Legenda Education Group ၏ Linton University ၌ UK မှ တိုက်ရိုက် ချီးမြှင့်သော အင်ဂျင်နီယာ ဘွဲ့ သုံးနှစ် သင်တန်း တက်ရောက် ခွင့်ရ မြန်မာ ကျောင်းသား ကျောင်းသူများ အား ကျောင်း တက်စဉ် ကာလတစ် လျှောက် အဆောင်ကြေး ပေးသွင်းရန် မလိုဘဲ ကျောင်းဝင်ခွင့် စာမေးပွဲအ တွက် အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ ဘာသာရပ် များတွင် အားနည်းနေ သေးသည့် ကျောင်းသား ကျောင်းသူ များအား preparation course အဖြစ် နှစ်လ တာ အခမဲ့ လေ့ကျင့်သင် ကြား ပေးမည် ဖြစ်သည်။
အဆိုပါ သင်တန်းသို့ 12 Grade ရှိ ကျောင်းသား များ အနေဖြင့် ဒီဂရီ သင်တန်းသို့ တိုက်ရိုက် လျှောက် ထား နိုင်ပြီး တက္ကသိုလ်ဝင် စာမေးပွဲ အောင် ထား သူများ နှင့် GCE ‘O’ Level အောင်ထား သူများ သည် ၀င်ခွင့်စာ မေးပွဲ ဖြေဆို ကြရမည် ဖြစ်ကြောင်း နှင့် အသေးစိတ် သိလိုပါက Legenda Education Group ၊ မြန်မာအမျိုး သမီး စွမ်းဆောင်ရှင်များ အသင်းတာဝါ၊ အခန်း ၁၀၄၊ ရွှေတိဂုံဘုရားလမ်း၊ ဒဂုံ မြို့နယ် သို့ လာရောက် ၍ ပညာရေး အတိုင်ပင်ခံများ၊ LEG Business De-velopment Manager ဒေါ်စုရီမွှန်း တို့နှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေး နိုင်ကြောင်း သိရသည်။
သုဝဏ်
Share


