မြန်မာ့ ရိုးရာ မန္တလေး မဟာ သင်္ကြန် ပွဲတော် အတွက် မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီက ကြီးမှူး၍ သင်္ကြန် မဏ္ဍပ်ကို ၂၆ လမ်း မေးတင် ကာ မြို့တော် စည်ပင် သာယာရေး ကော်မတီ ခန်းမ ၁ တွင် စတင် ဆောက်လုပ် နေပြီဖြစ်သည်။ ထို မဏ္ဍပ်သည် မန္တလေး မဟာသင်္ကြန် ပွဲတော် ၏ ဗဟို မဏ္ဍပ် ဖြစ်ပြီး မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်ဟု လည်းခေါ်သည်။ ဆောက်လုပ် ရာတွင် သံထည် များနှင့် အခိုင် အမာ မိုးလုံ လေလုံ ဆောက် လုပ်ခြင်း ဖြစ်သည်။ နှစ်စဉ် ဆောက်လုပ်၍ လွယ်ကူ စေရန် အတွက် သံထည် များကို ပုံစံတကျ ပြုလုပ် ထားခြင်းဖြစ်သည်။ မန္တလေး သင်္ကြန်တွင် ကျုံးနံဘေး ပတ်လည် ၏ အစည်ကားဆုံး မဏ္ဍပ်လည်း ဖြစ်သည်။ နှစ်စဉ် ရန်ကုန်မြို့မှ နာမည်ကြီး တေးသံရှင်များ၊ သရုပ်ဆောင် များနှင့် မော်ဒယ်များ ကို ဖိတ် ကြား၍ ဖျော်ဖြေခဲ့သည်။ မန္တလေး သင်္ကြန်ကို ယမန်နှစ် များက ထက် ပိုမိုစည် ကားမည် ဟုလည်း ခန့်မှန်း ထားကြသည်။
ကောင်းပြည့်(မန်း)
Share


