မကြာမီ မြန်မာ ကွန်ဗင်းရှင်း စင် တာ၌ ကျင်းပ ပြုလုပ်မည် ၄၇ကြိမ် မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ကြောင့် တရုတ် ဧည့်သည်များ ၀င်ရောက် လာမှု များကြောင့် ရန်ကုန် မြို့ရှိ ဟိုတယ်ကြီးများ နှင့် ကြယ်သုံး ပွင့် အဆင့်မီ ဟိုတယ်များ အားလုံး နီးပါး အခန်းများ ပြည့်နေကြောင်း ဟိုတယ် လုပ်ငန်းရှင် အသိုင်း အ၀ိုင်း မှ သိရသည်။
“တချို့ ဟိုတယ် ကြီးတွေ ဆိုရင် ၂၀၁၀ ပြည့်နှစ် အထိတောင် ဘွတ်တင် ရထားပြီးပြီ၊ အခု ကျောက်မျက်ပွဲ ကြောင့် ဟိုတယ်တိုင်း ရှိအခန်း တွေ ပြည့်နေတယ်။ အမြင့်ဆုံး အခန်းတွေ လောက်သာ အနည်းငယ် ရှိတော့ တယ်” ဟု တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ ထို့ပြင် ခရီးသွား ကုမ္ပဏီ များမှလည်း ပြည်တွင်း သို့ ဧည့်သည် ၀င်ရောက်မှု များခြင်းကြောင့် အဆင်ပြေ လျက်ရှိကြောင်း သိရ သည်။
အဆိုပါ ကျောက်မျက် ရတနာ ပြပွဲကြီးကို မတ် ၈ရက်မှ ၂၀ရက်ထိ ကျင်းပမည် ဖြစ်သည်။ “တရုတ် ကုန်သည် တွေလည်း လာတယ်။ အိန္ဒိယ ကုန် သည် တွေလည်း ကျောက်မျက် ပြပွဲ ကို လာကြည့်ဖို့ တော်တော် များများ ရောက်နှင့် နေကြသည်။ တရုတ်ဝယ် လက် ကတော့ ပိုများမယ်” ဟု ကျောက် မျက် လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။
ကျောက်မျက် ရတနာ ပြပွဲတွင် ကျောက်စိမ်း၊ ကျောက်မျက် နှင့် ပုလဲ အတွဲ များကို တင်ဒါစနစ်၊ ဈေးပြိုင် စနစ်ဖြင့် တင်ပြ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်လှ
Share


