မမနိုင် (မန္တလေးရုပ်သေး) ရေး သား ပြုစုသော “ကမ္ဘာ့ အလယ်တင့်တယ် ထည်ဝါ သည့် မြန်မာ့ ရုပ်သေး အနုပညာ”စာအုပ် (စာမူခွင့်ပြုချက် အမှတ် ၄၀၁၁၆၅၁၁၀၉) မိတ် ဆက် ပွဲကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၀ နာရီ က မန္တလေးမြို့၊ ၂၂ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ Cafe Brolly တွင်ကျင်းပခဲ့သည်။
“ ရုပ်သေး ဟာ မြန်မာ့ ယဉ်ကျေး မှု အနုပညာ ရဲ့အနှစ် ကမ္ဘာ ကချစ် မြတ်နိုး အလွန် တန်ဖိုးထား ကြတာ ကို သိလိုက် ရတဲ့ အချိန်ကစပြီး ရုပ် သေးရုပ် ကလေးတွေနဲ့ ဒီအနုပညာ ကို ကျွန်မ ဘ၀ တလျှောက်လုံး ယုယ ပိုက်ထွေး သွားဖို့ ခိုင်မာတဲ့ ဆုံးဖြတ် ချက် ချမှတ် ပြီးပါပြီ။ မြန်မာ့ ရုပ်သေး ကလေးတွေ ရုပ်သေး သဘင် ပညာရှင် တွေကို မြန်မာ့ ဘုရားပွဲလင်းမိုး လင်းရုပ်သေးပွဲ မှသည် ကမ္ဘာ့ ရုပ် သေး ပွဲခင်းကြီး အထိ ကမ္ဘာ့ အလယ် အစဉ် အမြဲ တင့်တယ် ထည်ဝါနေ အောင် ကျွန်မ ဘ၀ နောက်ဆုံး အချိန် ထိ ကြိုးစား ဖော်ထုတ် မြင့်တက် ဆောင်ရွက် သွားမှာပါ” ဟု စာအုပ် ရေးသားသူ ဆရာမ မမနိုင် (မန္တလေး ရုပ်သေး) က ပြောပြ သည်။
ကောင်းပြည့်(မန်း)
Share


