စားသောက်ကုန် များတွင် လူ ကို အန္တရာယ် ဖြစ်စေသော ဆိုးဆေး များ သုံးစွဲ ကြသောကြောင့် ဆိုးဆေး နှင့် ပတ်သက်၍ ကျန်းမာရေး ၀န်ကြီး ဌာနက ပညာ ပေးခြင်းများ ရှိသော် လည်း ရောင်းချ သူများ ဘက်က လိုက်နာမှု နည်းပါး နေသေးကြောင်း ရန်ကုန် စားသောက်ကုန် ဈေးကွက် ကြီး အတွင်းမှ သိရသည်။
ဆိုးဆေးမကင်းသောမျှစ်
ရန်ကုန် လူထု၏ အဓိက စား သောက်ကုန် တစ်ခုဖြစ်သော မျှစ် များတွင် ယနေ့တိုင် ဆိုးဆေးများ နီရဲ နေအောင် တွေ့ရှိ နေရပြီး အဆို ပါ ကိစ္စမှာ လက်ကား ဒိုင်ကြီးများ၏ လုပ်ဆောင်မှု မဟုတ်ဘဲ လက်လီ ဆိုင် များက ပြုလုပ် နေခြင်း ဖြစ်သည်ဟု သိရသည်။ လက်ကား ဒိုင်ကြီး များနှင့် ပတ်သက်၍ မျှစ်ကို ဆေးဆိုး ရောင်း ချခြင်း မပြုရန် ကျန်းမာရေး ၀န်ကြီး ဌာနနှင့် တကွမြို့တော် စည်ပင် ကျန်း မာရေး ဌာန တို့က စည်းကမ်း ထုတ်ခဲ့ သဖြင့် ဆိုးဆေးပါ မျှစ် ရောင်းချခြင်း ရပ်ဆိုင်း သွားပြီး မူလ အရောင်များ ဖြင့်သာ ရောင်းချ ခဲ့ကြသည်။
အရောင်မလှမကြိုက်
လက်ကား ဒိုင်ကြီးများက စည်း ကမ်း အရ ဆိုးဆေးပါ မျှစ် မရောင်းချ တော့သဖြင့် လက်လီ အရောင်းဆိုင် များမှ ဈေးကွက် အတွင်းရောင်း ပန်း မလှ ဖြစ်ခြင်းနှင့် ရင်ဆိုင် နေရသည် ဟု ဆိုင်ပိုင်ရှင် များက ဆိုကြ သည်။ မူလ အရောင်ဖြင့် ဈေးကွက် အတွင်း သို့ ရောက်လာသော မျှစ်များမှာ အ ရောင်းမလှ၊ ညိုညစ်ညစ် ဖြစ်လာခြင်း ကြောင့် စားသုံးသူ မကြိုက် ရခြင်းဖြစ် ကြောင်း တို့ကြောင့် မိမိတို့ ကိုယ်တိုင် ပင် ဆေးဆိုး ရောင်းချ ရခြင်းဖြစ် ကြောင်း လက်လီ ရောင်းသူ များက ပွင့်လင်းစွာ ပြောပြသည်။
ပညာပေးတာအကုန်ပါ
ဆိုးဆေးနှင့် ပတ်သက်၍ တား မြစ်ခြင်း၊ ပညာပေးခြင်း အစီအစဉ် များသည် ရောင်းသူ များကို သာမ ဟုတ်ဘဲ စားသုံးသူ များကိုပါ ပညာ ပေးခြင်း ဖြစ်သောကြောင့် ဂရုစိုက် ရန် လိုသည်ဟု ကျန်းမာရေး ဆိုင်ရာ ပညာရှင် များက ပြောကြားသည်။ “မျှစ်ရောင်းတဲ့ သူတွေကို ဆိုးဆေး မသုံးနဲ့၊ ဆိုးဆေး သုံးတာ တွေ့ရင် ဒဏ်ရိုက်မယ်၊ ဆိုင်ပိတ် သိမ်းမယ်၊ ပစ္စည်းကို သိမ်းဆည်းခြင်း ခံရမယ် စ တဲ့ သတိ ပေးချက် တွေနဲ့ တားမြစ် ထားတာတွေ ဖတ်ရ ပါတယ်။ ဒီ တော့ မလုပ်ကြ တော့ဘူး။ ဒါ့အပြင် ဒီဆိုးဆေး ကြောင့် ကျောက်ကပ် ပျက်စီးမယ်၊ အသည်းကို ထိခိုက် နိုင်တယ် စသဖြင့်ပေါ့၊ ကျန်းမာရေး ဆိုင်ရာ ပညာပေးမှု တွေကို တစ်ပါ တည်း ဖော်ပြ ပေးထားတယ်။ စား သုံးသူတွေ အတွက် ပညာ ပေးထား တာဖြစ်တယ်။ ရောင်းသူ တွေကို ဆိုး ဆေး သုံးမရောင်းဖို့ ပြောတာ ကိုယ်နဲ့ မဆိုင်သလို နေလို့မရဘူး။ ဒီပညာ ပေးမှုမှာ ကိုယ့်အတွက် လည်းပါ တယ်” ဟု ဆီးလမ်းကြောင်း နှင့် ကျောက်ကပ် အထူးကု ဆရာဝန်ကြီး တစ်ဦးက စားသုံးသူ များကို ပညာ ပေး ပြောကြားသည်။
ကျန်းမာရေးသာအဓိက
မိမိတို့ စားသောက် နေသော အစားအစာ မှန်သမျှသည် ကျန်းမာ ရေး နှင့် ညီညွှတ်သော အစားအစာ များ ဖြစ်ဖို့ လိုအပ် သည်။ ဆိုးဆေး ကြောင့် မိမိ၏ ကျောက်ကပ် ပျက်စီး နိုင်သည်ကို သိသော်လည်း ဆိုးဆေး ပါ အစားအစာ ကို ဆက်လက်စား သောက် နေခြင်း သည်ကား နောက် ဆက်တွဲ ရောဂါများ ရရှိကာ ဆေးကု သ ရမည့် ငွေကုန် ကြေးကျ များသော အဖြစ် ဆီသို့သာ ရောက်သွား မည်ဖြစ် သည်။ ယခု ခေတ်တွင် ကျန်းမာရေး ချို့ယွင်းမှု ကြောင့် ဆေးကုသမှု ခံ ယူ ရမည် ဆိုပါက ငွေကုန် ကြေးကျ များနိုင် သည်ကိုလည်း ဂရု စိုက်ရ မည် ဖြစ်သည်။
အောင်သန့်(ကျိုက္ကော်)
Share


