ကွယ်လွန် သူ ဒါရိုက်တာ၊ စာ ရေး ဆရာကြီး ဦးသုခ၏ ကျေးဇူး တ ရား များအား အောက်မေ့ လျက် အ ထူးကာလ (ပညာဒါန) သင်တန်း တစ် ရပ် အဖြစ် ဖွင့်လှစ် သင်ကြား ပေးခဲ့ရာ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရ မီတောရ) က ဆရာကြီး၏ မွေးနေ့ အ မှတ်တရ အဖြစ် အကယ်ဒမီ အလင်း တန်း မီးတိုင် အား ထွန်းညှိ ပေးခြင်း နှင့် အတူ သင်တန်းသား များအား သြ၀ါ ဒ စကား ချီးမြှင့် ပေးခြင်း၊ ဘိုကလေး ဦးတင့်အောင်၊ ဦးမြင့်သိန်းဖေ၊ ဒါ ရိုက်တာ မောင်နှင်းမိုး၊ ဒါရိုက်တာ ကြည်စိုးထွန်း၊ ဒါရိုက်တာ မောင်နေ မျိုး၊ ဒါရိုက်တာ ရဲဝန်ထမ်း ဟောင်း တစ်ဦး၊ စာရေးဆရာ ချစ်ဦးညို၊ အကယ်ဒမီ ငြိမ်းမင်း၊ စာရေးဆရာ နွမ်ဂျာသိုင်း၊ ဒါရိုက်တာ ထွန်းအောင် ဇော်၊ စင်ရော် မောင်မောင်၊ ချိုပြုံး၊ ဒါရိုက်တာ မောင်အောင် (ရူပဗေဒ) နှင့် ဒါရိုက်တာ ၀ိုင်းတို့က သရုပ် ဆောင် အခြေခံများကို နှစ်လတာ သင်ကြား ပြသပေးသည်။ ဆရာကြီး ဦးသုခ ရိုက်ကူးခဲ့သော “ရဟန်းမစား ရသောဆွမ်းတစ်နပ်” နှင့် “ အဖေနှင့် သား” ဇာတ်ကား များကို ဒါရိုက်တာ ဦးနှင်းမိုးက ပြသ ရှင်းလင်း သင်ကြား ပေးသည်။ ထို့နောက် ဆရာကြီး ဦး သုခမှာ ပြဇာတ် များလည်း တင် ဆက် ကပြခဲ့သူ တစ်ဦးဖြစ်ရာ ရုပ်ရှင် သရုပ်ဆောင်၊ အခြေခံ သင်တန်း ပြီးဆုံး ပြီးနောက် ဦးရဲထွဋ် (ယခင်တွဲဖက် ပါမောက္ခ၊ ယဉ်ကျေးမှုတက္ကသိုလ်) က ပြဇာတ် အခြေခံ၊ ပညာရပ်များ ကို ဆက်လက် သင်ကြားပေးပြီး “ပွဲ ဆက်ကမည် မနှင်းဆီ” တစ်ခန်းရပ် ပြဇာတ်ဖြင့် လက်တွေ့ လေ့ကျင့် သင် ကြား ပြသ ပေးခဲ့သည်။
အုံးခိုင်
Share


