နေပြည်တော် ပျဉ်းမနား – ပင် လောင်း လမ်းတွင် လိန်းလီ ကြိုးတံတား ကို တည်ဆောက် လျက်ရှိရာ နေပြည် တော် ပျဉ်းမနား ဘက်ကမ်း နှင့် ပင် လောင်း ဘက်ကမ်း တို့၌ ချဉ်းကပ် တံတား နှင့် ကြိုးထိန်း ခုံလုပ်ငန်း များ ဆောင် ရွက် လျက်ရှိသည်။ လိန်းလီ ကြိုးတံတား သည် အပေါ်ထည် သံမဏိ သံပေါင်ကြိုး တံတား၊ သံကူ ကွန်ကရစ် ကြမ်းခင်းနှင့် သံကူ ကွန်ကရစ် ဘိုးပိုင် အုတ်မြစ် တံတား အမျိုးအစား ဖြစ်သည်။ ပင်မတံတား အရှည်ပေ ၁,၀၀၀၊ ချဉ်းကပ် တံတား နှစ်ဖက် အရှည်ပေ ၇၆၀ စုစုပေါင်း အရှည်ပေ ၁,၇၆၀ ရှိသည်။ ယာဉ်သွား လမ်း အကျယ် ၂၈ ပေ နှစ် လမ်းသွား နှင့် လူသွား လမ်းတစ်ဖက် လျှင် သုံးပေ စီ ကျယ်ပြီး ယာဉ် တစ်စီးချင်း ခွင့်ပြု အလေး ချိန် ၇၅ တန် ဖြစ်ကြောင်း သိရသည်။
စိုးကြွယ်
Share


