နေပြည်တော် လယ်ဝေး မြို့နယ်၊ တောင်ဖီလာ ထုံးကျောက်တောင် အနီး၌ တည်ဆောက် ထားသည့် တစ်နေ့လျှင် ဘိ လပ်မြေ တန် ၅၀၀ ထုတ်လုပ် သည့် ဘိလပ် မြေ စက်ရုံ (နေပြည်တော်) ဖွင့်ပွဲ အခမ်းအနား ကို မတ် ၁ ရက် နံနက် ၇ နာရီခွဲ တွင်ကျင်းပ ရာ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝေလွင်၊ အမှတ် ၁ စက်မှုဝန်ကြီး ဌာန၀န်ကြီး ဦးအောင်သောင်း နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ Jiang Su Pengfei Group Co. Ltd. မှ မန်နေဂျင်း ဒါရိုက်တာ Wian Jian တို့က ဘိလပ်မြေ စက်ရုံ (နေ ပြည်တော်) ကို ဖဲကြိုးဖြတ် ၍ ဖွင့်လှစ် ပေးကြ သည်။ ဆက်လက်၍ နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ဘိလပ်မြေ စက်ရုံ (နေပြည်တော်) ဆိုင်းဘုတ် ကို စက်ခလုတ် နှိပ် ၍ ဖွင့်လှစ် ပေးပြီး အမွှေး နံ့သာရည်ဖြင့် ပက် ဖျန်း ပေးကြသည်။ ထို့နောက် တိုင်းမှူး ဗိုလ် ချုပ်ဝေလွင်၊ ၀န်ကြီးများနှင့် Jiang Su Pengfei Group Co., Ltd. မန်နေဂျင်း ဒါရိုက်တာက စက်ရုံ ဆိုင်းဘုတ် ကို အမွှေးနံ့သာ ရည်ဖြင့် ပက်ဖျန်း ပေးကြသည်။
ယခု ဖွင့်လှစ် သည့်ဘိလပ်မြေ စက်ရုံ (နေပြည်တော်) ကို ၂၀၀၈ ခုနှစ်၊ ဇူလိုင် ၁ ရက် တွင် စတင် တည်ဆောက် ခဲ့ပြီး ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ ၃ ရက်တွင် စက်ရုံ အဆောက် အအုံနှင့် စက် ပစ္စည်းများ တည်ဆောက် တပ် ဆင် ပြီးစီး ခဲ့ကြောင်းနှင့် ဘိလပ်မြေ စက်ရုံ (နေ ပြည်တော်) မှ တစ်နေ့လျှင် ဘိလပ်မြေ တန် ၅၀၀ ထုတ်လုပ် မည်ဖြစ်ပြီး ယခုအခါ တပ် ဆင် စက်စွမ်းအား စံချိန် စံညွှန်း များနှင့်အညီ ထုတ်လုပ် နေပြီဖြစ်၍ နိုင်ငံတော် အတွက် ဘိ လပ်မြေ လိုအပ်ချက် များကို ပိုမို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင် တော့မည် ဖြစ်ကြောင်း သိ ရသည်။
ခိုင်မင်း(နေပြည်တော်)
Share


