အရောင်း အ၀ယ် နည်းပါးပြီး ဈေးနှုန်း များ ဆက်တိုက် ကျဆင်းနေ သော မော်တော်ကား ဈေးကွက် တွင် ကျပ်သိန်း ၂၀၀ ပတ်လည် ဈေးနှုန်း အသင့်အတင့် ကားများ အရောင်း အ ၀ယ် အနည်းငယ် ဖြစ်လျက် ရှိကြောင်း ရန်ကုန်မြို့ ဟံသာဝတီ မော်တော် ယာဉ် ရောင်းဝယ်ရေး စခန်းမှ မော် တော်ယာဉ် ၀ယ်ရောင်း လုပ်ကိုင် နေသူ တစ်ဦးက ပြောကြား သည်။
“လက်ရှိ ရန်ကုန်မြို့ မော်တော် ယာဉ် ဈေးကွက် အခြေအနေ နှင့် ပတ် သက်၍ ကားဈေးကွက် တွေကျတာ တောင် အရောင်း အ၀ယ်ပါး တုန်းပဲ။ ပြီးခဲ့တဲ့နှစ် မတ်လဆန်း လောက်က စပြီး အရောင်းအ၀ယ် ကောင်းနေတာ ဒီနှစ်တော့ သိပ်မလှုပ် သေးဘူး။ တစ် လောက ပြည်နဲ့ အောင်လံ ဘက်က ဟိုင်းလတ် တစ်စီး ရှာခိုင်းတယ်။ ကျပ် သိန်း ၂၀၀ ၀န်းကျင် လောက်ပေါ့။ အခု အတော အတွင်း ပွဲဖြစ်ဖို့ ရှိတယ်။ နယ် ကရော ရန်ကုန်မြို့ ပေါ်ကပါ ကား ရှာခိုင်းရင် ကျပ်သိန်း ၂၀၀ ၀န်းကျင် လောက် ရှာခိုင်း တာများတယ်။ နောက် ဆုံးပွဲဖြစ်တဲ့ ဈေးကတော့ ရောင်းသူ နဲ့ ၀ယ်သူ ညှိနှိုင်း ဈေးပဲ” ဟု ဟံသာ ၀တီ မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းမှ ကားဝယ်ရောင်း တစ်ဦးက ပြောကြား သည်။
ထို့အပြင် လက်ရှိ အချိန်တွင် ကားရောင်းမည့် သူနှင့် ကားဝယ်လို သူများ အနေဖြင့် ကားဈေး ထပ်ကျ၊ မကျကို စောင့်ကြည့် နေခြင်းကြောင့် အရောင်းအ၀ယ် အေးခြင်း ဖြစ်ကြောင်း ကားအမှန် တကယ် ၀ယ်မည့် သူများအ နေဖြင့် ပိုက်ဆံ အများအပြား မသုံးဘဲ ဈေးနှုန်း သင့်သည့် ပတ်ဗလစ်ကာ၊ ဟိုင်းလတ်၊ စူပါ ဆလွန်း၊ ဗင့်နှင့် ဆူဇူ ကီး စသည့် အမျိုးအစားများ လူကြိုက် များကြောင်း၊ သင်္ကြန်နား နီးလာသော် လည်း ဂျစ်ကား များ အရောင်းအ၀ယ် အေးနေ သေးကြောင်း ကားဈေး ဆက် လက်ကျ၊ မကျကိုတော့ စောင့်ကြည့် ရန် လိုအပ်ကြောင်း ဟံသာဝတီမော် တော်ယာဉ် ရောင်းဝယ်ရေး စခန်းမှ ကား ၀ယ်ရောင်း လုပ်ကိုင်နေသူ အကျိုး ဆောင် တစ်ဦးက မြန်မာပို့စ်သို့ ပြော ကြားသည်။
ထွန်းလင်း
Share


