နေပြည်တော် တွင် ပထမဦးဆုံး အကြိမ် ကျင်းပမည့် မြန်မာ့ရိုးရာ နှစ် သစ်ကူး မဟာ သင်္ကြန် ပွဲတော် အတွက် သတ်မှတ် နေရာ အသီးသီး တွင် ရေ ကစား မဏ္ဍပ်များ စတင် တည်ဆောက် နေပြီ ဖြစ်ကြောင်း မြင်တွေ့ ရသည်။
နေပြည်တော် ဟိုတယ် ဇုန်တွင် ယခု ဖွင့်လှစ် လျက် ရှိသည့် ဟိုတယ် ရှစ်ခု အပါအ၀င် တည်ဆောက် ဆဲ နှင့် အသစ် ထပ်မံ တည်ဆောက် မည့် ဟိုတယ် စုစုပေါင်း ၁၇ ခု ရှိရာ ဟို တယ် ကိုးခု တွင် ရေကစား မဏ္ဍပ်များ တည်ဆောက်လျက် ရှိပြီး မြို့တော် ၀န် ရေကစား မဏ္ဍပ်အား ဆက်လက် တည်ဆောက် သွားမည် ဟုသိရသည်။ ရေကစား မဏ္ဍပ် များကို ဟိုတယ် များ ၏ ရှေ့မျက်နှာစာ အသီးသီးတွင် အ လျား ပေ ၂၀၀၊ အနံပေ ၄၀ ရှိသည့် အကျယ် အ၀န်း၌ တစ်ဖက် တစ်ချက် စီတွင်ရေပက် ကစားနိုင်ရန် စီစဉ်ထား ပြီး မဏ္ဍပ်၏ အလယ်တွင် ရေပက် ကစား နေစဉ်အတွင်း နာမည်ကြီး တီး ၀ိုင်းနှင့် အတူ နာမည်ကျော် အဆို တော် များဖြင့် ဧည့်ခံ ဖျော်ဖြေသွား မည် ဖြစ်ကြောင်း သိရသည်။
ခိုင်မင်း(နေပြည်တော်)
Share



နေပြည်တော် တွင် ပထမဦးဆုံး အကြိမ် ကျင်းပမည့် မြန်မာ့ရိုးရာ နှစ် သစ်ကူး မဟာ သင်္ကြန် ပွဲတော် အတွက် နာမည်ကြီး တီး ၀ိုင်းနှင့် အတူ နာမည်ကျော် အဆို တော် များဖြင့် ဧည့်ခံ ဖျော်ဖြေသွား မည် ဆိုတော့ တီးဝိုင်းအမည်များသိချင်ပါသည်။
[Reply]