မြန်မာနိုင်ငံ အတွက် စံပြု ထိုက် သော Green Hotel များအဖြစ် ၂၀၁၀ -၂၀၁၁ ခုနှစ် အတွက် ဆုများကို ရွေးချယ် ခဲ့ရာ မြန်မာ နိုင်ငံမှ အာဆီယံ Green Hotel ဆုရရှိသော ဟိုတယ် ဆယ်လုံး မှာ ရန်ကုန်မှ Inya Lake Hotel, Mya Yeik Nyo Royal Hotel ၊ အင်းလေးမှ Inle Khaung Daing Village Resort ၊Inlay Princess Resort ၊ ပြင်ဦးလွင်မှ နန်းမြိုင်ဟို တယ်၊ ပုဂံမှ Aureum Palace Hotel Resort ၊ ငပလီ မှ Amata Resort & Spa ၊ ငွေ ဆောင်မှ Bay of Bengal Resort ၊ ပြည်မှ Mingalar Garden Resort ၊ တောင်ငူမှ Royal Kaytumadi Hotel တို့က အာဆီယံ Green Hotel ဆုများကို ရရှိခဲ့ကြသည်။
Green Hotel အတွက် စံနှုန်းသတ်မှတ် ရာတွင် အာဆီယံအတွင်းရှိ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် စွမ်းအင် ချွေတာရေး လုပ်ငန်းရပ် များကို မူဝါဒများ ချမှတ်ကာ လက်တွေ့လုပ်ငန်း လုပ်ကိုင် နေသော ဟိုတယ်များကို Green Hotel ဟူ၍ သတ်မှတ်ပြီး ဆုများကို ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆုများကို ဘရူနိုင်း နိုင်ငံတွင် အာဆီယံ ခရီးသွားပြပွဲ (ATF – 2010) နှင့် ၁၃ ကြိမ်မြောက် အာဆီယံ ခရီးသွား လုပ်ငန်း ၀န်ကြီး များ အစည်းအဝေး ကျင်းပခဲ့သော ၂၀၁၀ ပြည့် နှစ်၊ ဇန်န၀ါရီ ၂၁ရက် တွင် ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ် စိုးနိုင် နှင့် အဖွဲ့ တက်ရောက်ကာ မြန်မာနိုင်ငံဟို တယ် ၁၀လုံး အား ချီးမြှင့်သည့် ဆုများကို ကိုယ်စား လက်ခံ ယူခဲ့ကြောင်း သိရသည်။
အာဆီယံ အဖွဲ့ချုပ်မှ Green Hotel ဆု အတွက် စံနှုန်း ၁၁ ချက် ပေါ် မူတည်ပြီး Green Hotel Standard ဆု များကို ရွေးချယ် ခဲ့သည့် အပြင် လုပ်ငန်း ဆောင်ရွက် နိုင်မှုနှင့် ၀န်ဆောင်မှု စွမ်းရည် များကို ထပ်ဆင့် အကဲ ဖြတ်ကာ ဒေသ စုံမှ ဟိုတယ်များ ပါဝင်အောင် အလေးထား စိစစ် ရွေး ချယ် ခဲ့ကြောင်း ဟိုတယ် နှင့် ခရီး သွားလာရေး လုပ် ငန်းဝန် ကြီးဌာန တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။ ဆုများကို ရွေးချယ် ရာတွင် နှစ်နှစ် တစ်ကြိမ် ရွေးချယ်ပြီး တစ်နှစ် တစ်ကြိမ် အာဆီယံ အဖွဲ့ဝင် နိုင်ငံ များတွင် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပ သော အာဆီယံ ခရီးသွား လုပ်ငန်း ၀န်ကြီး များ အစည်းအဝေး တွင် ချီးမြှင့်ခဲ့သည်။ ဆုရရှိ သော ဟိုတယ်များကို မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းကြီး၏ နှစ်ပတ်လည် အစည်း အဝေး တွင် ဆုများကို ချီးမြှင့် သွားမည်ဖြစ် ကြောင်း အဆိုပါ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အာဆီယံ Green Hotel ဆုများကို ၂၀၀၈ -၂၀၀၉ ခုနှစ်မှ စတင်ကာ ရွေးချယ် ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်လှ
Share


