မန္တလေးမြို့၊ ဥပုသ်တော် ရပ်ကွက်၊ မန္တလေး တောင်ခြေ အနီး မန္တ လေး – မတ္တရာ – မိုးကမ်း ကားလမ်း ဘေးရှိ မန်းတောင်ခြေ ဘိုးဘွား ရိပ်သာ ကို ၁၉၇၅ ခုနှစ်က စတင်၍ ဘိုးဘွားများ လက်ခံခဲ့ရာ ဘိုးဘွား ရိပ်သာ အဘွားဆောင် များ တိုးချဲ့ တည်ဆောက် နေပြီ ဖြစ်၍ အလှူရှင်များ ထည့် ၀င် လှူဒါန်း နိုင်ရန် ဘိုးဘွား ရိပ်သာ ကြီးကြပ်မှု ကော်မတီက နှိုးဆော် လျက် ရှိသည်။ အလျားပေ ၄၀၊ အနံပေ ၃၀ ရှိ နှစ်ယောက် ခန်း လေးခန်းပါ အဘွားဆောင် များ ဆောက် လုပ်လျက် ရှိရာ တစ်ဆောင် လျှင် ကျပ် သိန်း ၂၄၀ ဖြင့် လှူဒါန်း နိုင်သည်။ တစ်ဦးတည်း အလှူရှင်များ မဟုတ်ဘဲ အခန်းအလိုက် လှူဒါန်းမည ဆိုပါက နှစ်ဦးနေ တစ်ခန်း ကျပ်သိန်း ၆၀ ဖြင့် လှူဒါန်း နိုင်သည်။
မန္တလေး ဘိုးဘွား ရိပ်သာ တွင် အဘိုး ၁၆ ဦး၊ အဘွား ၅၀ ဦးရှိရာ အဘွား ဆောင် လိုအပ် နေသဖြင့် တိုးချဲ့ ဆောက်လုပ် ခြင်းဖြစ်သည်။ အဆောင်ပါ အခန်း လေးခန်းတွင် ရေချိုးခန်း၊ အိမ်သာ အခန်းတိုင်း ပါရှိ မည်ဖြစ်ပြီး အဘွားများ သက်သောင့် သက်သာ နေထိုင်ခြင်းဖြင့် သက် ရှည် ကျန်းမာ စေရန် ကြီးကြပ် အဖွဲ့က တိုးချဲ့ တည်ဆောက် ပေးခြင်း ဖြစ် သည်။ အဆောင် သစ် လေးဆောင် ဆောက် လုပ်မည် ဖြစ်ရာ အဘွား ဆောင်နှင့် ၀န်ထမ်း များ ပါဝင် မည်ဖြစ်သည်။ အလှူရှင် များ အနေဖြင့် မန်းတောင်ခြေ ဘိုးဘွား ရိပ်သာ တွင် ဆောက်လုပ်ဆဲ အဆောင် များအား လာရောက် လေ့လာ ကြည့်ရှု လှူဒါန်း နိုင်သကဲ့သို့ ဖုန်းဖြင့် ဆက်သွယ် လှူ ဒါန်းမည် ဆိုပါက မန်းတောင်ခြေ ဘိုးဘွား ရိပ်သာ ရုံးအဖွဲ့ (ဖုန်း-၀၂-၆၀၆၇၂) သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရသည်။
မိုးကြီး
Share



မြန်မာနိုင်ငံရဲ.လက်ရှိသက်ကြီးရွယ်အိုကို စာရင်းဇယားနဲ.ဖော်ပြပေးနိုင်ပါသလား…..သိရှိပါရစေ…..
[Reply]