ပြည်ပ ပို့ကုန် အမည်သစ် အဖြစ် ကဏန်းပျော့ တင်ပို့ခြင်းကို စမ်းသပ် လုပ်ကိုင် ခဲ့ရာ အောင်မြင်မှုများ ရှိလာ သဖြင့် ကဏန်းပျော့ မွေးမြူရေး ဇုန် များ တိုးချဲ့ လုပ်ကိုင်ရန် လုပ်ငန်းရှင် များ စီစဉ် လာကြကြောင်း သိရသည်။
ကဏန်းပျော့ မွေးမြူခြင်းကို ၂၀၀၇ ခုနှစ်၊ မတ်မှစ၍ အောင် မျိုးခိုင် ကုမ္ပဏီက စတင်၍ ကျောက် တန်း ပုစွန်မွေးမြူရေး ဇုန်အတွင်း စမ်း သပ် မွေးမြူခဲ့ရာ အောင်မြင်မှုများ ရှိ လာခဲ့သည်။ ပြောင်းလဲ တိုးတက်လာ သော နိုင်ငံတကာ ဈေးကွက်၏ တောင်းဆိုချက် အရလည်းကောင်း၊ မွေးမြူရေး နည်းပညာဖွံ့ဖြိုး တိုးတက် လာမှုကြောင့် လည်းကောင်း၊ လုပ် ငန်းရှင်များ ၏ တောင်းဆိုချက်အရ လည်းကောင်း၊ နိုင်ငံခြား ၀င်ငွေတိုး တက် ရရှိရး အတွက် ပို့ကုန် အမည် သစ်အဖြစ် တိုးချဲ့ တင်ပို့ နိုင်ရန်လည်း ကောင်း၊ ကျောက်တန်းရှိ ပုစွန်မွေး မြူရေး ဇုန်ကို ကဏန်း မွေးမြူထုတ် လုပ်ရေး ဇုန်အဖြစ် ၂၀၀၈ ခုနှစ်ကစ၍ ပြောင်းလဲ သတ်မှတ် ခဲ့ကြောင်း သိရ သည်။ အဆိုပါ ကျောက်တန်း ဇုန်တွင် ကဏန်း ပျော့မွေးမြူ ထုတ်လုပ်ခြင်းကို ကုမ္ပဏီ ကိုးခုခန့်က မွေးကန် ဧကစုစု ပေါင်း ၁,၀၉၃ ဧကဖြင့် ဆက်လက် ထုတ်လုပ် လျက်ရှိရာ အောင်မြင်မှု များ ရှိနေကြောင်း မြန်မာနိုင်ငံ ငါး လုပ်ငန်း အဖွဲ့ချုပ်၏ စာရင်းများ အရ သိရသည်။
ကဏန်း လုပ်ငန်းရှင်များ အ သင်း၏ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေး နှစ် အတွက် မြန်မာနိုင်ငံ ရေထွက် ပို့ကဏ္ဍ မှ ကန်ဒေါ်လာ သန်း ၇၀၀ လျာ ထား ရာ ကဏန်း လုပ်ငန်းမှ ၃၅ သန်းသတ် မှတ် ထားရှိကြောင်း နှင့် ယခု မတ် ၇ ရက် အထိ လျာထားချက် ၏ ၈၁ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်သော US ၂၈ ဒသမ ၄၇၈ အထိ ရရှိပြီး ဖြစ် ကြောင်း သိရသည်။ ကဏန်း တင်ပို့မှုမှ US ၇ ဒသမ ၆သန်း ရရှိပြီးဖြစ်ရာ လျာထားချက် ပြည့်မီ နိုင်ရန် အလား အလာ များ ရှိနေသည် ဟု ကဏန်း လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
ထို့အတွက် ဈေးကွက် အလား အလာ ကောင်းသော ကဏန်းပျော့ ထုတ်လုပ်မှုကို လုပ်ငန်းရှင် များ စိတ် ၀င်စားမှု ရှိလာပြီး လုပ်ငန်း တိုးချဲ့မွေး မြူရန် စီစဉ် လာမှုကြောင့် မွေးမြူရန် သင့်မည့် မြေနေရာ များကို သက် ဆိုင်ရာ သို့ ခွင့်ပြုရန် တောင်းဆိုထား ကြောင်းနှင့် မွေးကဏန်းငယ်များ သဘာဝ အလျောက် ကြီးပြင်း နိုင်စေ ရန်လည်း ကဏန်း မဖမ်းရ ဧရိယာကို ရခိုင်၊ တနင်္သာရီနှင့် ဧရာဝတီတိုင်း တို့တွင် ဆောင်ရွက် နေကြောင်း သိ ရသည်။
အေးမြခိုင်
Share


