၂၀၀၉ ခုနှစ် အတွင်း မြောက်ဦး မြို့သို့ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် ၁,၉၀၀ ကျော်ခန့် လာရောက်မှု ရှိခဲ့ကြောင်း မြောက်ဦးဇုန် မှတ်တမ်း စာရင်းများ အရ သိရသည်။ ဤသို့ လာရောက် မှု မှာ ၂၀၀၈ ခုနှစ် ကထက် များပြား သော်လည်း ဧည့်သည် ၀င်ရောက်မှု အများဆုံးဖြစ် သည့် ၂၀၀၆ ခုနှစ် ကလာ ရောက်ခဲ့သည့် ဧည့်သည် ၂,၅၀၀ စံချိန်ကို မမီ သေးကြောင်း ဖြင့်လည်း သိရသည်။ မြောက်ဦး မြို့သို့ နိုင်ငံခြားသား ဧည့်သည် ၀င်ရောက်မှုမှာ ယခုနှစ် တွင် မမျှော်လင့်ဘဲ အများဆုံး ဖြစ်ခဲ့ ကြောင်း၊ ၀င်ရောက် လာသူများမှာလည်း ပြင်သစ် ဧည့်သည် အများဆုံး ဖြစ်ကြောင်း သိရသည်။
မေတူးကေ
Share


