ရှေ့နေ ချုပ်ရုံးနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမ (ခ) အငယ်လေး တို့က ရန်ကုန်တိုင်း တရားရုံး၏ စီရင်ချက်၊ အမိန့်နှင့်စီရင်ချက်ပါ သုံးသပ်ချက် များအပေါ် မကျေနပ် သဖြင့် တရားရုံးချုပ် (ရန်ကုန်) ၌ ပြစ်မှု ဆိုင်ရာ ပြင်ဆင်မှုများ တင်သွင်း တရားရုံး ချုပ်က နှစ်ဘက် အပြီးသတ် လျှောက်လဲချက် များကို ကြားနာပြီး မူလ အတိုင်း ဆက်လက် အတည်ပြု၍ ပြစ်မှု ဆိုင်ရာ ပြင်ဆင်မှု များကို ပလပ်လိုက် ကြောင်း အမိန့်ချမှတ်
ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ် ခင်ခင်ဝင်း၊ မ၀င်းမမ (ခ) အငယ်လေး တို့က ရန်ကုန် မြောက်ပိုင်းခရိုင် တ ရားရုံးက ပြစ်မှု ဆိုင်ရာ အမှုကြီးအမှတ် ၄၇/ ၂၀၀၉တွင် ချမှတ်သည့် စီရင် ချက်နှင့် အမိန့်ကို အတည်ပြု ခဲ့သည့် ရန်ကုန် တိုင်း တရားရုံး ပြစ်မှု ဆိုင်ရာ အယူခံမှု အမှတ် ၁၇၃ / ၂၀၀၉ နှင့် ၁၇၄ / ၂၀၀၉ အမှု များ၏ စီရင်ချက်နှင့် အမိန့်များ အပေါ်မကျေ နပ် သဖြင့် ဒေါ်အောင်ဆန်းစုကြည် က ပြစ်မှု ဆိုင်ရာ ပြင်ဆင်မှု အမှတ် ၆၀၀(ခ) / ၂၀၀၉ ကို လည်းကောင်း၊ ဒေါ်ခင်ခင်ဝင်း နှင့် မ၀င်းမမ(ခ) အငယ်လေး တို့က ပြစ်မှု ဆိုင်ရာပြင် ဆင်မှုအမှတ် ၆၀၁(ခ) /၂၀၀၉ ကို လည်းကောင်း တရားရုံးချုပ် (ရန်ကုန်) ၌ အသီးသီး တင်သွင်း ခဲ့ကြသည်။
ရှေ့နေချုပ် ရုံး ကလည်း ရန်ကုန် တိုင်း တရားရုံး ပြစ်မှု ဆိုင်ရာ အယူခံ မှု အမှတ် ၁၇၃ / ၂၀၀၉နှင့် ၁၇၄ / ၂၀၀၉ အမှုများ ၏ စီရင် ချက်ပါ သုံး သပ်ချက် များအပေါ် မကျေနပ် သ ဖြင့် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ် မ ၄၃၅ အရ ပြစ်မှု ဆိုင်ရာ ပြင်ဆင် မှုအမှတ် ၆၁၉ (ခ) ၂၀၀၉ကို တရား ရုံးချုပ် (ရန်ကုန်) သို့ တင်သွင်းခဲ့သည်။
တရားရုံး ချုပ်က ရှေ့နေချုပ် ရုံး မှ တင်သွင်း သည့် ပြစ်မှု ဆိုင်ရာ ပြင် ဆင်မှု အမှတ် ၆၁၉ (ခ)၂၀၀၉နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင် ခင်ဝင်း၊ မ၀င်းမမ (ခ) အငယ်လေးတို့ တင်သွင်း သည့် ပြစ်မှု ဆိုင်ရာ ပြင် ဆင်မှု အမှတ် ၆၀၀(ခ) /၂၀၀၉နှင့် ၆၀၁(ခ)၂၀၀၉ တို့၌ နှစ်ဖက် အကျိုး ဆောင် ရှေ့နေများ၏ အပြီးသတ် လျှောက်လဲ ချက်များကို ဇန်န၀ါရီ ၁၈ရက် တွင်ကြားနာ ခဲ့ပြီး ဖေဖော် ၀ါရီ ၂၆ ရက်တွင် ရန်ကုန်တိုင်း တရားရုံး ၏ စီရင်ချက် နှင့် အမိန့်များ ကို ဆက်လက် အတည်ပြု၍ အဆိုပါ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုများ ကို ပလပ် လိုက်ကြောင်း အမိန့် ချမှတ် သည်။
အဆိုပါ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု များ အမိန့် ချမှတ်ရာသို့ ရှေ့နေချုပ် ရုံးမှ ညွှန်ကြား ရေးမှူး ဒေါ်ခင်ချိုအုန်း နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ် ခင်ခင်ဝင်း၊ မ၀င်းမမ(ခ)အငယ်လေး တို့၏ရှေ့နေများဖြစ်ကြသော တရား ရုံးချုပ်ရှေ့နေ ဦးကြည်ဝင်း၊ ဦးဥာဏ် ၀င်း၊ ဒေါ်ခင်ဌေးကြွယ် နှင့် ဦးလှမျိုး မြင့်၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံ ရုံးများ မှ သံအမတ် ကြီးများ လာရောက် ကြောင်း သိရသည်။
မြန်မာပို့စ်
Share


