ရွှေ တစ်ကျပ်သား လျှင် ကျပ် ၆,၀၀,၀၀၀ အောက် ပြန်ရောက် နေ သော ရွှေဈေးကွက် သည် ပွင့်လင်း ရာ သီနှင့် တိုက်ဆိုင် သဖြင့် အရောင်း အ ၀ယ် ကောင်းမွန် နေကြောင်း ရန်ကုန် ရွှေဈေးကွက် အတွင်း မှ သိရ သည်။
သီးနှံထွက် ရာသီ ဖြစ်သော်လည်း ရွှေဆိုင် အသီးသီးတွင် လာရောက်ဝယ် ယူ နေကြ သူများမှာ ရန်ကုန် ဒေသခံ များဖြစ်ကြောင်း ဈေးနှုန်း အနေဖြင့် ကျပ် ၆,၀၀,၀၀၀ မကျော်နိုင် သေး ကြောင်း ရွှေဆိုင် ပိုင်ရှင် တစ်ဦးက ပြော ကြားသည်။
“အခု ချိန်မှာတော့ ၁၆ ပဲရည် တစ်ကျပ်သား ကို ကျပ် ၅,၉၀,၀၀၀ စွန်းစွန်း လောက်နဲ့ အရောင်း အ၀ယ် ဖြစ်နေတယ်။ ကစားမယ် ဆိုရင်လည်း ကျပ် ၁,၀၀၀၊ ၂,၀၀၀ လောက်ပဲ ကစား နိုင်မှာ ပါ” ဟု ဦးထုံရွှေ ဆိုင်ပိုင်ရှင် က ဆိုသည်။ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ စာရင်း ၀င်ဖြစ်သော ရွှေကို မော်တော် ယာဉ် အိမ်ခြံ မြေနှင့် အခြားသော ရင်းနှီး မြှုပ်နှံနိုင် သည့် စီးပွားရေး ထက်ပိုမို စုဆောင်း လာသည်ကို တွေ့ရကြောင်း၊ တစ်ကျပ်သား လျှင် ကျပ် ၆,၀၀,၀၀၀ ကျော်စဉ်က ၀ယ်လိုအား ကျသွားမည် ဟု မျှော်လင့် ကြသော်လည်း ပုံမှန် ၀ယ် လိုအား ရှိခဲ့သည် ကို တွေ့ရကြောင်း ရွှေဈေးကွက် ကျွမ်းကျင်သူ များက ပြောကြား သည်။
အေးမြခိုင်
Share


