ယခုနှစ် ဖေဖော် ၀ါရီ မှစတင် ၍ ရန်ကုန် မြို့တွင်း သို့ ဒိုင်နာ ကား များ ပြေးဆွဲ ခွင့် မပြု တော့သည့် နောက်ပိုင်း တွင် ထိုကားများ နေရာ ၌ အထူး ယာဉ်ကြီး များကို ယခုလ ကုန်ပိုင်းမှ စတင်ကာ အစားထိုး ပြေး ဆွဲ သွားမည် ဖြစ်ကြောင်း မြို့တွင်း ပြေးဆွဲလျက် ရှိသည့် ယာဉ်လိုင်းများ ၏ တာဝန် ရှိသူများ ကပြောသည်။
လက်ရှိ တွင် မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိမ်းသိမ်း ရေးကော် မတီ (မထသ) နှင့် အနောက်ပိုင်း ခရိုင် ယာဉ်လိုင်း များတွင် ယာဉ်ကြီးများ ဖြင့် ပြေးဆွဲ သွားမည် ဖြစ်သည်။
မော်တော်ယာဉ် လုပ်ငန်း ပေါင်း စုံ ထိန်းသိမ်းရေး ကော်မတီ (မထသ) မှ အဆိုပါ ကား ၂၀ ကို ယခုလ ၂၇ ရက်တွင် စတင် ပြေးဆွဲ သွားမည်ဖြစ် သည်။ ယခင် ပြေးဆွဲ ခဲ့သည့် ဒိုင်နာ ၃၄ ယာဉ်လိုင်း နေရာတွင် အဆိုပါ ယာဉ်များ ကို ပြေးဆွဲ ပေးသွားမည် ဖြစ်ပြီး ယာဉ်လမ်း ကြောကို မူ သာ ကေတမှ ကြည့်မြင့်တိုင် အထိ သတ် မှတ်ထား သည်ဟု မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး အတွင်း ရေးမှူး ဦးတင်မောင်ဇော် က ပြော သည်။ အနောက်ပိုင်း ခရိုင် ယာဉ်လိုင်း အနေဖြင့် ၁၀၂ ယာဉ်လိုင်းနှင့် ၃၃၃ ယာဉ်လိုင်း တို့တွင် ယာဉ်ကြီး အစီး ၂၀ ဖြင့် အစားထိုး ပြေးဆွဲ သွားမည် ဖြစ်ကြောင်း ထိုယာဉ်လိုင်း ဥက္ကဋ္ဌ ဦးရဲထွဋ် ကပြောသည်။ ၁၀၂ ယာဉ် လိုင်းမှာ မြောက်ဥက္ကလာပ မှ သီရိ မင်္ဂလာ ဈေး အထိ ပြေးဆွဲ၍ ၃၃၃ ယာဉ်လိုင်း မှာမူ အေဘီစီမှ လှိုင်သာ ယာဝိုင်တီယူ အထိ ပြေးဆွဲ သွားမည် ဖြစ်သည်။
အဆိုပါ ယာဉ်ကြီးများမှာ ဂျပန် နိုင်ငံမှ တင်သွင်း ထားသည့် မော်ဒယ် မြင့်ကားများ ဖြစ်ကြောင်း သိရသည်။
ထိုကား များကို စီအင်ဂျီ စက်သုံး စီအဖြစ် အသုံးပြု နိုင်ရန် အတွက်ပြင် ဆင်လျက် ရှိသည်။ အဆိုပါ ကားများ ကို အထူးယာဉ် များအနေဖြင့် ပြေး ဆွဲ သွားမည်ဖြစ်သည်။ ယာဉ်တစ်စီး ၏ တန်ဖိုးမှာ ကျပ်သိန်း ၃၀၀ ကျော် ရှိ ကြောင်း သိရသည်။
ခိုင်သဇင်အောင်
Share


