• မြန်မာနိုင်ငံရေးရာ
    • ရန်ကုန်သတင်းများ
    • မန္တလေး သတင်းများ
    • နေပြည်တော် သတင်းများ
    • ရောက်တတ်ရာရာ
    • ပေးစာ ကဏ္ဍ
  • နိုင်ငံရေး
  • စီးပွားရေး
    • အလုပ်အကိုင်
    • ခရီးသွား
  • ကျန်းမာရေး
  • နည်းပညာ
    • ဆက်သွယ်ရေး
  • ပညာရေး
  • ဖျော်ဖြေရေး
  • အားကစား
  • ရာသီဥတု
    • သဘာဝပတ်ဝန်းကျင်

နိုင်ငံရေး

ဒုတိယ အကြိမ် မြန်မာ နိုင်ငံ ခရီးစဉ်တွင် အပြုသဘော ဆောင်သည့် လက္ခဏာများ တွေ့ရှိ ရ သော်လည်း စိုးရိမ် ပူပန်စိတ် ဖြစ်ပေါ်ဆဲ ဖြစ်ကြောင်း ကုလ သမဂ္ဂ လူ့အခွင့် အရေး သံတမန် ပြောကြား

မြန်မာနိုင်ငံရေးရာ

နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ အလွယ်တကူ ရရှိရန် “မိုးပွင့်” စီမံချက်ဖြင့် သတ်မှတ် ၆ ကျပ် နှုန်းထား အတိုင်း ဆောင်ရွက်ပေးမည်

နိုင်ငံရေး

ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အများပြည်သူ အတွက် အကျိုးမရှိသည့် အပိုင်းများ ပြင်ဆင်သင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နိုင်ငံရေး

“ပြည်သူ့ မေတ္တာကို ယုံကြည်တယ်” အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို နာယက ဦးတင်းဦး နှင့် တောင်ငူမြို့တွင် တွေ့ဆုံ မေးမြန်းခြင်း

သဘာဝပတ်ဝန်းကျင်

ဆားမလောက် အရက် စက်ရုံစွန့်ပစ် ရေဆိုး ရေညစ် များ ကြောင့် ပန်းလှိုင်မြစ်ရေ ညစ်နွမ်း

#caption0 #caption1 #caption2 #caption3 #caption4

၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ရန် စီစဉ်


Posted on 09 Feb 2012 / 0 Comment
Tweet



“စာရင်းကောက်တဲ့ အခါမှာ ကြိုတင်ပြင်ဆင် တဲ့အနေနဲ့ အခြေခံ လူဦးရေ ဘယ်လောက်ရှိတယ် ဆိုတာကို မြို့နယ် အဆင့်လ၀ကက နေတိုင်းကိုပို့ ပြီးရင် ဗဟို ကိုပို့ပြီးအထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနတွင် ရှိသော စာရင်းနှင့် ပြန်လည် ချိန်ကိုက်ရ မယ်။ ပြီးရင် ကျား၊မ ဘယ်လောက်ရှိတယ်ဆိုတာ အခြေခံ စာရင်းတွေ ကောက်ရမယ်။ ဒါပြီးရင် မြေပုံ တွေဆွဲရမယ်။ မြေပုံ ငါးမျိုးမှာ ရပ်ကွက်တစ်ခုချင်း၊ လမ်းတစ်ခုချင်း၊ အိမ်တွေ တစ်ခုချင်း၊ မြေပုံတွေ ဆွဲရမယ်။ ဒါတွေ အားလုံးပြီးရင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်သွားမယ်” ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီကပြောကြားသည်။

Read more →
နိုင်ငံရေး

ဒုတိယ အကြိမ် မြန်မာ နိုင်ငံ ခရီးစဉ်တွင် အပြုသဘော ဆောင်သည့် လက္ခဏာများ တွေ့ရှိ ရ သော်လည်း စိုးရိမ် ပူပန်စိတ် ဖြစ်ပေါ်ဆဲ ဖြစ်ကြောင်း ကုလ သမဂ္ဂ လူ့အခွင့် အရေး သံတမန် ပြောကြား


Posted on 09 Feb 2012 / 0 Comment
Tweet



“ကျွန်တော် အနေနဲ့အင်းစိန် ထောင် မှာ ယုံကြည်ချက် အကျဉ်းသား သုံးဦးနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီထဲက တစ်ဦးက ပြီးခဲ့တဲ့နှစ်က ကျွန် တော်ရဲ့ ပထမဆုံးမြန်မာနိုင်ငံ ခရီးစဉ်မှာ တွေ့ဆုံခဲ့ဖူး သူဖြစ်ပါတယ်။ အကျဉ်း ထောင်တွင်း အခြေအနေတွေ ကတော့ ယေဘုယျ အားဖြင့်တိုးတက်လာပြီလို့ သိရ ပါတယ်။ ဒါပေမဲ့အကျဉ်းသား အချို့ကိုကြိုတင် အသိပေးခြင်း မရှိဘဲ ဝေးလံတဲ့ ဒေသများရှိ အကျဉ်းထောင် များသို့ ပြောင်းရွှေ့ခြင်းနဲ့ မိသားစုဝင် တွေကိုကြိုတင် အသိမပေးဘဲ ပြောင်းရွှေ့ မှုတွေရှိနေ တယ်ဆိုတဲ့ စွပ်စွဲချက် တွေကို လက်ခံရရှိပါတယ်။ ကျွန်တော် ကတော့ အင်းစိန်ထောင်မှာ သာမက အခြား ထောင်တွေ မှာရှိတဲ့ ယုံကြည်ချက် အကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့ တိုက်တွန်း လိုပါတယ်”ဟု မစ္စတာကွင် တားနားက ပြောကြားသည်။

Read more →
မြန်မာနိုင်ငံရေးရာ

နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ အလွယ်တကူ ရရှိရန် “မိုးပွင့်” စီမံချက်ဖြင့် သတ်မှတ် ၆ ကျပ် နှုန်းထား အတိုင်း ဆောင်ရွက်ပေးမည်


Posted on 09 Feb 2012 / 0 Comment
Tweet



အဆိုပါ ‘မိုးပွင့်’ စီမံချက်ကို ပြီးခဲ့ သည့်လွှတ်တော် အစည်းအဝေးတွင် ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက နိုင်ငံသားစိစစ်ရေး ကဒ်ပြားများလွယ်ကူ အဆင်ပြေရရှိ စေရန် မည်ကဲ့သို့ ဆောင် ရွက်ရန် ရှိပါသနည်းဟု မေးခွန်းမေးမြန်း ချက်ကို ပြည်သူများ အတွက် အမှန်တ ကယ်လိုအပ်သည့် ကိစ္စ ဖြစ်ခြင်းကြောင့် အစိုးရ သစ်အဖွဲ့အပြီးရက်ပိုင်းအတွင်း အ ကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ ‘မိုးပွင့်’ စီမံချက် အဆင့် တစ်ကို ၂၀၁၁ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ အောက်တိုဘာ ၁ ရက် နေ့အထိ လေးလ အတွင်း နိုင်ငံတော် တစ်ဝန်းလုံး၌ နိုင်ငံ သား စိစစ်ရေးကဒ်ပြား ၁,၄၃၀,၀၀၀ ကျော်ကို ထုတ်ပေး နိုင်ခဲ့ပြီး အိမ်ထောင်စုစာရင်း အပြောင်းအရွှေ့ အတိုး၊ အလျှော့ ၁,၈၀,၀၀၀ ကျော်ပြုလုပ်ပေး နိုင်ခဲ့ပြီး ယခင်ကထက် ၁၁ ဆကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည် ထောင်စုဝန်ကြီး ဦးခင်ရီကဆိုသည်။

‘‘ကျွန်တော်တို့ နိုင်ငံတော် အပိုင်းက တော့ ခက်ခဲ တာတွေကိုဖျက်သင့်တာဖျက်၊ လျှော့သင့်တာလျှော့ သတ်မှတ်နှုန်း ထား အတိုင်းပဲ ဆောင်ရွက်ပေးမယ်။ ပြီးပြည့်စုံရှာ လာပါ စေ ၆ ကျပ်ထက်ပိုရင် တိုင်ပါလို့ ကျွန်တော် ပြောထားတယ်။ ပြည်သူ့ ဘက်က ကျွန်တော်တို့ ရပ်တည်ပေးသွားမယ်။ ဘာက ပြဿနာ တက်လဲဆို တာတော့ ဒီမှတ်ပုံတင် ရဖို့ဆက် စပ်လုပ်ငန်း တွေရှိတယ်။ ထောက်ခံ ချက်တောင်းရမယ်။ မိတ္ထူတွေ ယူရမယ်။ ဒီကဒ်ပြား အတွက် ဓာတ်ပုံတွေ လိုတယ်။ သွေးစစ်ချက် တွေလို တယ်။ ဒါတွေက တော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ အဲဒါတွေပြည့်စုံ သွားရင် ၆ ကျပ်နဲ့လုပ် ပေးသွားမယ်’’ဟု ပြည် ထောင်စု ၀န်ကြီး ဦးခင်ရီကဆိုသည်။

Read more →

ဗထူး အားကစားကွင်းကို အားကစား နှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင် သာ အသုံးပြုရန် ညွှန်ကြားထား


Posted on 09 Feb 2012 / 0 Comment
Tweet



ကြားဖြတ် ရွေးကောက်ပွဲ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ပါတီ စည်းရုံးရေး ဟောပြောပွဲပြုလုပ်ရန် မန္တလေးမြို့ ဗထူး အားကစားကွင်းကို တင်ပြ တောင်းခံ ခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်မှ ဗထူး အားကစားကွင်းကို အားကစား နှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင်သာ အသုံးပြုရန် ညွှန်ကြား ထားကြောင်း ဘောလုံးအဖွဲ့ချုပ်ပြော ရေးဆိုခွင့်ရှိသူ မီဒီယာ တာဝန်ခံ ဦးစိုးမိုးကျော်က ပြောသည်။

“ကျွန်တော်တို့ ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ဗထူးအား ကစားကွင်းကို နိုင်ငံတော် အစိုးရထံက နှစ် ၃၀ စာချုပ်နဲ့ ငှားရမ်းထားခဲ့တာပါ။ ဒီဗထူး ကွင်းကို ကျွန်တော်တို့ လောလောဆယ် စီမံခွင့်ရ နေတာ ဖြစ်ပေမယ့် အားကစား ဖွံ့ဖြိုးရေး လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာပဲ အသုံးပြု ရမယ်လို့ ညွှန်ကြားချက် ရှိထားလို့ ဒီဘောလုံးကွင်း ကိုမငှား ခဲ့တာပါ”ဟု ၎င်းကပြောသည်။

Read more →
နိုင်ငံရေး

ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အများပြည်သူ အတွက် အကျိုးမရှိသည့် အပိုင်းများ ပြင်ဆင်သင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


Posted on 09 Feb 2012 / 0 Comment
Tweet



“သဘောထား ဆိုတာက အား လုံး သဘောထားတော့ မဟုတ်ဘူး ပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုရေး ဆွဲတဲ့ သူတွေကတော့ ပြင်ချင်တဲ့ စိတ် နဲ့ရေးတာ မဟုတ်ဘူးလို့တော့ထင်ရ မှာပေါ့နော်။ အစကတည်း ကပြင်ချင် ရင်ပြင်ထား မှာပေါ့။ ဒါပေမဲ့ အန်တီ တို့က ပြည်သူ တွေအတွက်အကျိုးမ ရှိတဲ့ အပိုင်း တွေကိုပြင်သင့်တယ်ဆို တာ အန်တီ တို့ ယုံကြည်ချက် အရ ပြောတာပဲ” ဟု ဒေါ်အောင်ဆန်းစု ကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေးနှင့် ပတ်သက်၍ မိမိ၏သ ဘောထား ကို မီဒီယာ သမားတစ်ဦး ၏ မေးမြန်းချက်ကို ဤသို့ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

Read more →

ရာသီဥတု ဆိုင်ရာ သတင်း အချက်အလက် ဖြန့်ဝေမှုကို ကူညီရန် အနောက် နိုင်ငံများက ကမ်းလှမ်းထား


Posted on 09 Feb 2012 / 0 Comment
Tweet



“US Aid က အကူအညီပေးရေး program တွေဆွေးနွေးထားတယ်။ နောက်ထပ်တော့ သူတို့နဲ့ ထပ်မတွေ့ရသေးဘူး။ ကျန်တဲ့ program တွေက program in progress သွားနေတာပဲ။ လက်ရှိအချိန်ထိ ဆွေးနွေး နေတာ အဖွဲ့လေးခု ရှိတယ်။ Us Aid, Rhymes အီတလီသံရုံး၊ နယ်သာလန်နိုင်ငံက ကမ်းလှမ်း ထားတာပါ။ Rhymes က စီမံကိန်းလေးခု ကမ်းလှမ်းထားတယ်။ ပထမဆုံး က မြေငလျင်နဲ့ ပတ်သက်ပြီး ကူညီဖို့၊ ဒုတိယတစ်ခုက ကြိုတင် သတိပေးချက် နဲ့သက်ဆိုင် တယ်။ တတိယအချက်က လယ်သမား တွေအတွက် သင်တန်း ကျောင်းဖွင့်ပေးဖို့၊ စတုတ္ထကမ်းလှမ်းမှုကတော့ ဆူနာမီ သတင်းအချက်အ လက်တွေ အတွက် ကူညီဖို့ဖြစ်တယ်။ အီတလီသံရုံး ကတော့ ပညာတော် သင်အတွက်ကမ်းလှမ်းတာ။ နယ်သာလန်နိုင်ငံ ကတော့ early warning အတွက်ကမ်းလှမ်းထားတာပါ။ အခုအချိန်မှာ သူတို့ကလည်း ချိန်ရတာ ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အစိုးရဘက်ကလည်း တအား ပွင့်သွားတော့ အခုဆိုရင် အစိုးရဘက်မှ တစ်ဆင့် အကူအညီပေးမှု တွေလည်း လုပ်လို့ရနေပြီလေ။ အရင်တုန်းကတော့ အဲဒီလို မရတော့ အပြင်ကိုပဲလာ တာပေါ့။ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနလည်း သူ့ဟာသူတော့ ကမ်းလှမ်းမှု ရရှိထားမှာပါ။ အတိအကျတော့ မသိဘူး” ဟု ဒေါက်တာထွန်း လွင်က ပြောကြားသည်။

Read more →
ရောက်တတ်ရာရာ

ကားပါမစ် လျှောက်ထားသည့် နိုင်ငံခြား သင်္ဘောသား ၃၀၀ ကျော်ကို ပါမစ် ထုတ်ပေးပြီး ဖြစ်


Posted on 09 Feb 2012 / 0 Comment
Tweet



လက်ရှိ တွင် တရားဝင်အခွန် ဆောင်ပြီး၊ မိမိဘဏ် စာရင်းတွင် အ မေရိကန်ဒေါ်လာ ၁၀,၀၀၀ နှင့်အ ထက်ရှိသော နိုင်ငံခြား သင်္ဘောသား များကို ကားတင် သွင်းခွင့်ပြုခဲ့ရာ ဇန် န၀ါရီ လကုန်ပိုင်း တွင်သတ်မှတ်အစီး ရေ ၃,၀၀၀ ပြည့် လာရောက် လျှောက် ထားပြီးဖြစ်၍ သင်္ဘောသားများ ကားတင်သွင်းခွင့် လျှောက်ထားမှုကို ယာယီ ရပ်ဆိုင်းထားကြောင်း၊ လက် ရှိအချိန်တွင် နိုင်ငံခြား သင်္ဘောသား သောင်းနှင့် ချီရှိ၍ ကားသွင်းခွင့်များ ထပ်မံ ခွင့်ပြုရန် သင်္ဘောသားအများ စုက လိုလား နေကြောင်း နိုင်ငံခြား သင်္ဘောသား များက ဆိုသည်။
“အခု ကျွန်တော်တို့ သင်္ဘော သားတွေ ကားတင်သွင်းခွင့် လျှောက် တဲ့အခါ ကိုယ်တိုင်ပဲ လျှောက်ထားရ တယ်။ ကိုယ်စားလှယ် လွှဲလို့မရဘူး။ တကယ်လို့ သင်္ဘောပြန်တက်ဖို့ ကြုံ လာရင်တော့ ကိုယ်စားလှယ် လွှဲပြီး လျှောက်ထားချင်တယ်။ အခုက ကျွန်တော်ကကားတင်သွင်းခွင့်ကိုစာ ရွက်အကြမ်း ရောင်းဖို့လုပ်နေတယ်။ ကားတင်သွင်းခွင့် ကအခု ၃,၀၀၀ ပြည့်လို့ လျှောက်လွှာ လက်မခံတော့ တဲ့အတွက် စာရွက် အကြမ်း ရောင်း ဈေးတွေကျ လာတယ်။ အရင်က ၁၇ သိန်းအထိ ပေါက်ဈေးရှိတယ်။ အခု ၁၃ သိန်းအထိ ဈေးကျလာတယ်။ အ ကျိုးဆောင် တွေကတော့ ကားသွင်း ခွင့် ထပ်ရရင် ပြန်လျှောက် ပေးဖို့ကြို ၀ယ်ထား တာလို့ပြောတာပဲ” ဟု နိုင်ငံ ခြားသင်္ဘောသား တစ်ဦးက ဖေဖော် ၀ါရီ ၁ ရက်တွင်ပြောကြားသည်။

Read more →
အလုပ်အကိုင်

ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ ငါးဖွဲ့ ထိုင်းနိုင်ငံသို့ ဝင်ရောက် ဆောင်ရွက်ခွင့် နှစ်နိုင်ငံ သဘောတူညီ ချက် ရရှိ


Posted on 09 Feb 2012 / 1 Comment
Tweet



ယခုကဲ့သို့ ယာယီ နိုင်ငံကူးလက် မှတ်ထုတ် ပေးရေးအဖွဲ့ငါးဖွဲ့ ထိုင်း နိုင်ငံသို့ ၀င်ရောက်ရန် သဘောတူ ထား ပြီးဖြစ်၍ အဆိုပါအဖွဲ့ ငါးဖွဲ့ကို မ ကြာမီ စေလွှတ်သွား မည်ဖြစ်ကြောင်း၊ ယာယီနိုင်ငံ ကူးလက်မှတ် ပုံစံအသစ် ဖြစ်သည့် အရောင်ပါ စာအုပ်များကို ပြောင်းလဲ ထုတ်ပေးရန်ကိုလည်း သဘောတူ ထားကြောင်း၊ ယာယီနိုင်ငံ ကူး လက်မှတ်သက်တမ်းတိုးဆောင် ရွက်ရာတွင် ယခင်က ဘတ် ၂,၀၀၀ ကျသင့်သော်လည်း ယခုဘတ် ၅၀၀ ကောက်ခံ သွားရေးကို သဘောတူ ထားပြီးဖြစ်ကြောင်း ဒုတိယ ညွှန် ကြားရေးမှူးချုပ် ဦးမျိုးအောင် က ဆို သည်။ ”ဒီအဖွဲ့ငါးဖွဲ့က ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ဘာ အထောက်အ ထာမှမရှိတဲ့ မြန်မာ အလုပ်သမား တွေကို တရားဝင် အထောက်အထား တစ်ခုရှိအောင် ယာယီနိုင်ငံကူးလက် မှတ်တွေထုတ် ပေးသွားမှာပါ။ မြန်မာ အလုပ် သမားတွေအနေနဲ့ တရားဝင် အထောက်အထားမရှိဘူးဆိုရင် တ ရားဝင် အလုပ်သမားမဟုတ်တဲ့အ တွက် အချိန် မရွေးအဖမ်းခံရနိုင်ပါ တယ်။ ဒီအလုပ် သမားတွေရဲ့အကျိုး ကို ကာကွယ်ပေးဖို့အတွက် အခုလို အဖွဲ့တွေ စေလွှတ်ဖို့ ထိုင်းအစိုးရကို တင်ပြ ထားတာ အခု နှစ်နိုင်ငံ သဘော တူညီချက် ရရှိထားပြီးဖြစ်ပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုး အောင်က ဆိုသည်။

Read more →

နယ်စပ်ဝင်ပေါက်မှ စာသုံးဆီ အဆမတန် ဝင်ရောက်မှုကြောင့် မန္တလေး စားသုံးဆီ ထုတ်လုပ်ရေး လုပ်ငန်းရှင်များ တွက်ချက် မကိုက်ဟုဆို


Posted on 09 Feb 2012 / 0 Comment
Tweet



“ပဲဆီအသန့် ဆိုတာက တစ်ပိဿာကိုကျပ် ၄,၀၀၀ လောက်နဲ့မှရ တယ်။ အဲဒီအတိုင်းကို ဈေးကွက်ထဲ မှာနေရာမရှိဘူး”ဟု မန္တလေးမြို့အ ခြေစိုက်ဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စားအုန်းဆီ တင်သွင်းခွင့်အား ယခင်ကတစ်ဦး တည်းမူပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်မှ တင်သွင်းခဲ့ရာမှ အစိုးရ သစ်လက်ထက်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များအား တင်သွင်း ခွင်းပြုခဲ့ပြီး နောက်ပိုင်းတွင် ဈေးနှုန်း များလည်း တောက်လျှောက် ကျဆင်းခဲ့ကြောင်း၊ ယင်းအခြေ အနေများ ကြောင့် ပဲဆီဈေးကွက် တွင် အရောအနှောများလည်း ပါဝင်လာကြောင်း၊ သို့သော် ပဲဆီထုတ် လုပ်သည့်စက်ရုံများ အနေဖြင့် တစ်ပတ်ကြာ ဆီကြိတ် ပြီးပါက တစ်ပတ်ရပ် နားထားရကြောင်း မန္တလေး ဆီလုပ်ငန်းရှင်အသိုင်း အ၀ိုင်းက ပြောသည်။
ယင်းကဲ့သို့ ပဲဆီများ ကိုရောနှောရာတွင် တရုတ်နိုင်ငံဘက်မှဝင် ရောက်လာသော ပဲပုပ်ဆီများ ကိုအသုံးပြုခဲ့ရာမှ ယခု နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှတင်သွင်းသည့်ဆီများလည်း တရားမ၀င် ၀င်ရောက် ကြောင်း သိရသည်။

Read more →
နိုင်ငံရေး

ကြားဖြတ် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရေးမှာ မြန်မာ နိုင်ငံ အတွက် အဓိက ကျကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး သံတမန် ပြောကြား


Posted on 09 Feb 2012 / 0 Comment
Tweet



“လာမယ့်ကြားဖြတ် ရွေးကောက် ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ ဆက်ဆံရေး အားလုံးအတွက် အလွန်အရေးကြီးပါ တယ်။ ကျွန်တော်ဟာ အခုခရီးစဉ်အ တွင်း မနေ့က ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်နဲ့ တွေ့ဆုံပြီး အသေးစိတ် ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုညှိနှိုင်း ဆွေးနွေးမှုတွေကို ကြားဖြတ် ရွေးကောက်ပွဲ မှာ ဘယ်လို ရှေ့ဆက် အ ကောင်အထည် ဖော်မလဲဆိုတာ ကျွန် တော် အနီးကပ် စောင့်ကြည့်လေ့လာ မှာပါ” ဟု မစ္စတာကွင်တားနားက အဆို ပါ စာနယ်ဇင်း တွေ့ဆုံပွဲတွင်ပြောသည်။
မြန်မာနိုင်ငံ ကို ထပ်မံ လာရောက် ၍ လူ့အခွင့်အရေး ဆိုင်ရာ အကဲဖြတ် လေ့လာမှုများ ပြုလုပ်ရန် ခွင့်ပြုခဲ့ သည့် အတွက် ကျေနပ် ၀မ်းမြောက်မိကြောင်း၊ လူ့အခွင့် အရေး ကိစ္စရပ်များကို လေ့လာ ပြီးကုလသမဂ္ဂ တွင်ပြန်လည် ဆွေးနွေးမည် ဖြစ်ကြောင်း၊ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာမှုဆိုင်ရာ အသေးစိတ် အကဲဖြတ် လေ့လာမှုပြုလုပ် မည်ဖြစ်ကြောင်း၊ ယခု ခရီးစဉ် တွင် မြန်မာအစိုးရ တာဝန်ရှိသူ များ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှု သည် မိမိအတွက် အရေးကြီးကြောင်း မိမိအနေ ဖြင့် ခရီးစဉ်ပြီးဆုံး သည့်အခါ ကုလ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ ထံသို့ အလွန်တရားမျှ တသည့် အစီရင်ခံစာ တစ်စောင်ကို ထည့် သွင်း မည်ဖြစ်ကြောင်း မစ္စ တာကွင် တားနားက ပြော ကြားသည်။

Read more →

မြန်မာ့အရေး ဝက်ဘ်ဆိုက်တွင် လွှတ်တော် ကိုယ်စားလှယ် နှင့် ကိုယ်စားလှယ်လောင်းများ အတွက် ရည်ရွယ်၍ သုတေသန စစ်တမ်း တွေ့ရှိချက်များ ကို ဖော်ပြထား


Posted on 09 Feb 2012 / 2 Comments
Tweet



“အဲ့ဒီဝက်ဘ်ဆိုက်မှာ မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးစစ်တမ်း၊ ပညာရေးစစ်တမ်း တွေကိုတင် ထားတယ်။ နောက်ပြီး နိုင်ငံရေးနဲ့ ပတ်သက်ပြီး စစ် တမ်းတွေကိုလည်း ပြုလုပ်ထားတယ်။ အဲဒါက သမ္မတသစ် မိန့်ခွန်းနဲ့ ပတ်သက်ပြီး လူတွေရဲ့ကြိုက်နှစ် သက်မှု အခြေအနေ၊ သမ္မတ သစ်တက်ခါစနဲ့ အခုပြည်သူ တွေက သမ္မတ ကို ဘယ်လောက် လူကြိုက်များလာ တယ်ဆို တာကို စစ်တမ်း တွေလုပ်တယ်။ လွှတ်တော် ကိုယ် စားလှယ်တွေ၊ ကိုယ်စားလှယ် လောင်းတွေအနေနဲ့လည်း သူတို့ရဲ့ သက်ဆိုင်ရာဒေသရဲ့ လိုအပ်ချက် တွေကိုသိနိုင် မယ်။ တစ်ခါတလေ မှာ ကိုယ်က သူတို့လိုအပ်မယ်လို့ ထင်တာနဲ့ သူတို့ လိုအပ်တာနဲ့ ကွာဟ နေတာတွေရှိတတ် တယ်။ သူတို့ ဘာလိုအပ်တယ်ဆိုတာကို ကိုယ်စားလှယ် တွေ၊ ကိုယ်စားလှယ် လောင်းတွေသိတော့ ပိုခရီးရောက် တယ်” ဟု ယင်းကပြောသည်။

Read more →

ကြားဖြတ် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် လောင်းများ စည်းရုံးရေး လုပ်ငန်းများ ပြုလုပ်ရန် ကြိုတင် ခွင့်ပြုချက် တောင်းခံရမည်


Posted on 09 Feb 2012 / 0 Comment
Tweet



ကြားဖြတ် ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်းများ အနေဖြင့် စည်းရုံး ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာရွေးကောက်ပွဲကော်မ ရှင်သို့ ကြိုတင်ခွင့်ပြုချက်ရယူရမည် ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာချက်ထုတ်ပြန် ထားသည်။

လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့ ပါတီဌာနချုပ်နှင့် ရုံး ခွဲ များတွင် ဟောပြော စည်းရုံးနိုင် ကြောင်း၊ ယင်းသို့ပြုလုပ် ရာတွင် ခွင့် ပြုချက်လျှောက် ထားရန်မလိုဘဲ သက်ဆိုင်ရာရွေးကောက်ပွဲကော်မ ရှင်သို့ အသိပေးရန်သာ လိုအပ် ကြောင်း၊ သို့သော် ပါတီရုံးများမှအပ အခြားနေရာများတွင်စုဝေးဟော ပြောခြင်းပြုလုပ် လိုလျှင် သတ်မှတ် ထားသော စည်းကမ်းချက် များနှင့် အညီ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် သို့ ၇ ရက်ကြိုတင်ပြီး ခွင့် ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ် သက်၍ ကြားဖြတ် ရွေးကောက်ပွဲ တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံ ရေးပါတီ များမှ ဒီမိုကရေစီစနစ် ကို သွားသည့်ရည်မှန်းချက်တွင် ယင်း ကိစ္စ များအနေဖြင့် အဟန့်အတား တစ်ခုဖြစ် ကြောင်း၊ မဲပေးပိုင်ခွင့်ရှိ သည့် ပြည်သူများအားစည်းရုံးရာ တွင် ယင်းကဲ့သို့စည်းကမ်းချက်များ ကြောင့် အခက်အခဲ တွေ့နိုင်ကြောင်း သုံးသပ်ပြောကြားကြသည်။

Read more →

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ် အတွင်းရှိ ၃၃ မြို့နယ်မှ အမှိုက်များ သတ်မှတ် အမှိုက်အိတ်ဖြင့် စွန့်ပစ် ရမည်


Posted on 09 Feb 2012 / 0 Comment
Tweet



ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့ နယ်တွင် လာမည့်ဧပြီ ၁ ရက်မှစတင်၍ လက်ရှိစွန့်ပစ်နေသောအမှိုက် များအား အမှိုက်စို၊ အမှိုက်ခြောက်ဟူ၍ ခွဲခြားသတ်မှတ်ကာ သတ်မှတ် ထားသော အမှိုက်စွန့်ပစ်အိတ်ဖြင့်သာ ချည်နှောင်စွန့်ပစ်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုဌာနမှူးကပြောသည်။

“လောလောဆယ် အမှိုက်စွန့် ပစ်နေကြတာက အားလုံး ရောနှောပြီး စွန့်ပစ်နေကြတာတွေပဲ။ လာမယ့်ဧပြီ ၁ ရက်ကစပြီး အမှိုက် တွေကို အစို၊ အခြောက်ခွဲပြီး သတ်မှတ် ထားတဲ့ အမှိုက်စွန့်ပစ် အိတ်နဲ့ ချည်နှောင် စွန့်ပစ် ရတော့မယ်။ အဲဒီနေ့က နေစပြီး သတ်မှတ်အမှိုက် စွန့်ပစ်အိတ်နဲ့ မပစ်တဲ့ အမှိုက်တွေကို လက်ခံ သိမ်းဆည်းပေးတော့ မှာမဟုတ်ပါဘူး။ အမှိုက် စွန့်ပစ် အိတ်အတွက် အမှိုက်စို ကို အပြာနုရောင်အိတ်၊ အမှိုက်ခြောက် ကို အစိမ်းနု ရောင်အိတ် ဆိုပြီး သတ်မှတ် ထားပါတယ်” ဟု ဆိုသည်။

Read more →
နိုင်ငံရေး

ကြားဖြတ် ရွေးကောက်ပွဲတွင် ရာနှုန်းပြည့် ရစေရန် ကြိုးစား လုပ်ဆောင် သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


Posted on 09 Feb 2012 / 0 Comment
Tweet



“ယူဆတယ်ဆိုတာ ထက် အလုပ်လုပ် ရမှာပဲ အန်တီတို့အမြင် ကတော့ ရာနှုန်းပြည့် ရမလား မရ ဘူးလား။ အဲလို တော့ မမြင်ဘူး။ ယူ ဆထား တာတို့ မျှော်မှန်းထားတာတို့ အဲဒီလိုတော့ မရှိဘူး။ ရာနှုန်းပြည့် ရအောင် ကြိုးစားပြီးတော့ အလုပ် လုပ်မယ်။ ဒီလိုပဲ စိတ်ထဲမှာ ထားပါ တယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ကြားဖြတ် ရွေးကောက်ပွဲ တွင် အနိုင်ရရှိရေးနှင့် ပတ်သက်၍ ၎င်း၏ ထင်မြင်ယူဆချက် ကို ပြောကြားခဲ့ သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်က ကြားဖြတ် ရွေးကောက်ပွဲ တွင် ကော့မှူး မဲဆန္ဒနယ်မှ ၀င် ရောက်အရွေးခံသွားမည်ဖြစ်ပြီး အဆိုပါမဲဆန္ဒနယ်တွင် ကရင်တိုင်း ရင်းသားများ နေထိုင်ပြီး ကရင်တိုင်း ရင်းသား များနှင့် နီးနီးကပ်ကပ် ဆက် ဆံနိုင်အောင် ရည်ရွယ်၍ ရွေးချယ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ကော့မှူးမဲဆန္ဒ နယ်သို့ စည်းရုံးရေးခရီးစဉ်ကို ဖေ ဖော်ဝါရီ ၁၁ ရက်တွင် သွားရောက် ရန် စီစဉ်ထားကြောင်း၊ မိမိ မဲဆန္ဒနယ် ဖြစ်၍ အကြိမ်များများ သွားရောက် ရန်လည်း ရည်ရွယ် ထားကြောင်း ၎င်းက ဆိုသည်။

Read more →
စီးပွားရေး

MCC ကားပြပွဲ အပြီး နှစ်ပတ် အတွင်း ကားအရောင်း အဝယ် ငြိမ်သက် သွားတဲ့ ပြည်တွင်း ကားဈေးကွက်


Posted on 09 Feb 2012 / 0 Comment
Tweet



“ကားပြပွဲပြီးရင် ကားဈေးကွက် တက်လာမယ်လို့ အရောင်း အ၀ယ် လုပ်ငန်းရှင်တော်တော်များများက မှန်းထားကြတာပဲ။ ကားပြပွဲ တုန်းက လည်း ပွဲစားတန်းကားဝိုင်း တွေထဲမှာ အရောင်း အ၀ယ်နည်းပြီး ၀ယ်လက် ပျောက် သွားတယ်။ ကားပြပွဲ အပေါ် လူအားလုံး စိတ်ရောက် သွားတာလည်း ပါတယ်။ အခု ကားပြပွဲပြီးလို့ နှစ်ပတ် အတွင်းမှာ ကားဈေး ကွက်ပြန်ငြိမ် နေတယ်။ ကုမ္ပဏီက တင်သွင်းတဲ့ ကား တချို့ဝိုင်းထဲ ရောက်လာပေမယ့် အကြိုက်နည်းပြီး အရောင်း အ၀ယ် ပါနည်း နေတယ်။ ဒီလပိုင်း တွေထဲမှာ လည်း ပါမစ် တင်သွင်းခွင့် ရထားတဲ့ ကုမ္ပဏီတွေက show room တွေ ဖွင့်ပြီး အရောင်းအ၀ယ်လုပ်ကြမယ့် အချိန်ဆိုတော့ ကားဈေးကွက် ပါ ရုတ်တရက် လိုက်ငြိမ်သွားတဲ့သဘော ပါပဲ။ လောလောဆယ် တော့ အမြင့် ကားဈေးကွက် ထက် အောက်ကား ဈေးကွက် ပိုသွက်နေတယ်”ဟု ဟံ သာဝတီ ကားဝယ်ရောင်းစခန်း(ရန် ကုန်) မှ ၀ါရင့်ဝယ် ရောင်းပွဲစားကြီး တစ်ဦးက ပြောသည်။

လက်ရှိ အချိန်ကာလ တွင်လည်း ပြည်တွင်း ကားဝယ်ရောင်း ဈေးကွက် အတွင်း အသစ်ထပ်မံ ၀င်ရောက်လာ သည့် မော်ဒယ်သစ် များအနက် အ ချို့မော်ဒယ် နိမ့်ကားများ မှာလူကြိုက် နည်း အရောင်းအ၀ယ်လည်းနည်းနေ ၍ အမြင့်ကားတချို့သာအရောင်း အ၀ယ်ဈေးကွက်မြင့်မားနေကြောင်း သိရသည်။

Read more →
12345Next ›Last »

0

subscribers

105

followers

  • နောက်ဆုံးထွက် issue – PDF version

  • လတ်တလောသတင်းများ

    • ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ရန် စီစဉ်
    • ဒုတိယ အကြိမ် မြန်မာ နိုင်ငံ ခရီးစဉ်တွင် အပြုသဘော ဆောင်သည့် လက္ခဏာများ တွေ့ရှိ ရ သော်လည်း စိုးရိမ် ပူပန်စိတ် ဖြစ်ပေါ်ဆဲ ဖြစ်ကြောင်း ကုလ သမဂ္ဂ လူ့အခွင့် အရေး သံတမန် ပြောကြား
    • နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ အလွယ်တကူ ရရှိရန် “မိုးပွင့်” စီမံချက်ဖြင့် သတ်မှတ် ၆ ကျပ် နှုန်းထား အတိုင်း ဆောင်ရွက်ပေးမည်
    • ဗထူး အားကစားကွင်းကို အားကစား နှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင် သာ အသုံးပြုရန် ညွှန်ကြားထား
    • ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အများပြည်သူ အတွက် အကျိုးမရှိသည့် အပိုင်းများ ပြင်ဆင်သင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
  • Find us on Facebook

  • Popular Posts

    • SSC ဆေးရုံ နှင့် ပတ်သက်၍ Hot News ဂျာနယ် မှ ကြေညာ ချက် ထုတ်ပြန်
      July 11, 2011
    • မွေးဖွား ရမည့် ရက်ကို မှားယွင်း တွက်ချက်ပြီး မွေးဖွား ခဲ့ခြင်းကြောင့် ကလေးငယ် သေဆုံး ခဲ့သည့် ကိစ္စ
      November 14, 2011
    • အင်တာနက်မှ တစ်ဆင့် VoIP နိုင်ငံခြား ခေါ်ဆိုမှု ခွင့်မပြု ကြီးကြပ် ကွပ်ကဲရန် နှင့် ဥပဒေအရ အရေးယူ ဆောင်ရွက်မည့် အကြောင်း သိရ
      March 21, 2011
    • မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းေ ကြာင့် ရေလွှမ်းမိုးမှု အန္တရာယ် ကာကွယ်နိုင်
      May 2, 2011
    • Myanmar Mini Saloon ကားဈေးကွက် ရေပန်းစား ကျပ်သိန်း ၁၅၀ အထိ ဈေးခေါ် လျက်ရှိနေ
      May 2, 2011
  • သတင်းရှာဖွေရန်

  • အပြန်အလှန်

    • အမည်မသိ on မြန်မာ့အရေး ဝက်ဘ်ဆိုက်တွင် လွှတ်တော် ကိုယ်စားလှယ် နှင့် ကိုယ်စားလှယ်လောင်းများ အတွက် ရည်ရွယ်၍ သုတေသန စစ်တမ်း တွေ့ရှိချက်များ ကို ဖော်ပြထား
    • အောင်အောင် on မြန်မာ့အရေး ဝက်ဘ်ဆိုက်တွင် လွှတ်တော် ကိုယ်စားလှယ် နှင့် ကိုယ်စားလှယ်လောင်းများ အတွက် ရည်ရွယ်၍ သုတေသန စစ်တမ်း တွေ့ရှိချက်များ ကို ဖော်ပြထား
    • ဆလိုင်းခွဲယန် on ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ ငါးဖွဲ့ ထိုင်းနိုင်ငံသို့ ဝင်ရောက် ဆောင်ရွက်ခွင့် နှစ်နိုင်ငံ သဘောတူညီ ချက် ရရှိ
    • zar ni on ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ ရသူများ ၊ ကြားဖြတ် ရွေးကောက်ပွဲ နှင့် နယ်စပ်ပဋိပက္ခ များ အကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဆွေးနွေး
    • pyiphyohun on မွေးဖွား ရမည့် ရက်ကို မှားယွင်း တွက်ချက်ပြီး မွေးဖွား ခဲ့ခြင်းကြောင့် ကလေးငယ် သေဆုံး ခဲ့သည့် ကိစ္စ
  • ဆက်သွယ်ရန်

    United Media Group

    အနောက်မြင်းပြိုင်ကွင်းလမ်း နှင့် ဆရာစံ လမ်းထောင့် ၊ ရန်ကင်း မြို့နယ်။ ရန်ကုန်မြို့။
    ဖုန်း – ၄၀၀၀၃၅ ၊ ၅၄၂၅၃၅
    ၅၄၄၇၃၆ (ကြော်ငြာ)

  • ကဏ္ဍများ

    • Featured
    • ကျန်းမာရေး
    • ခရီးသွား
    • စီးပွားရေး
    • ဆက်သွယ်ရေး
    • နည်းပညာ
    • ပညာရေး
    • မန္တလေး သတင်းများ
    • ရန်ကုန်သတင်းများ
    • ရာသီဥတု
    • သဘာဝပတ်ဝန်းကျင်
    • အလုပ်အကိုင်
    • အားကစား
    • နေပြည်တော် သတင်းများ
    • ပေးစာ ကဏ္ဍ
    • ဖျော်ဖြေရေး
    • ရောက်တတ်ရာရာ
    • မြန်မာနိုင်ငံရေးရာ
    • နိုင်ငံရေး
  • Archives

    • February 2012
    • January 2012
    • December 2011
    • November 2011
    • October 2011
    • September 2011
    • August 2011
    • July 2011
    • June 2011
    • May 2011
    • April 2011
    • March 2011



Copyright © 2011. The Myanmar Post | Your Reliable News Partner
Web site designed by Cyber Spectrum