ယခုရက်ပိုင်း ရန်ကုန်မြို့ မော် တော်ယာဉ် ဈေးကွက် တွင် အရောင်း အ၀ယ် အနည်းငယ်သာ ရှိသော်လည်း ကားဈေးနှုန်း များ ကျဆင်း မှုမရှိ ကြောင်း ဟံသာဝတီ မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းမှ ၀ါရင့်ကား အကျိုးဆောင် တစ်ဦးက ပြောသည်။
ဟံသာဝတီ မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းရှိ ၀ါရင့်ကား အကျိုးဆောင် တစ်ဦးက “ကားဈေး ကွက် ကတော့ အရောင်းအ၀ယ် ပါး တယ်။ ကမ္ဘာ့ဖလား ပွဲတို့၊ တရုတ်နှစ် ကူးတို့ စတဲ့ ပွဲတွေ ရှိရင် အရောင်း အ၀ယ် ပါးသွား တာပဲ။ ကျွန်တော် တောင် ဒီ အပတ်အတွင်းမှာ စူဇူကီး R- တစ်စီးကို ၁၂၅ သိန်းနဲ့ အရောင်း အ၀ယ် ဖြစ်တယ်။ အဲဒီ နောက်ပိုင်း မရှိဘူး။ ကား ဈေးနှုန်း တွေကတော့ အရောင်း အ၀ယ် ပါးပေမယ့် ခေါ်ဈေး မကျသေးဘူ။ ဈေးတန့် နေတယ်” ဟု ဆိုသည်။
ဈေးကွက် အတွင်းရှိ ကားခေါ် ဈေးနှုန်း ထားများမှာ စူပါဆလွန်း “သ” တစ်စီးသိန်း ၂၂၀ ၀န်းကျင်၊ မတ်တူး ၉၂ (ဒီဇယ်) တစ်စီး သိန်း ၅၀၀ ၀န်း ကျင်၊ စူဇူကီး R+ အနီရောင် တစ်စီး ကျပ်သိန်း ၃၅၀ ၀န်းကျင်၊ တိုယိုတာ ဗင် ဖင်ကောက် (ဒီဇယ်) ၃၈ (လေလံ) တစ်စီး ကျပ်သိန်း ၇၅၀ ၀န်းကျင်၊ တို ယိုတာ လီမိတက် “၉က” တစ်စီး ကျပ် သိန်း ၃၅၀ ၀န်းကျင်၊ ဟိုင်းလက် ခေါင်းလုံး (ဒီဇယ်) တစ်စီး ကျပ်သိန်း ၃၀၀ ၀န်းကျင်၊ ရာဇာဂျစ် တစ်စီးကျပ် ၅၅ သိန်းဝန်းကျင်၊ှဏီ ဂျစ် “၈ခ” တစ်စီး ကျပ်သိန်း ၁၁၀ ၀န်းကျင်ခေါ် ဈေး ရှိကြောင်း ကားဈေးကွက် အတွင်း မှ သိရသည်။
ထွန်းလင်း
Share


