၄၇ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲကို မြန်မာနိုင်ငံ ၏ အထူးခြား ဆုံး ဖစ်သည့် ကျောက်စိမ်း အတွဲပေါင်း ၁၃,၀၀၀ကျော် ခင်းကျင်း ပြသမည် ဖြစ် ကြောင်း ပြပွဲ၌ ပါဝင် ပြသမည့် ကုမ္ပဏီ အသိုင်းအ၀ိုင်း မှ သိရ သည်။
အဆိုပါ ပြပွဲကို မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) ၌ မတ် ၈ရက်မှ ၂၀ရက် အထိ ခင်း ကျင်း ပြသမည် ဖြစ်သည်။ အဆိုပါ ပြပွဲ၌ ခင်းကျင်း ပြသ ရောင်းချ မည့် ကုန်သည် များဖြစ်သော မြန်မာ့ စီးပွားရေး ကော်ပို ရေးရှင်း၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၊ တိုင်း ရင်းသား စီးပွားရေး ပုဂ္ဂလိက လုပ်ငန်း ရှင်ကုမ္ပဏီ များနှင့် မြန်မာ့ ကျောက် မျက် ရတနာ ရောင်းဝယ်ရေး နှင့် အ ကျိုးတူ ပူးပေါင်း သော ကုမ္ပဏီများ က ပြသ ရောင်းချ မည်ဖြစ် ကြောင်း သိရ သည်။ ပြပွဲ၌ တိုင်းရင်းသား စီးပွားရေး ပုဂ္ဂလိက လုပ်ငန်းရှင် ကုမ္ပဏီပေါင်း ၃၀၀ ကျော် ပါဝင် ခင်းကျင်း ပြသမည် ဖြစ်သည်။
၂၀၀၆ ခုနှစ် မတိုင်မီ မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲများကို ရန်ကုန်မြို့၊ ကမ္ဘာအေး စေတီ လမ်းရှိ မြန် မာ့ ကျောက်မျက် ရတနာ ခန်းမ၌ ခင်း ကျင်း ပြသ ရောင်းချခဲ့သည်။ မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲများကို ဈေး ကွက် စီးပွားရေး လိုအပ်ချက် နှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင် ရန် ၂၀၀၆ ခုနှစ်၊ ဇွန်မှ စတင်၍ ရန် ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မ လမ်းရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ၌ ပြောင်းရွှေ့ ခင်းကျင်း ပြသခဲ့ရာ ယခု အချိန် အထိ (MCC) တွင် ၁၂ ကြိမ် မြောက် ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
စောလှိုင်ဝင်း(City Media)
Share


