ရန်ကုန် မြို့တော် စည်ပင်သာ ယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) က နာဂစ် မုန်တိုင်း မတိုက် ခတ်မီနှင့် တိုက်ခတ် ပြီးနောက်ပိုင်း ရန်ကုန်တိုင်း အတွင်း ရှိ ပြိုကျ ပျက်စီး သွားသော စာသင် ကျောင်းဆောင် များနှင့် ဥပဓိရုပ် အမြင် မတင့်တယ် သော စာသင် ကျောင်းဆောင် များကို အသစ်ပြန် လည် တည်ဆောက် ပေးလျက်ရှိရာ ယခုအချိန် ထိ စာသင်ကျောင်း ဆောင်ပေါင်း ၁၀၈ကျောင်း၊ ကျပ်ငွေ ဘီလျံ ၂၀ ကုန်ကျ ခံတည်ဆောက် လှူဒါန်း ပေးခဲ့ ကြောင်းကို ဖေဖော်ဝါ ရီ ၁၃ ရက်က ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းအတွင်း၌ ပြု လုပ်သည့်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော် ၀န် ဗိုလ်မှူး ချုပ်အောင်သိန်း လင်း ကပြောကြား၍ သိရသည်။
အဆိုပါ စာသင်ကျောင်းဆောင် များကို steel structure ဖြင့် တည်ဆောက်ပြီး နှစ်ထပ်စာသင် ကျောင်းဆောင် များ နှင့် တစ်ထပ်စာ သင် ကျောင်းဆောင်များ ဖြစ်သည်။ ထို့အပြင် ရန်ကုန် မြို့တော်စည် ပင်သာယာရေး ကော်မတီသည် ကျောင်းသား၊ ကျောင်းသူများ စိတ် ချမ်းမြေ့စွာ စာသင်ကြား နိုင်ရန်အ တွက် နာဂစ် မုန်တိုင်း မတိုင်မီတွင် ရန် ကုန်တိုင်း အတွင်းရှိ စာသင်ကျောင်း များသို့ စာသင်ခုံ ၃,၇၂၈လုံးနှင့် နာ ဂစ် မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း စာသင်ခုံ၃,၃၅၅ လုံး၊ စုစုပေါင်း ၇,၀၈၃ လုံးကို လည်းပြုလုပ် လှူဒါန်းခဲ့ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၏ စာရင်းများ အရ သိရသည်။
နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး ဆောက်လုပ် လှူဒါန်းခဲ့သော မြို့နယ် များမှ ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် ၁၆ ကျောင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင်လေးကျောင်း၊ ဒဂုံမြို့သစ် (အရှေ့ ပိုင်း) တွင် လေးကျောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် တစ်ကျောင်း၊ ရွှေပြည်သာ မြို့နယ်တွင်ရှစ်ကျောင်း၊ လှိုင်သာယာ မြို့နယ်တွင် လေး ကျောင်း၊ အင်းစိန် မြို့နယ်တွင် သုံး ကျောင်း၊ မင်္ဂလာဒုံ မြို့နယ်တွင် လေး ကျောင်း၊ သင်္ဃန်းကျွန်း မြို့နယ်တွင် ငါးကျာင်း၊ တောင် ဥက္ကလာပ မြို့နယ် တွင် ခြောက်ကျောင်း၊ ရန်ကင်း မြို့နယ် တွင် နှစ်ကျောင်း၊ သာကေတ မြို့နယ် တွင် ရှစ်ကျောင်း၊ အလုံ မြို့နယ်တွင် နှစ် ကျောင်း၊ ဆိပ်ကြီး ခနောင်တို မြို့နယ် တွင် ရှစ်ကျောင်း၊ မရမ်းကုန်း မြို့နယ် တွင် တစ်ကျောင်း၊ ကော့မှူး မြို့နယ် တွင် တစ်ကျောင်း၊ မင်္ဂလာ တောင်ညွှန့်မြို့ နယ်တွင် နှစ်ကျောင်း၊ ဒလမြို့နယ် တွင် လေးကျောင်း၊ မှော်ဘီ မြို့နယ်တွင် လေးကျောင်း၊ ပုဇွန်တောင် မြို့နယ်တွင် တစ်ကျောင်း၊ သန်လျင် မြို့နယ်တွင် တစ် ကျောင်း တို့ တည်ဆောက် ခဲ့ကြောင်း ကို အင်ဂျင်နီယာ ဌာန (အဆောက် အအုံ) ၏ စာရင်းများ အရ သိရသည်။
စောလှိုင်ဝင်း (City Media)
Share


