ပူပြင်း ခြောက်သွေ့သော ရာသီဥတုသို့ ၀င်ရောက် လာသည့် ယခု အချိန်မှ လာမည့် မေတွင် လေပြင်း တိုက်ခတ်မှု အချို့ကြုံတွေ့ နိုင်ကြောင်း မိုးလေ၀သ နှင့် ဇလ ဗေဒညွှန်ကြားမှု ဦးစီး ဌာနက မတ်လ ဆန်းတွင် တရားဝင် ထုတ်ပြန် ထားသည်။
ပူပြင်း ခြောက်သွေ့ သည် နွေရာသီ ဥတုသို့ ၀င်ရောက်လာ၍ နေ့အပူ ချိန်များ သိသာစွာ တိုးလာရာ မွန်းလွဲပိုင်း နှင့် ညနေပိုင်း များတွင် မိုးတိမ် တောင်များ ဖြစ်ပေါ်ရာမှ ရံဖန်ရံခါ လေပြင်း များ တိုက်ခတ် နိုင် ကြောင်း မိုးလေ ၀သနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးစီဌာနက နိုင်ငံပိုင် သတင်း စာများမှ တစ်ဆင့် ကြေညာချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။ လေပြင်း တိုက်ခတ် ရာတွင် ခေတ္တသာ တိုက်ခတ်နိုင်ပြီး တိုက်ခတ်ချိန် တွင် လေ တိုက်နှုန်းမှာ တစ်နာရီ ၃၅ မိုင်မှ မိုင် ၄၀ အထိသာ ရှိနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင်ပါရှိသည်။ ထို့အပြင် ထိုကာလတွင် အချို့ နေရာ ဒေသများတွင် နေရာကွက် ၍ မိုးကြီးခြင်း၊ မိုးသီးများကြွေ ခြင်းတို့ ဖြစ်ပေါ် နိုင်ကြောင်းနှင့် ယခု မတ်လဆန်း ထုတ်ပြန်ချက်များ အရ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံ တောင်ဘက်ခြမ်း ပိုင်းတွင် မိုးရွာသွန်း နိုင်ကြောင်း သိရသည်။ မိုးလေ၀သနှင့် ဇလ ဗေဒ ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် မီဒီ ယာ များမှ တစ်ဆင့် မိုးလေ၀သ သတင်းစာ များကို အချိန် နှင့် တစ်ပြေးညီ ဖော်ပြလျက် ရှိသည်။ ယမန်နှစ် များက အဆိုပါ ကာလအတွင်း မန္တလေး မြို့နှင့် နေပြည်တော် ပျဉ်းမနားမြို့အပါအ၀င် နေရာ ဒေသအချို့တွင် လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၀၈ ခုနှစ်၊ မေလဆန်း တွင်မူ နာဂစ် လေမုန်တိုင်း တိုက်ခတ် ခဲ့သည်။
News Image
Share


