ကွယ်လွန်ခြင်း ခြောက်လပြည့်ပြီး ဖြစ်သူ သင်္ကြန်မင်းသားကြီး ဇော်ဝမ်း အား ရည်စူး၍ သူငယ်ချင်း များက ဘုရား အနေကဇာတင် ရေစက်ချ စုပေါင်း လှူဒါန်းပွဲ ကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီက မန္တလေးမြို့၊ ၂၉ လမ်းနှင့် ၆၃ လမ်းထောင့်၊ အောင်တော်မူ ဘုရား ဓမ္မာရုံ တွင်ကျင်းပခဲ့သည်။ အခမ်းအနား တွင် သင်္ကြန် မင်းသားကြီး ဇော်ဝမ်းအား ရည်စူး၍ ကျောက် ဆင်းတုတော် တစ်ဆူ အား သူငယ်ချင်း များက ရေစက်ချ လှူဒါန်းခဲ့ပြီး သင်္ကြန် မင်းသားကြီး ဇော်ဝမ်း၏ ရုပ်ပုံလွှာ တို့ကို အမှတ်တရ စကားဝိုင်းဖွဲ့ ပြောခဲ့ ကြသည်။ ထို အခမ်းအနား တွင် ရန်ကုန်မှ အဆိုတော် နေရဲမာန်နှင့် အနုပညာ ရှင်များ၊ မန္တလေး ဂန္ထ၀င် တေးရေး ဆရာကြီး မြို့မ ကိုပေါ၊ ကို ရွှေအံ့၊ ခင်မောင်သန်း (တေးချစ်သူ)၊ အကယ်ဒမီ သော်ဇင်နှင့် မန္တလေး မှ တေးရေး၊ တေးဆိုများ၊ မိတ်ဆွေ သူငယ်ချင်း များ စုံစုံ လင်လင် တက်ရောက် ခဲ့ကြသည်။
ကောင်းပြည့်(မန်း)
Share


