၂၀၁၀ ပြည့်နှစ် တွင် ရန်ကုန်မြို့၌ အိမ်ခြံမြေ အငှား ဈေးကွက်မှာ ယမန်နှစ်က ထက် အနည်းငယ် ကျဆင်း ခဲ့သော်လည်း အရောင်း အ၀ယ်မှာမူ နှစ်ဆ နီးပါး ခန့် မြင့် တက်လာကြောင်း အိမ်ခြံမြေ အကျိုး ဆောင် များက တညီတညွတ် တည်း ပြော ကြသည်။ ၂၀၁၀ ပြည့်နှစ်၊ ပထမ နှစ်ဝက် အထိ အိမ်ခြံမြေ ရောင်းအားမှာ ယမန်နှစ် ထက် ရောင်းအား တက်လာကာ ယခုနှစ် သင်္ကြန် ကာလ နောက်ပိုင်း တွင် သိသာစွာ ရောင်း အား တက်လာကြောင်း၊ ပျမ်းမျှ ရောင်း အားမှာ ၃၅ ရာခိုင်နှုန်း မှ ရာခိုင်နှုန်း ၄၀ အထိ ရှိလာကြောင်း၊ အကျိုးဆောင် လုပ် ငန်းများ အနေဖြင့်လည်း ယခင်နှစ် ထက် နှစ်ဆခန့် ၀င်ငွေ ရရှိကြောင်း၊ အိမ်ခြံမြေ ဈေးကွက် ပိုမို ကောင်းမွန် လာခြင်းမှာ ကမ္ဘာ့ ရွှေဈေး အတက်အကျ နှင့် လည်း တိုက်ရိုက် သက်ဆိုင် ကြောင်း သိရ သည်။
ဂျာနယ်စာမျက်နှာအတိုင်း ဆက်လက် ဖတ်ရှုပေးပါရန်
Share


