Your reliable news partner
  • သက်ရှိ သယံဇာတ ပန်းအလှ နည်းပညာ နှင့် ဈေးကွက် မြှင့်တင်မှု လိုအပ်

    သက်ရှိ သယံဇာတ ပန်းအလှ မြန်မာနိုင်ငံကြွယ်ဝ သက်ရှိသယံ ဇာတ ပန်းအလှ မြန်မာနိုင်ငံ ကြွယ်ဝ သစ်ခွ မျိုးစိတ် ၄၈၁ မျိုး မှတ်တမ်း တင်ထား နိုင်ပြီး မျိုးစိတ် ၁,၀၀၀ မှ ၁,၅၀၀ အထိ ရှိနိုင် နည်းပညာနှင့် ဈေးကွက် မြှင့်တင်မှု လိုအပ်

    ပန်းစိုက်မှု၊ ပန်း ရောင်းချမှု၊ ပန်း အလှ ဆင်မှု၊ ပန်း လက်ဆောင်၊ မြေခင်း အလှ စသည်ဖြင့် ခေတ်စား တွင်ကျယ် လာပြီး လူတိုင်း စိတ်ဝင်စား နေသည့် ပန်း လောက အခြေအနေ အရပ်ရပ်နှင့် စပ် လျဉ်း၍ Myanmar Flora ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ၊ သစ်ခွ ပညာရှင် နှင့် အပင် တစ်သျှူး ပညာရှင် ဒေါက်တာ စောလွင်အား တွေ့ဆုံ မေးမြန်းခဲ့ရာ -

    ဟိုတုန်း ကနဲ့ မတူဘဲ ပြောင်းလဲ လာတဲ့ မြန်မာ နိုင်ငံ သစ် ပင် ပန်းမန် လောက ရဲ့ ထူးခြားမှု အခြေအနေ ဟာ ဘယ် လို ရှိလာ ပါသလဲ။

    မြန်မာ နိုင်ငံ ပန်းဝါသနာရှင်များ အသင်း အနေ နဲ့ကတော့ ပန်းတွေကို အဓိက ၀ါသနာပါတဲ့ လူတွေကိုစုစည်းပြီး လုပ် တာပေါ့နော်။ အဲဒါမှာ သစ်ခွလည်း ပါ တယ်။ အခြား ပန်းမန် တွေလည်း ပါ တယ်။

    ဒီနှစ် ကျင်းပတဲ့ ၁၆ နှစ် မြောက် ပန်းပြပွဲ ကစပြီး နောက်ပိုင်း မှာလည်း နှစ် စဉ် လိုလို လုပ်သွားဖို့ ဆုံးဖြတ် ပြီးဖြစ်ပါ တယ်။ ဒီလို လုပ်ခြင်းဖြင့် ပန်းလောက ကို လူတွေက ပိုစိတ်ဝင်စား လာမယ်။ ပိုပြီး တိုးတက် လာမယ်။ ဒီလို ပွဲမျိုး ကိုမျှော်လင့် နေတဲ့ ပရိတ်သတ် အများကြီး ရှိတယ်။ လာကြည့်မယ်၊ ပညာယူမယ်၊ ပြပွဲ ပြိုင်ပွဲ မှာ ၀င်ပြိုင်မယ်။

    ဒီနှစ် ဆိုရင် သစ်ခွ ၀ါသနာပါတဲ့ လူငယ် လေးတွေ တော်တော် ပါလာတယ်။ အားရစရာ ကောင်းတယ်။ ထူးခြားတာ က မြန်မာ့ သစ်ခွ တွေကို တော်တော် စိတ် ၀င်စားတယ်။ ဒါဟာ ကောင်း တဲ့ လက္ခဏာ ဖြစ်ပါတယ်။

    ပန်းပြပွဲ တွေ နှစ်စဉ် လုပ်သွားတာ ဟာ ကျွန်တော်တို့ အတွက် အင်မတန် ကောင်းပါတယ်။ လုပ်လည်း လုပ်သင့်ပါ တယ်။ အဲဒါ အပြင် နိုင်ငံတကာ ပန်းပြပွဲ တွေပါ လုပ်သင့် ပါတယ်။

    မြန်မာ့နိုင်ငံ ပန်းဝါသနာ ရှင်များ အသင်းအမြင် ဘယ်လို အသင်း အဖွဲ့တွေ ရှိသေးလဲ။

    မြန်မာ နိုင်ငံ သစ်သီးဝလံနှင့် ဟင်း သီး ဟင်းရွက် အသင်း ဆိုတာ ရှိပါတယ်။ မြန်မာနိုင်ငံ စက်မှုလက်မှု နှင့် ကုန်သည် ကြီးများ အသင်း ဒု-ဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ ဦးဝင်းအောင်က ဥက္ကဋ္ဌ အဖြစ် ဆောင် ရွက်ပါတယ်။

    အဲဒီ အသင်း အောက်မှာ ပြီးခဲ့တဲ့ နှစ်ကစပြီး အစု အဖွဲ့တွေ ဖွဲ့ရာမှာ ပန်းမန်း အစု အဖွဲ့လည်း ဖွဲ့စည်း ခဲ့ပါတယ်။

    မနှစ်က ဧပြီမှာ ပြင်ဦးလွင် ပန်းမန် ဇုန်နဲ့ လားရှိုး ပန်းမန် ဇုန်ကို ဖွဲ့စည်းခဲ့ပါ တယ်။ ပြင်ဦးလွင် မှာ အသင်းဝင် အရေ အတွက် ရာချီ ရှိပါတယ်။

    စာရင်းဇယား များအရ ဧကပေါင်း ၃,၀၀၀ လောက် ပန်းမန် စိုက်ပျိုးပြီး အသက် မွေးဝမ်းကျောင်း လျက် ရှိကြပါတယ်။

    ကျွန်တော် ပန်းလောက ထဲစ၀င်တာ ၁၉၈၃ ခုနှစ် လောက်က ဖြစ်ပါတယ်။ ဗဟန်း ကွင်းမှာ ပန်းမန် ပြပွဲ လုပ်တုန်းက ပန်း လုပ်ငန်း လုပ်တဲ့ လူ လက်ချိုး ရေလို့ရတယ်။ ကျွန်တော် အပါအ၀င် ၁၀ ဦးလောက်ပဲ ရှိမယ်။ အခု ဆိုရင်တော့ ပန်းလုပ်ငန်း လုပ် တဲ့လူ အရေအတွက် ရာနဲ့ ချီရှိနေပြီ။

    အခု ဆိုရင် နေပြည်တော် မှာလည်း သိန်းရာဂဏန်း၊ ထောင်ဂဏန်း ရှိတဲ့ လုပ် ငန်း ကြီးတွေ ဖြစ်နေတာကို တွေ့ရတယ်။ အားရ စရာ ကောင်းပါ တယ်။

    ပန်းမန် အစုအဖွဲ့က အင်အားကြီး လာရင် အသင်းတစ်ခု ဖြစ်လာမှာပါ။ ပန်း မန်အစု ဖွဲ့ထားတဲ့ ရည်ရွယ် ချက် ကတော့ ပန်းမန် စီးပွားဖြစ် စိုက်ပျိုး သူတွေကို အဓိက ထားပါတယ်။ စီးပွားရေး လုပ်ငန်း ပိုင်း လုပ် တဲ့ လူတွေရဲ့ အခက်အခဲ တွေကို ဖြည့် ဆည်း ပေးမယ့် မျိုးသစ်တွေ တင်သွင်းပေး မယ့် အဆက်အသွယ် တွေကို ယူမယ်။နိုင်ငံ တကာ NGO အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ဆွေးနွေး မယ့်သင်တန်း တွေ စေလွှတ်မယ်။ နိုင်ငံခြား ပညာရှင် တွေကိုဖိတ်ပြီး အကြံ ဥာဏ်တောင်းမယ်။

    ပန်းမန် ဇုန်တွေ ဖွဲ့တာကိုလည်း ပြောပြပါဦး။

    ပန်းပန် လောကကြီး စည်ပင်ဖွံ့ဖြိုး လာအောင် ပန်းမန် ဇုန်တွေဖွဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ရက်က ပြည် ပန်းမန် ဇုန်ကြီး ကို ဖွဲ့စည်း ခဲ့ပါတယ်။ ရန်ကုန် ပန်မန်း စိုက်ပျိုးရေး ဇုန် ဖွဲ့စည်း ခဲ့ပါတယ်။ မြစ်ဝ ကျွန်းပေါ် မှာလည်း ဟင်္သာတ ပန်းမန် စိုက်ပျိုးရေး ဇုန်ဖွဲ့စည်း ပေးပါမယ်။ အဲဒီ လို ဇုန်တွေ ဖွဲ့ပြီးတော့ စုစည်း ပေးပါမယ်။

    မြန်မာ့ သစ်ခွ အခြေအနေကိုလည်း ပြောပါဦး။

    မြန်မာ့ သစ်ခွမျိုးကို သစ်တောဦးစီး ဌာနက တရားဝင် မှတ်တမ်း တင်ထားတာ ၄၈၁ မျိုးရှိပါတယ်။ သို့သော်လည်း ကျွန် တော် တို့ လေ့လာမှု အတွေ့အကြုံအရ မျိုး စိတ်ပေါင်း ၁,၀၀၀ ကနေ ၁,၅၀၀ အထိ ကျွန်တော်တို့ နိုင်ငံမှာ ရှိနိုင်ပါတယ်။

    ကျွန်တော်တို့လောက် ရေမြေ ရာသီဥတု အခြေအနေ မကောင်းတဲ့ ထိုင်းနိုင်ငံမှာ တောင် သစ်ခ မျိုးစိတ် ၁,၂၀၀ လောက် ရှိ နေတယ်။ ကျွန်တော် တို့က သူတို့ထက် အများကြီး ပိုများနိုင်တယ်။

    မြန်မာနိုင်ငံ မှာ အခြားပန်းမန် အခြေအနေ ရော ဘယ်လို ရှိပါသလဲ။

    ရာသီဥတု ကလည်း အမျိုးမျိုးရှိ တော့ ရာသီဥတု ပေါ်မူတည်ပြီး ပန်းမန် အမျိုးမျိုး စိုက်ပျိုး နိုင်တယ်။ ထိုင်းတို့ အိန္ဒိယ တို့ မစိုက်ပျိုး နိုင်တဲ့ ပန်းမျိုး တွေကို အများကြီး စိုက်ပျိုးနိုင်တယ်။

    မြန်မာမျိုး အချင်းချင်း မျိုးစပ်မယ်။ နိုင်ငံခြား မျိုးနဲ့မြန်မာ မျိုးစပ်ပြီး ရလာတဲ့ မျိုးသစ်တွေကို အမည်သစ်တွေ အဖြစ် မျိုး ပွား နိုင်တယ်။

    ဒီမှာ မရှိတဲ့ မျိုးတွေကိုလည်း နိုင်ငံ ခြားမှ ရယူပြီး ရာသီဥတု စုံစုံလင်လင် ရှိတဲ့ နေရာတွေမှာ စမ်းသပ် စိုက်ပျိုး ပြီးတော့ မျိုးသစ် တွေကို ဖော်ထုတ် နိုင်တယ်။

    ဒီလုပ်ငန်း ကြီးကို တစိုက်မတ်မတ် လုပ်သွားမယ် ဆိုရင် တိုင်းပြည် အတွက် အလွန် အကျိုး ရှိတဲ့ လုပ်ငန်း တစ်ရပ် ဖြစ် ပါတယ်။

    မြန်မာ့ သစ်ခွ သုတေသန ပြုမှု အခြေအနေ နဲ့ အလား အလာရော ဘယ်လို ရှိပါသလဲ။

    မြန်မာ နိုင်ငံ ပန်း ၀ါသနာရှင် အသင်း နဲ့ စင်ကာပူ ရုက္ခဗေဒ ဥယျာဉ် ပူးပေါင်းပြီး တော့ နှစ်စဉ် မြန်မာနိုင်ငံ မြောက်ပိုင်း ကို သွားပြီး သစ်ခွ သုတေသန လေ့လာရေး ခရီးစဉ် တွေ လုပ်ပါတယ်။ ၂၀၀၇ ခုနှစ် မှာ ကချင်ပြည်နယ်၊ နောင်မွန် မြို့နယ် ကို သွားတယ်။ ပြန်လာတဲ့ အခါ မြန်မာနိုင်ငံ မှာ မှတ်တမ်း မတင် ရသေးတဲ့ မျိုးတွေ သုံး မျိုး ရခဲ့ပါတယ်။

    မနှစ်က မတ်မှာ ကချင်ပြည်နယ် ဖုန် ကန်ရာဇီ ဘေးမဲ့တော ကို သွားခဲ့ပါတယ်။ မှတ်တမ်း မတင်ရသေးတဲ့ မျိုးသစ် လေးမျိုး တွေ့ခဲ့ ပါတယ်။ နောက်ထပ် လည်း ထပ် တွေ့ဖို့ အလားအလာ ရှိပါတယ်။

    ၂၀၁၀ ပြည့်နှစ်၊ ဧပြီမှာတော့ ဟူး ကောင်း တောင်ကြားကို သွားဖို့ အစီအစဉ် ရှိပါတယ်။

    နောက်နှစ် တွေမှာလည်း မြောက် ဘက်ပိုင်း ခါကာဘိုရာဇီ ဒေသ မျိုးတွေဆီ သွားမယ်။ လူ မရောက်လို့ မှတ်တမ်း မတင် ရ သေးတဲ့ ပန်းမျိုး တွေကလည်း အများကြီး ရှိတယ်။ ဒီလို ပန်းမျိုးတွေကို မှတ်တမ်း တင် နိုင်ခြင်း အားဖြင့် ကိုယ့်နိုင်ငံ လည်း ဂုဏ် တင့် လာမယ်။ တချို့ မျိုးတွေ ဆိုရင် မြန်မာ နိုင်ငံ မှာပဲရှိတယ်။ ဘယ်မှာ မှမရှိဘူး။ ဥပမာ- သစ်ခွနက် ဆိုပါတော့။ ကချင် ပြည်နယ်၊ နောင်မွန် မှာပဲရှိတယ်။ ဒါဟာ ကျွန်တော်တို့ အတွက် အလွန်ကို အဖိုးတန် တဲ့ သက်ရှိ ရတနာလို့ ကျွန်တော် ကတင် စားပါတယ်။ ဒီလို မျိုးတွေကို မျိုးစပ်ပြီး မျိုး သစ် ထုတ် နိုင်ရင် ကိုယ့်နိုင်ငံ အတွက် ဂုဏ် တက် တာပေါ့။ အကျိုး ရှိတာပေါ့။ စီးပွား ရေး လုပ်ငန်း အတွက်လည်း ကောင်းကောင်း အသုံးချ နိုင်ပါတယ်။

    အခြား စီးပွားဖြစ် လုပ်လို့ရတဲ့ မြန်မာ ပန်းတွေ အကြောင်း ပြောပြပါဦး။

    မာလာဖူး ပေါ့။ အဲဒီလို ပန်းမျိုးဟာ ဇွန်၊ ဇူလိုင် ဆိုရင် အများကြီး ပွင့်လာတယ်။ ထိုင်းမှာ မာလာဖူး ပန်းတွေ စိုက်ပြီး အလှ ဆင်ပန်း အဖြစ် သုံးတယ်။

    မာလာဖူးကို ရုက္ခဗေဒ အခေါ်အား ဖြင့် ကာကူးမား လို့ခေါ်ပါတယ်။ ပါရာကာ ကူးမားနဲ့ ယုကာ ကူးဆမား ဆိုပြီး နှစ်မျိုး ရှိ တယ်။ ယုကာ ကုမားက ရိုးတံ တိုတိုနဲ့ ပွင့်တဲ့မျိုး၊ ပါရာကာ ကုမားကတော့ ရိုးတံ ရှည်တယ်။ ပန်းအလှ ဆင်ရာမှာ ရိုးတံ ရှည်ကို အသုံးများတယ်။ ရိုးတံ ရှည် မျိုးတွေလည်း ကျွန်တော်တို့ နိုင်ငံမှာ ရှိပါတယ်။

    ဒါတွေဟာ ချင်း မျိုးနွယ် တွေပါ။ ဒီ မျိုးတွေကို မျိုးစပ်မယ်၊ မျိုး သစ်ဖော် ထုတ်မယ် ဆိုရင် ရပါတယ်။ ပန်းဥတွေကို နိုင်ငံခြား ရောင်းနိုင်တယ်။ ပန်းပွင့်တွေ လည်း တင်ပို့ ရောင်းနိုင်တယ်။ အဲဒါအပြင် တောတောင် တွေထဲမှာ ရှိတဲ့ ဍရင်ကောက် ပင်တွေ ဆိုရင်လည်း ပန်းအလှ ပြင်ရာမှာ အဖြည့် အဖြစ် အသုံးပြုကြပါတယ်။ စင်ကာပူ ဆိုရင် မြေနေရာ ရှားတော့ တစ် ဖက်ကမ်း မလေးရှား နိုင်ငံ၊ ဂျဟိုဘာရူးမှာ ဒီလို green plant ဧကပေါင်း ရာချီ စိုက်ပြီး နိုင်ငံခြား ကို ရောင်းတယ်။

    ပန်း ဈေးကွက် နဲ့ပတ်သက်လို့ လိုအပ်ချက် တွေရှိရင် လည်း သိပါရစေ။

    ကျွန်တော် တို့ နိုင်ငံခြား အဆင့်အ တန်း မီအောင် နည်းပညာ အသစ်အဆန်း နဲ့ သင့်လျော်တဲ့ နေရာတွေမှာ စိုက်ဖို့လို တယ်။ နောက်ပြီး Post Service Technology ပေါ့နော်၊ ပန်းဖြတ် ပြီးတဲ့ အခါမှာ သယ်ပို့ ရာမှာ နည်း စနစ်လိုတယ်။

    ၂၀၁၅ ခုနှစ် လောက်မှာ အရှေ့ တောင် အာရှမှာ အခွန် တစ်ပြေးညီ ဖြစ် သွားမယ် ဆိုတော့ ကိုယ့်ဘက်က သက်လုံ ကောင်းထားဖို့ လိုပါတယ်။ နိုင်ငံခြား ပန်း တွေဝင်လာရင် ကိုယ့်ပြည်က ငွေတွေ  ထွက်သွား တာပေါ့နော်။ ကျွန်တော်တို့ မသိ သေးပေမယ့် နိုင်ငံတကာက စိတ်ဝင် စားတဲ့ ပန်းမျိုး တွေလည်း တောတောင် တွေထဲမှာ အများကြီး ရှိတယ်။ ဖော်ထုတ် ပြီး စိုက်ပျိုး ရောင်းချနိုင်ရင် တစ်နည်းတစ် လမ်း ၀င်ငွေ ရတာပေါ့။

    မော်ကျွန်းစိုးမြင့်



    Share
    This entry was posted on Thursday, March 4th, 2010 at 1:01 am and is filed under စီးပွားရေး, ခေါင်းကြီးသတင်းများ. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
  • ဖော်ပြပါ သတင်းနဲ့ ပတ်သက်ပြီး comment များ ရေးသားဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ comment များမှ ကောင်းနိုးရာရာ များကို ကောက်နုတ်ပြီး ရှေ့ထွက်မည့် ဂျာနယ် များတွင် ထည့်သွင်း သွားဖို့လည်း အစီအစဉ် ရှိပါတယ်။ comment တွေကို web admin က moderate အရင် ပြုလုပ်မှာဖြစ်တာကြောင့် ချက်ချင်း မပြပေးနိုင်တာကို တော့ နားလည် ပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
  • 0 Comments

    Take a look at some of the responses we've had to this article.

  • Leave a Reply

    Let us know what you thought.

  • Name (required):

    Email (required):

    Website:

    Message:

PHVsPjxsaT48c3Ryb25nPndvb19hYm91dDwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzE8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzI8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX3VybF8xPC9zdHJvbmc+IC0gaHR0cDovL2V4YW1wbGUuY29tPC9saT48bGk+PHN0cm9uZz53b29fYWRfdXJsXzI8L3N0cm9uZz4gLSBodHRwOi8vZXhhbXBsZS5jb208L2xpPjxsaT48c3Ryb25nPndvb19hbHRfc3R5bGVzaGVldDwvc3Ryb25nPiAtIGRlZmF1bHQuY3NzPC9saT48bGk+PHN0cm9uZz53b29fYXJjaGl2ZXM8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19hdXRvX2ltZzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fYmlvPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xMTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzEyPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xNzI8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xOTU8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8yMDk8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjE4PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF80PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfNTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzY8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF83NDwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX2hlaWdodDwvc3Ryb25nPiAtIDc2PC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjA3PC9saT48bGk+PHN0cm9uZz53b29fY3VzdG9tX2Nzczwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2N1c3RvbV9mYXZpY29uPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZW1haWw8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19leGNsdWRlX2NhdHM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fZmVhdHVyZWRfY2F0ZWdvcnk8L3N0cm9uZz4gLSAmYWFjdXRlOzwvbGk+PGxpPjxzdHJvbmc+d29vX2ZlZWRidXJuZXJfdXJsPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2VudHJpZXM8L3N0cm9uZz4gLSBTZWxlY3QgYSBudW1iZXI6PC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2lkPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZ29vZ2xlX2FuYWx5dGljczwvc3Ryb25nPiAtIDxzY3JpcHQgdHlwZT1cInRleHQvamF2YXNjcmlwdFwiPg0KdmFyIGdhSnNIb3N0ID0gKChcImh0dHBzOlwiID09IGRvY3VtZW50LmxvY2F0aW9uLnByb3RvY29sKSA/IFwiaHR0cHM6Ly9zc2wuXCIgOiBcImh0dHA6Ly93d3cuXCIpOw0KZG9jdW1lbnQud3JpdGUodW5lc2NhcGUoXCIlM0NzY3JpcHQgc3JjPVwnXCIgKyBnYUpzSG9zdCArIFwiZ29vZ2xlLWFuYWx5dGljcy5jb20vZ2EuanNcJyB0eXBlPVwndGV4dC9qYXZhc2NyaXB0XCclM0UlM0Mvc2NyaXB0JTNFXCIpKTsNCjwvc2NyaXB0Pg0KPHNjcmlwdCB0eXBlPVwidGV4dC9qYXZhc2NyaXB0XCI+DQp0cnkgew0KdmFyIHBhZ2VUcmFja2VyID0gX2dhdC5fZ2V0VHJhY2tlcihcIlVBLTE2NjE2MDctMTJcIik7DQpwYWdlVHJhY2tlci5fdHJhY2tQYWdldmlldygpOw0KfSBjYXRjaChlcnIpIHt9PC9zY3JpcHQ+PC9saT48bGk+PHN0cm9uZz53b29faG9tZV9wb3N0czwvc3Ryb25nPiAtIDU8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9kaXNhYmxlPC9zdHJvbmc+IC0gZmFsc2U8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9oZWlnaHQ8L3N0cm9uZz4gLSAxNzM8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV93aWR0aDwvc3Ryb25nPiAtIDIzMDwvbGk+PGxpPjxzdHJvbmc+d29vX2xvZ288L3N0cm9uZz4gLSBodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWY8L2xpPjxsaT48c3Ryb25nPndvb19tYW51YWw8L3N0cm9uZz4gLSBodHRwOi8vd3d3Lndvb3RoZW1lcy5jb20vc3VwcG9ydC90aGVtZS1kb2N1bWVudGF0aW9uL29wZW4tYWlyLzwvbGk+PGxpPjxzdHJvbmc+d29vX3Jlc2l6ZTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19zaG9ydG5hbWU8L3N0cm9uZz4gLSB3b288L2xpPjxsaT48c3Ryb25nPndvb19zaG93X2Jsb2c8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RoZW1lbmFtZTwvc3Ryb25nPiAtIE9wZW4gQWlyPC9saT48bGk+PHN0cm9uZz53b29fdGhlX2NvbnRlbnQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX2hlaWdodDwvc3Ryb25nPiAtIDE0NTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjE4PC9saT48bGk+PHN0cm9uZz53b29fdHdpdHRlcjwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX3VwbG9hZHM8L3N0cm9uZz4gLSBhOjI6e2k6MDtzOjYzOiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWYiO2k6MTtzOjY1OiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzQtMy1sb2dvLmdpZiI7fTwvbGk+PGxpPjxzdHJvbmc+d29vX3ZpZGVvX3Bvc3RzPC9zdHJvbmc+IC0gU2VsZWN0IGEgbnVtYmVyOjwvbGk+PGxpPjxzdHJvbmc+d29vX3ZpZHBhZ2U8L3N0cm9uZz4gLSBTZWxlY3QgYSBwYWdlOjwvbGk+PC91bD4=