REGENCY Material Trading Co., Ltd.က Media စွမ်းအင် ချွေတာ ရေး မီးသီး၊ မီးချောင်း၊ မီးကွင်း တင်သွင်း ဖြန့်ချိ မှုနှင့် စပ်လျဉ်း ၍ မန်နေဂျာ ဦးဇော်မင်းအား မေးမြန်းခဲ့ရာ-
စွမ်းအင် ချွေတာရေး မီးလုံး၊ မီးကွင်း၊ မီးချောင်း တင်သွင်း ဖြန့်ချိ တာ ဘယ်လောက် ကြာပြီလဲ။ ဒီပစ္စည်း တွေကို ဘာ့ကြောင့် ရွေး ချယ် တင်သွင်း ဖြန့်ချိ ရတာလဲ။
တင်သွင်း ဖြန့်ချိတာ လေးလ လောက်ပဲ ရှိပါ သေးတယ်။ တစ်ကမ္ဘာ လုံးမှာ စွမ်းအင် ပြဿနာ တွေ ရှိတယ် လေ။ စွမ်းအင် မလုံလောက်မှု၊ သဘာ ၀ ပတ်ဝန်းကျင် ထိခိုက်မှု ပြဿနာ တွေ ရှိတော့ တတ်နိုင် သလောက် စွမ်းအင်ကို ချွေတာ ကြတယ် လေ။ ဒါကြောင့် တင်သွင်း ဖြန့်ချိဖို့ စဉ်းစား ဆုံး ဖြတ် လုပ်ကိုင် ခြင်း ဖြစ်ပါတယ်။ မြန်မာ နိုင်ငံနဲ့ သင့်တော်မှု ရှိမရှိ ဆိုတာကိုလည်း သေချာ လေ့ လာ ခဲ့ပါတယ်။ မြန်မာနိုင်ငံ ဈေးကွက် အတွက် လိုအပ်ချက် ဖြစ်လို့ ခုလို တင်သွင်း ဖြန့်ချိ ခြင်းဖြစ်ပါ တယ်။
စွမ်းအင် ချွေတာရေး ဖြစ်မှုကို ပြောပြပါဦး။
စွမ်းအင် ချွေတာရေး ငါး ၀ပ် မီးသီး ဟာ ရိုးရိုး ၂၅ ၀ပ် မီးသီးအားနဲ့ ညီမျှပါတယ်။ ဒါကြောင့် အများကြီး သက်သာ ပါတယ်။ နောက် အားသာ ချက် တစ်ခုက တခြား မီးချောင်း တွေလို အလုပ် မရှုပ်ဘူး။ ချုပ်တွေ၊ စ တတ်တာ တွေ၊ အခြား ပစ္စည်း တွေ လိုတယ်လေ။ စွမ်းအင်ချွေတာရေး မီး သီးက တပ်လိုက် တာနဲ့ မီးချောင်းလို လင်းတယ်။ စာကြည့်လို့ လည်းရတယ်။
ဘယ်နှမျိုး တင်သွင်း ဖြန့်ချိသလဲ။
လောလော ဆယ်မှာ သုံးမျိုး တင်သွင်း ဖြန့်ချိ ပါတယ်။ နှစ်ချောင်း ကွေးရယ်၊ သုံးချောင်းကွေး ရယ်၊ အလိမ်ရယ် ဖြစ်ပါတယ်။ နှစ်ချောင်းကွေး က ကိုးဝပ်၊ ၁၁ ၀ပ်၊ ၁၅၀ပ် သုံးမျိုး၊ ဈေးနှုန်းက ကျပ် ၁,၈၀၀ မှ ကျပ် ၂,၅၀၀ အတွင်း ဖြစ်ပါတယ်။ နောက် တစ်မျိုးက သုံးချောင်းကွေး၊ ကိုးဝပ်မှ ၀ပ် ၂၀၊ ဈေးနှုန်း က ကျပ် ၂,၂၀၀မှ ကျပ် ၂,၉၀၀ အတွင်း ဖြစ်ပါတယ်။ အလိမ်က ငါးဝပ်မှ ၀ပ်၃၀ အထိရှိတယ်။ ဈေးနှုန်း က ကျပ် ၂,၂၀၀ မှ ကျပ် ၃,၅၀၀ အတွင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ မှာ စွမ်းအင် ချွေတာရေး မီးသီး တင်သွင်း ဖြန့်ချိသူ ဘယ်လောက် ရှိပါသလဲ။
အကြမ်းဖျင်း ပြောရင် ၂၀လောက်ရှိမယ် ထင်တယ်။ ဈေးပေါတဲ့ ပစ္စည်းတွေ လည်း ရှိတယ်။ ဈေးပေါ တာက ခဏလေး ထွန်းပြီး ကျွမ်းသွား တာများတယ်။ ကျွန်တော်တို့ ပစ္စည်းက တစ်နှစ် အာမခံ ပေးထား ပါတယ်။ တစ်နှစ်အတွင်း ဘယ် နှစ်ကြိမ် ကျွမ်းကျွမ်း ကျွန်တော်တို့က လဲပေးပါတယ်။
ခင်ဗျားတို့ ပစ္စည်းတွေကို ဘယ်လို နေရာတွေမှာ အများဆုံး သုံး သလဲ။
ဈေးဆိုင်တွေ၊ စူပါ မတ်ကက်တွေ၊ မီးအား ကို လိုသလို ထိန်းချုပ် လို့ ရတဲ့ နေရာတွေမှာ သုံး တယ်။
နေအိမ် သုံးဖို့ အတွက်ကော ဘယ်လို ရှိပါသလဲ။
နေအိမ်သုံး ဆိုရင် ၁၀ ပေပတ် လည်အခန်း မှာ အကြမ်းဖျင်း အားဖြင့် ကိုးဝပ်၊ ၁၁၀ပ် ဆိုရင် အတော်ပါပဲ။
ခေတ်မီ အဆင့်မြင့်အဆောက်အအုံ တွေမှာကော သုံးသလား။
ဟုတ်ကဲ့။ သုံးကြပါတယ်။ သူတို့က Down Light အနေနဲ့သုံး တယ်။ Down Light ကို cover ထည့်ပြီး သုံးကြတယ်။ အလင်းအား ပိုရ တာပေါ့။
အခု ပြည်တွင်းမှာလည်း စွမ်းအင် ချွေတာရေး မီးသီးတွေ ထုတ်လုပ် ဖြန့်ချိ နေတယ်လေ။ အဲဒါ တွေနဲ့ ယှဉ်ကြည့်ရင် ဘယ်လိုလဲ။
သဘော တရားချင်း ကတော့ အတူတူပါပဲ။ ရိုးရိုး မီးလုံးထက် အများ ကြီးသက်သာတယ်။ ဈေးနှုန်း ကတော့ အနည်းငယ် ကွာခြားချက် ရှိပါ တယ်။
မြန်မာပို့စ်
Share


