ယခုနှစ် အတွက် လူသားချင်း စာနာမှု အကူ အညီအဖြစ် မြန်မာ ပြည်သူများ အား ယူရိုငွေ ၁၇ ဒသမ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄ သန်း) ခွဲဝေ လှူဒါန်းမည် ဖြစ်ကြောင်း ဥရောပ သမဂ္ဂ (အီးယူ) က တရားဝင် ထုတ်ပြန် ကြေညာ လိုက်သည်။
အဆိုပါ လူသားချင်း စာနာမှု ကူညီ ထောက်ပံ့ ငွေ၏ ရာခိုင်နှုန်း အများစုကို မြန်မာနိုင်ငံ နယ်စပ် ဒေသများရှိ တိုင်းရင်းသား လူမျိုးများနှင့် ထိုင်း နိုင်ငံရှိ မြန်မာ ဒုက္ခသည် စခန်းများသို့ အဓိက ပေးအပ် မည်ဖြစ်ပြီး ဥရောပ ကော်မရှင် လူသားချင်း စာနာမှု အကူအညီ ပေးရေးဌာန (ECHO) မှ တစ်ဆင့် ပေးပို့ ကူညီမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် ဥရောပ သမဂ္ဂ ရုံးက ပြောကြား သည်။
“ECHO အနေနဲ့ မြန်မာနိုင်ငံသို့ ကူညီ ထောက်ပံ့မှုတွေ ပေးအပ် တာဟာ လူသား အချင်း ချင်း စာနာ ထောက်ထားတဲ့ ရည်ရွယ်ချက် တစ်ခု တည်းသာ ရှိပါတယ်။ မြန်မာ ပြည်သူ တွေရဲ့ အလိုအပ်ဆုံး အရာ တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ ရည်ရွယ် ပါတယ်}}ဟု ဘန်ကောက်မြို့ ရှိ ဥရောပ သမဂ္ဂ သံအမတ်ကြီး ဒေးဗစ်လစ်ပ်မန်း က ပြော ကြားသည်။
ထိုသို့ ပေးအပ်သည့် ငွေပမာဏ အနက် ယူရို ၉ ဒသမ ၂၅ သန်းကို မြန်မာနိုင်ငံ တွင်းရှိ ဝေးလံ ခက်ခဲသော ကျေးလက် ဒေသ များထံ ပေးပို့ လှူ ဒါန်း မည်ဖြစ်ပြီး အဓိက အားဖြင့် ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း စသော ပြည်နယ် များနှင့် တနင်္သာ ရီတိုင်း တို့၌ ဆောင်ရွက် လျက်ရှိသည့် ကျန်းမာရေး နှင့် စားနပ် ရိက္ခာ အစီအစဉ် များသို့ ခွဲဝေ ပေး မည်ဖြစ်ရာ မြန်မာ ပြည်သူ ၁ ဒသမ ၂ သန်းခန့် တိုက်ရိုက် အကျိုး ခံစား ရမည်ဖြစ်ကြောင်း ကျန်ယူ ရိုငွေ ရှစ်သန်းကို ကရင် တိုင်းရင်းသား ၁,၅၀,၀၀၀ ထံ ပေးအပ် မည်ဖြစ်ကြောင်း အဆိုပါ ကြေညာ ချက်တွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ တွင် လူသားချင်း စာနာသော အကူအညီ ပေးရန် ECHO ၏ ရန်ကုန်ရုံးကို ၂၀၀၅ ခုနှစ်အတွင်း ဖွင့်လှစ် ခဲ့သည်။ နာဂစ်မုန် တိုင်း ဒဏ်သင့် ပြည်သူများ အနက် အသက်ရှင်ကျန် ရစ်သူများကို ကူညီ ထောက်ပံ့ရန် ၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ ခုနှစ် များအတွင်း ဥရောပ သမဂ္ဂက ယူရို ၃၉ သန်း ကူညီ ခဲ့ကြောင်း သိရသည်။
ဖြိုးမောင်မောင်
Share


