း ထွက်ပေါ်ပြီး နောက် အမှတ်(၂)စက်မှု ၀န်ကြီး ဌာနရုံး အမှတ်(၃၀)၊ နေပြည်တော်၊ ရန်ကုန်မြို့၊ ကမ္ဘာ အေးဘုရား လမ်း၊ အမှတ် ၄၇၊ အရောင်းပြခန်း၊ မန္တလေးမြို့၊ ၈၃ လမ်း (၂၇ လမ်းနှင့် ၂၈ လမ်းကြား)၊ အရောင်း ပြခန်း တို့၌၀ယ်ယူရန် ဆက်သွယ် လျှောက်ထားသူ အရေ အတွက် တိုးပွားများ ပြားလာ ကြောင်း သိရသည်။
ဈေးသက်သာ ဒီဇိုင်းခေတ်မီ
အမှတ်(၂) စက်မှု ၀န်ကြီး ဌာနမှ ထုတ် လုပ် ရောင်းချသည့် ကားများသည် ဈေးသက် သာခြင်း၊ ပစ္စည်း ကောင်းခြင်း၊ ဒီဇိုင်း ပုံ ခေတ်မီ လှပခြင်း၊ အရည်အသွေး ကောင်းမွန်ခြင်း စသည် တို့ကြောင့် လူကြိုက် များကာ အ၀ယ် လိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဌာနဆိုင်ရာနှင့်အဖွဲ့အစည်း
အမှတ်(၂) စက်မှုဝန်ကြီးဌာန မှထုတ် သည့် Myanmar Micro Bus Royal ကားနှင့် 29 seater Mini bus အမျိုးအစား ကားများ ကိုမူ ဌာန ဆိုင်ရာနှင့် အဖွဲ့ အစည်း များအား ဦးစားပေး ရောင်းချ မည်ဖြစ်ကြောင်း သိရသည်။
ရောင်းချကားများ
အများ ပြည်သူများ အား ရောင်းချမည့် ကားများမှာ SUV ကား၊ Myamar Single Cab (UWD) ကား၊ Myanmar Double Cab (Grand Tiger) ကား၊ Myanmar Station Wagon ကား၊ Estate Wagon Jeep (EW-2) ကား၊ Estate Wagon Jeep (EW-1) (YXY) LHD ကားတို့ ဖြစ်ကြောင်း သိရ သည်။
ဈေးကွာခြား
အဆိုပါ ကားများ သည် ဈေးသက်သာ ပြီး ခေတ်မီ ပုံစံကျ အရည်အသွေး ကောင်း သော ကားများ ဖြစ်ပြီး ဈေးနှုန်းနှင့် စပ်လျဉ်း ၍ ပြင်ပ နိုင်ငံခြား သွင်းကား တစ်စင်းလျှင် ကျပ်သိန်းထောင်ချီ ရှိသော်လည်း ယခု ပြည်တွင်း ထုတ်ကားများမှာ ကျပ်သိန်း ၄၀၀၊ ၅၀၀ ၀န်းကျင်သာ ရှိကြောင်း သိရ သည်။
အကျဘက်ဦးတည်နေ
အဆိုပါ အခြေအနေ အရပ်ရပ်ကြောင့် ကားဝယ်လို သူများသည် ပြည်တွင်း ထုတ် ကားများ ဘက်ကို စိတ်ဝင်စားကာ ၀ယ်ယူ နေကြခြင်း ကြောင့် ကားဈေး ကွက်၌ အရောင်း အ၀ယ် အေးကာ အကျ ဘက်သို့ ဦးတည် နေကြောင်း သိရသည်။
မြန်မာပို့စ်
Share


