မြန်မာ့ ဆိပ်ကမ်း အာဏာ ပိုင် အောက်ရှိ ရန်ကုန် ဆိပ်ကမ်း ၀န် ဆောင် မှု လုပ်ငန်း များကို ပုဂ္ဂလိက လုပ်ငန်းရှင်များ အား B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့် ပြု တော့မည်ဖြစ်ရာ ပို့ ဆောင်ရေး ၀န်ကြီး ဌာနက အဆိုပြု လွှာများ ခေါ်ယူ နေပြီ ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာ များ၏ ဖော်ပြချက် အရ သိရသည်။
ပုဂ္ဂလိက ခွင့်ပြုရင်
အဆိုပါ ဖော်ပြချက်တွင် မြန် မာ့ ဆိပ်ကမ်း အာဏာပိုင် အောက်ရှိ လက်ရှိ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော ဗိုလ်တထောင် ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ ပန်းဆိုး တန်း နန်းသီတာ ဆိပ်ကမ်း နှင့် ကျန်းမာ ရေး ဆိပ်ကမ်း၊ ဆူးလေ ဆိပ်ကမ်း နေ ရာများအပြင် အလုံ ဆိပ်ကမ်း ဒေသ မှ ဗိုလ်တထောင် သန်လျက်စွန်း ဒေသ အထိ ဆိပ်ကမ်း မြေနေရာ များကို ထပ်မံ ဖော်ထုတ်၍ ပုဂ္ဂလိက လုပ်ငန်း ရှင်များအား ဆိပ်ကမ်း ၀န်ဆောင်မှု လုပ်ငန်း များကို လုပ်ကိုင် ဆောင်ရွက် ခွင့်ပြု သွားမည်ဟု ဆိုသည်။
သင်္ဘော ခုနစ်စင်းကပ်နိုင်
ရန်ကုန် ဆိပ်ကမ်း နယ်မြေရှိ ဗိုလ်တထောင် ဆိပ်ခံ တံတားမှာ အ မှတ် ၁မှ အမှတ် ၃ အထိရှိသည်။ ဆူးလေ ဆိပ်ခံ တံတားမှာ တံတား အမှတ် ၁မှ အမှတ် ၇ အထိရှိကာ အရှည်မီတာ ၁,၀၄၀ ရှည်သည်။ တန်ချိန် ၁၅,၀၀၀ရှိ ကုန်တင် သင်္ဘော ခုနစ်စင်း တစ်ပြိုင်တည်း ဆိုက်ကပ် နိုင်သည်။ အဆိုပါ ရန် ကုန် ဆိပ်ကမ်း နယ်မြေရှိ ဆိပ်ကမ်း လုပ်ငန်း အချို့ကို ထူး ထရေးဒင်း က တာဝန်ယူ လုပ်ကိုင် သွားမည် ဖြစ် ကြောင်း သိရသည်။
နှစ်ပေါင်း ၁၀၀ ကျော်
ရန်ကုန် ဆိပ်ကမ်းမှာ အချက် အချာကျပြီး မြန်မာနိုင်ငံ ၏ အဓိက ပို့ကုန် သွင်းကုန် လုပ်ငန်းများ တင်ပို့ ရာ ၀င် ပေါက်ကြီး တစ်ခုဖြစ်သည်။ ဗြိတိသျှ ကိုလိုနီ ခေတ် ကတည်းက နိုင်ငံခြားသား အရင်းရှင်ကြီး များအ ကျိုး စီးပွား အတွက် မြန်မာ နိုင်ငံမှ ထွက်ကုန် ဟူသမျှ ပြည်ပ တင်ပို့နိုင် ရန် ရန်ကုန် ဆိပ်ကမ်း ကို တည် ဆောက် အသုံးပြု ခဲ့ကြသည်။ ရန်ကုန် ဆိပ်ကမ်း ၏သက်တမ်း မှာ ယခုအခါ နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့် ခဲ့ပြီ ဖြစ်သည်။
စိစစ်လုပ်ကိုင်ခွင့်ပြု
ဈေးကွက် စီးပွားရေး စနစ်နှင့်အ ညီ အပြည်ပြည် ဆိုင်ရာ ကုန်တင်ကုန် ချ လုပ်ငန်းများ ပိုမို ခေတ်မီ မြန်ဆန် သွက်လက် လာစေရန်နှင့် စွမ်းအား ပြည့် ဆောင်ရွက် နိုင်ရန်အတွက် ပုဂ္ဂ လိက တိုင်းရင်းသား လုပ်ငန်းရှင်များ အား နိုင်ငံ တော် က စီစစ်ကာ လုပ်ကိုင်ခွင့် ပြုခြင်း ဖြစ်သည်။
အလုံအေရှားဝေါ
အေရှားဝေါ လုပ်ငန်း နှင့် ပတ် သက်၍ တာဝန်ရှိ သူတစ်ဦး၏ ပြော ကြားချက် အရ သိရ သည် မှာ အလုံ မြို့နယ် တွင် Asia World Port Terminal (AWPT) ကို ၁၉၉၆ ခုနှစ် ကတည်း က စတင် အကောင်အထည် ဖော် ဆောင်ရွက် ခဲ့သည်။ ဆိပ်ကမ်း လုပ်ငန်း ကို အဆင့် လေးဆင့် ဖြင့် စနစ်တကျ စီမံချက်ချဆောက်ရွက် ခဲ့ရာ ပထမ အဆင့် ကို ၁၉၉၈ ခုနှစ်၊ ဒုတိယ အဆင့်ကို ၂၀၀၁ခုနှစ် နှင့် တတိယ အဆင့်ကို ၂၀၀၅ခုနှစ် အတွင်း အကောင် အထည်ဖော်နိုင် ခဲ့ပြီး စတုတ္ထအဆင့် လုပ်ငန်း များကို ဆက်လက် ဆောင် ရွက် နေဆဲ ဖြစ်သည်။
ဆိပ်ခံတံတား လေးခုရှိ
အေရှားဝေါ ဆိပ်ကမ်းတွင် ဆိပ်ခံတံ တား လေးခု ရှိရာအမှတ် ၁ ဆိပ်ခံ တံတားမှာ အလျား ၁၉၈ မီ တာ၊ အမှတ် ၂ဆိပ် ခံ တံတားမှာ အလျား ၁၅၆ မီတာ၊ အမှတ် ၃ ဆိပ်ခံ တံတားမှာ အလျား မီတာ၂၆၀၊ အမှတ် ၄ ဆိပ်ခံ တံတား မှာ အလျား ၂၃၈ မီတာရှိပြီး ခေတ်မီ စက်ကိရိယာ၊ သိုလှောင် ရုံဝန် ချီစက် ကြီးများဖြင့် ၀န်ဆောင်မှု ပေးလျက် ရှိသည်။
ပြည်ပ နိုင်ငံ များနှင့် ဆက်သွယ်
အေရှားဝေါ ဆိပ်ကမ်းသည် ရန်ကုန်မြစ် အထက်ပိုင်း (မုတ္တမပင် လယ်ကွေ့ပေါ်ရှိ အဲလိ ဖင့်ပွိုင့်မှ ၃၂ ကီလိုမီတာ ခန့်အကွာ) တွင် တည်ရှိ သည်။ အေရှားဝေါ ဆိပ်ကမ်းမှာ ရန် ကုန်မြို့လယ်မှ ၁၅မိနစ်ခန့်၊ မင်္ဂလာဒုံ အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ၃၅ မိနစ်ခန့် ကားမောင်းရုံဖြင့် ရောက်နိုင် သော နေရာတွင် တည်ရှိသည်။ ရန် ကုန် စီးပွားရေး မြို့တော်၏ စက်မှုဇုန် များ ဖြစ်သော လှိုင်သာယာ စက်မှု ဇုန်၊ ရွှေပြည်သာ စက်မှုဇုန်၊ မင်္ဂလာဒုံ စက်မှုဇုန်၊ ပျဉ်းမပင် စက်မှုဇုန်၊ တောင်ဒဂုံ စက်မှုဇုန် တို့နှင့်လည်း လက်တစ်ကမ်း အကွာ၌ သာရှိသည်။ စက်မှုဇုန် များနှင့် မြန်မာနိုင်ငံ အနယ် နယ် အရပ်ရပ်မှ ဘုရင့်နောင် ပွဲရုံသို့ ၀င်ရောက် လာသော ထုတ်ကုန်များ ကို အာရှ၊ အရှေ့တောင် အာရှနှင့် ပြည်ပ နိုင်ငံ များသို့ တင်ပို့ရာ အဓိက ဆိပ်ကမ်း လည်းဖြစ်သည်။
ကုန်တန်ချိန် သန်းချီတင်ပို့
အေရှားဝေါ ဆိပ်ခံမှ အဓိက တင်သွင်း သောကုန်များ မှာ သစ်၊ ဆန်၊ စားအုန်းဆီ၊ သကြား၊ စတီးနှင့် သံထည် ပစ္စည်းများ ဖြစ်သည်။ ပစ္စည်း များ တင်ချ ရာတွင် ကုန်တင် သင်္ဘော များ ကြာရှည်စွာ ရပ်တန့် စောင့်ဆိုင်း နေရမှု မရှိ စေရေး စွမ်းအားပြည့် ဆောင်ရွက် နိုင်မှုကြောင့် ကုန်စည် ပို့ဆောင်ရေးမှာ အဆင်ပြေ ချောမွေ့ လျက်ရှိသည်။ ထို့ကြောင့် ပင် တစ်နှစ် ထက်တစ်နှစ် ပြည်ပ ကုန်တင် သင်္ဘော ကြီးများ တိုးတက် ၀င်ရောက် လာသ ကဲ့သို့ ကုန်တန်ချိန် သန်းချီ ၍ပင် တင် ပို့ / တင်ချ ပေးနေရသည်။
နိုင်ငံတကာနှင့်တစ်ပြေးညီ
အပြည်ပြည် ဆိုင်ရာ ကုန်တင် ကုန်ချ လုပ်ငန်း လုပ်ကိုင် ခွင့်ကို အေ ရှားဝေါနည်းတူ MITT (Myanmar International Terminal Thilawa) ကလည်း သီလ၀ါ ဆိပ်ကမ်း တွင် လုပ်ကိုင် လျက် ရှိရာ ဒေသတွင်း စီးပွားရေး ကို နိုင်ငံတကာ နှင့် တစ် ပြေးညီ မြှင့်တင် ပေးလျက် ရှိသည်။
အလားအလာ ကောင်း
မြန်မာ့ ပို့ကုန် သွင်းကုန်များကို အချိန် နှင့် တစ်ပြေးညီ မြန်မြန်တင်၊ မြန်မြန်ချ၊ မြန်မြန် သယ်ပို့ ပေးနိုင်ခြင်း သည် ဆိပ်ကမ်း ကုန်တင် ကုန်ချလုပ် ငန်း၏ အဓိက ၀န်ဆောင်မှု လုပ်ငန်း ဖြစ်သည်။ ဆိပ်ကမ်း ၀န်ဆောင်မှု လုပ်ငန်းများ အဆင်ပြေ ချောမွေ့ သည်နှင့်အမျှ ကုန်စည် စီးဆင်းမှုမှန် ကန်ချော မွေ့နေမည်သာဖြစ်သည်။ ထို့ကြောင့် အပြည်ပြည် ဆိုင်ရာကုန် တင် ကုန်ချ လုပ်ငန်း မှန်ကန်မြန်ဆန် ရေး ၀န်ဆောင်မှု ပေးနေသော ဆိပ် ကမ်း လုပ်ငန်းများမှာ အနာဂတ် တွင် အလားအလာ ကောင်းနေဦး မည်သာ ဖြစ်သည်။
မောင်မောင်စိုး
Share


