ဆေး သုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) က ကြက်ဥမှ မြွေပွေးဆိပ် ဖြေဆေးကို အောင်မြင်စွာ ထုတ်လုပ် နိုင်သည့် အတွက် အောင်မြင်မှု အခမ်း အနား ကို မတ် ၆ ရက်က ဒဂုံမြို့နယ်၊ ဇီ ၀ကလမ်းရှိ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) မှာကျင်းပ ခဲ့သည်။
ကြက်ဥမှ မြွေပွေးဆိပ် ဖြေဆေးထုတ် လုပ်နိုင်ရန် အတွက် ကြက်များကို စနစ် တကျ မွေးမြူ၍ မြွေပွေး ဆိပ်ကို သတ်မှတ် ထားသော အချိန်အဆ ဖြင့် ထိုးနှံ ထားရ သည်။ သတ်မှတ် ထားသည့် အချိန်တွင် ကြက်ဥများကို စုဆောင်းပြီး ကြက်ဥ များ အတွင်းရှိ မြွေပွေး ဆိပ်ဖြေဆေး ကို ဓာတ် ခွဲခန်း ၌ အဆင့်ဆင့် ထုတ်ယူ ခဲ့သည်။ ထုတ် ယူ ရရှိခဲ့သော မြွေပွေး ဆိပ်ဖြေဆေး ၏ အာနိသင်ကို သိရှိ နိုင်ရန် ကြွက်ဖြူများ တွင် ဆေးပမာဏ အချိုးအစား အမျိုးမျိုး ဖြင့် စမ်းသပ် ခဲ့ကြောင်း သိရသည်။
မြွေပွေး ကိုက်ခံရသော လူနာ တစ်ဦး အတွက် အသင့် တော်ဆုံး မြွေပွေး ဆိပ် ဖြေဆေး ပမာဏ သည် စီစီ ၁၅၀ ဖြစ်ပြီး ကုန်ကျ စရိတ် အနေဖြင့် ကျပ် ၄,၅၀၀ မှ ကျပ် ၅,၀၀၀ အထိသာ ကျသင့်သည်။ ကြက်ဥမှ ထုတ်လုပ် သော မြွေပွေးဆိပ် ဖြေဆေး ထိုးနှံ ကုသ စမ်းသပ်မှု များကို တိုက်ကြီးမြို့နယ် ဆေးရုံတွင် ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီ ကလည်းကောင်း၊ သာယာဝတီ ခရိုင် ဆေးရုံတွင် ၂၀၀၉ ခုနှစ်၊ မေမှ ဇွန် အထိ တစ်ကြိမ်နှင့် အောက်တိုဘာ မှ ဒီဇင် ဘာ အထိလည်းကောင်း မြွေပွေး ကိုက်ခံရ သော လူနာ များတွင် သဘောတူ ခွင့်ပြု ချက်ဖြင့် စမ်းသပ် ကုသမှုများ ပြုလုပ်ခဲ့ သည်။ ထို ကာလအတွင်း စမ်းသပ်မှု တွင် ပါဝင်ပြီး ကုသ ခဲ့သော လူနာအရေ အ တွက် ၂၃ ဦးရှိပြီး ၁၉ ဦး ကုသမှု အောင် မြင်ခဲ့သည့် အတွက် ရာခိုင်နှုန်း အားဖြင့် ၈၂ ရာခိုင်နှုန်း ရှိသည်။
“ ပြီးခဲ့တဲ့ ကဆုန်လပြည့်က မြွေကိုက် ခံရတာပါ။ ညနေ ၆ နာရီ လောက်မှာပါ။ သာယာဝတီ ခရိုင်ကို သွားတော့ ဆရာတွေ က မြွေဆိပ်ဖြေဆေး အသစ် အကြောင်း ပြောပြ ပါတယ်။ ဆေးသစ် ထိုးတာ လက် ခံကြောင်း လက်မှတ် ထိုးပေး ရပါတယ်။ အဲဒီ အတွက် ဆေးဖိုး မပေးရပါဘူး။ အဲဒီ မြွေဆိပ် ဖြေဆေး ထိုးပြီးတော့ သိပ်ထူးထူး ခြားခြား မဖြစ်ခဲ့ပါဘူး။ ဆရာ တွေက ဆေး ရုံတက် နေတဲ့အချိန် ကလည်း တောက် လျှောက် ကြည့်ရှု ပေးပါတယ်။ ဆေးရုံ ဆင်းပြီး နောက်ပိုင်းလည်း နှစ်လ တစ်ခါ လောက် အခြေအနေ လာကြည့် ပါတယ်” ဟု ကြက်ဥမှ ထုတ်လုပ်သော မြွေပွေးဆိပ် ဖြေဆေးဖြင့် ကုသမ ခံယူ သော အသက် ၂၇ နှစ် အရွယ်ရှိ သာယာဝတီ ခရိုင်၊ ဇိမ်ဇာ ကျေးရွာ နေ မပပ၀င်းက ပြောသည်။
လက်ရှိတွင် ကြက်ဥမှ မြွေပွေးဆိပ် ဖြေဆေး ထုတ်လုပ်မှုမှာ အနည်းငယ် သာ ရှိသော်လည်း မကြာမီတွင် တစ်နိုင်ငံ လုံး၌ ရရှိနိုင်မည့် ပမာဏကို ၀န်ကြီးဌာန တစ်ခု နှင့် ပူးပေါင်း၍ ထုတ်လုပ် သွားမည်ဖြစ် ကြောင်း၊ ပြင်ပ ဈေးကွက်တွင် လုံးဝ ဖြန့်ချိမည် မဟုတ်ဘဲ ပြည်သူ့ ဆေးရုံများ တွင်သာ ရရ နိုင်မည် ဖြစ်ကြောင်း သိရ သည်။
“အရင်က မြွေဆိပ် ဖြေဆေးကို မြင်း ကနေ ထုတ်ပါတယ်။ အဲဒါက စရိတ်အ များကြီး ကုန်ကျပါတယ်။ ကြက်ဥ ကနေ ထုတ်လုပ် တာက ကုန်ကျစရိတ် အများ ကြီး သက်သာ သွားပါမယ်။ ကြက်ကိုမွေး ပြီး ထုတ်ရတာ ကြောင့် ကြက်ရဲ့ပျမ်းမျှ သက်တမ်း နှစ်လအတွင်း အပြည့် အ၀ ထုတ်နိုင်ပါတယ်။ နှစ်လကို ပုံမှန် ပုလင်း တစ်ထောင်လောက် ထုတ်လုပ် နိုင်ပါတယ်” ဟု ဆေးသုတေသန ဦးစီးဌာန (အောက် မြန်မာပြည်) ၏ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ မျိုးခင်က ပြောကြား ခဲ့သည်။
ခင်နွယ်ဝင်း
Share


