ဂျာမနီနိုင်ငံ အဆင့်မြင့်ပညာ ဦးစီး ဌာနများ စုပေါင်း ဖွဲ့စည်းထား သော “DAAD” (German Academic Exchange Service) မှ ၂၀၁၀-၂၀၁၂ ပညာသင်နှစ် Post graduate စကောလားရှစ် အစီအစဉ် များအတွက် လျှောက် လွှာ များကို စတင် လက်ခံ နေပြီဖြစ် ကြောင်း အဆိုပါ သံရုံး၏ ထုတ်ပြန် ချက်အရ သိရသည်။
စကောလားရှစ် အစီအစဉ်များ ၌ M.Sc courses များနှင့် Ph.D course အချို့ အတွက် ခေါ်ယူ ခြင်း ဖြစ်သည်။ စကောလားရှစ် ခေါ် ယူသော အဓိက ဘာသာရပ်များမှာ စီးပွားရေးသိပ္ပံ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ နိုင်ငံရေးဘောဂဗေဒ၊ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ အင်ဂျင်နီ ယာနှင့်ဆက်စပ်သိပ္ပံ၊ သင်္ချာ၊ ဒေသ ဆိုင်ရာစီမံကိန်း၊ စိုက်ပျိုးရေးနှင့်သစ် တောသိပ္ပံ၊ ဆေးဝါးနှင့် ပြည်သူ့ကျန်း မာရေး၊ ပြည်သူ့ကျန်းမာရေး၊ လူမှု ရေးနှင့်သက်ဆိုင်သော ဘာသာရပ် ပညာသင်ဆုခေါ်ယူသော ဘာသာ ရပ်တစ်မျိုးချင်းစီအတွက် ပညာအ ရည်အချင်း ကန့်သတ်ချက် အမျိုးမျိုး ရှိပြီး အရည်အချင်းကန့်သတ်ချက် များမှာ သတ်မှတ် ထားသော ဘွဲ့တစ် ခု၊ ဘာသာရပ်နှင့် သက်ဆိုင်သော လုပ်သက် နှစ်နှစ်၊ TOEFL (၅၅၀ ရ မှတ်သို့မဟုတ်) ရရှိ ရမည်ဖြစ်သည်။ လျှောက်လွှာ များကို ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင် ၃၁ ရက်နောက်ဆုံးထား၍ သံရုံးသို့ ကိုယ်တိုင် လာရောက် လျှောက်လွှာ တင်ရမည် ဖြစ်ပြီး အသေးစိတ် သိရှိ လိုပါက ဂျာမနီသံရုံး(ရန်ကုန်) ဖုန်း ၅၄၈၉၅၁၊ ၅၄၈၉၅၂၊ ၅၄၈၉၅၃ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရ သည်။
ယဉ်ယဉ်လှ
Share


