နာဂစ် မုန်တိုင်း အပြီး တပ်ဆင် သုံးစွဲခွင့် ရခဲ့သော CDMA – 450 ကမ်းရိုးတန်း ဖုန်းများကို ယခင် က ကမ်းရိုးတန်း တိုင်း ဒေသအ သီးသီး တွင် တပ်ဆင် သုံးစွဲခွင့် ပြုပြီး နောက် ယခုအခါ ပြည်နယ် တိုင်းဒေ သ အသီးသီး တွင် တပ်ဆင် သုံးစွဲခွင့် ပြုသွားမည် ဟု မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်း၏ တရားဝင် ပြောကြား ချက် အရ သိရသည်။
ထိုကဲ့သို့ ဆက်သွယ် လုပ်ကိုင် ခွင့် ပေးမည်ဖြစ်ရာ ယခင်က ကနဦး ပြည်နယ် နှင့် တိုင်း ကိုးခုတွင် တိုးချဲ့ သွားမည်ဟု စီစဉ် ဆောင်ရွက် ခဲ့ပြီးမှ ယခုကဲ့သို့ ပြည်နယ် တိုင်းအသီး သီးတွင် ချထား ပေးရန် စီစဉ် ရခြင်း ဖြစ်သည် ဟု မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးကပြော သည်။ ကြိုတင် ငွေပေးချေ စနစ်ဖြင့် သုံးစွဲရမည့် အဆိုပါ ဖုန်းများကို တပ် ဆင်ခ အနေဖြင့် ကျပ် ၅,၀၀,၀၀၀ သတ်မှတ် ထားကြောင်း၊ CDMA 800 MHz Fixed ဖုန်း ကဲ့သို့ ပြည် နယ် တိုင်းကျော် တပ်ဆင် သုံးစွဲ၍ရ မည် မဟုတ်ကြောင်း၊ အထွက်ခေါ် ဆိုခ အနေဖြင့် တစ်မိနစ်ကျပ် ၅၀ သတ်မှတ် ထားကြောင်း သိရသည်။
CDMA – 800 MHz Fixed ဖုန်းမှာ ယခင်က Limited Area ဖြင့်သာ ဆက်သွယ်ပြောဆို၍ ရ မည်ဟု ဆိုသော်လည်း အမှန်တ ကယ် တပ်ဆင် သုံးစွဲခွင့် ရသောအခါ မြို့နယ်ကျော် သုံးစွဲခွင့် ရကြောင်း အ ဆိုပါ ဖုန်းတပ်ဆင် သုံးစွဲနေသူ တစ်ဦး က ပြောကြားသည်။
နာဂစ်မုန်တိုင်း ပြီးချိန်က CDMA – 450 ဖုန်းများ ကို နာဂစ် ဒဏ်ခံ ဒေသများ အတွင်း တပ်ဆင် သုံးစွဲ နိုင်အောင် အလျင်အမြန် စီစဉ် ပေးနိုင် ခဲ့ကြောင်း၊ ယခု ကဲ့သို့ တိုးချဲ့ သုံးစွဲခွင့် ရသည့်အတွက် ဆက်သွယ် ရေး ကဏ္ဍ တိုးတက်မှု တစ်ခု အဖြစ် မြင်မိကြောင်း ရန်ကုန်မြို့ရှိ ဟန်း ဆက် နှင့် အပိုပစ္စည်း အရောင်းဆိုင် ပိုင်ရှင် များက သုံးသပ် ပြောကြားကြ သည်။
အေးမြခိုင်
Share


