တရုတ် နှစ်သစ်ကူး မတိုင်မီ ကဖြစ် ခဲ့သော အိမ်ခြံမြေ အရောင်း အ၀ယ် သည် ပုံမှန် ရှိနေ ခဲ့ရာမှ နောက် နှစ်ပတ် သုံးပတ် လောက်ထိ အရောင်း အ၀ယ် အေးခဲ့ သည်။ ဖေဖော်ဝါရီ ၂၃ ရက် နောက်ပိုင်း တွင် အိမ်ခြံမြေ အရောင်း အ၀ယ်မှာ ပုံမှန် ပြန်ဖြစ် လာပြီဖြစ် ကြောင်း ယူနီတီ အိမ်ခြံမြေ အကျိုး ဆောင် ၀န်ဆောင်မှု လုပ်ငန်းမှ တာဝန် ရှိသူ တစ်ဦး ကဆိုသည်။
“တောင်ဥက္ကလာပမှာ လုံးချင်း အိမ် ၁,၇၀၀ နဲ့ဖြစ်တယ်။ ယုဇန ပလာ ဇာနောက် ပေ ၇၀ x ၇၅ ပတ်လည်ရှိ မြေကွက်က သိန်း ၃,၅၀၀ နဲ့ တည့် တယ်။ ဒဂုံ (အရှေ့) စက်မှု ဆိပ်ကမ်း မှာ မြေ တစ်ဧကကို သိန်း၂၈၀ နဲ့ အရောင်း အ၀ယ် ဖြစ်တယ်။ အငှား ဆိုရင်ပုံမှန် ရှိ တယ်။ ဖက်ရှင်ဆိုင်၊ ကော်ဖီဆိုင်၊ Internet ဆိုင်တွေ ဖွင့်လာ တော့ တိုက်ခန်း ငှားခက ခြောက်သိန်းခွဲ လောက်ဖြစ်လာ တယ်။ သူ့ နေရာနဲ့ သူ့လိုအပ်ချက် တွေ ပေါ်မှာ မူတည်ပြီး အရောင်း အ၀ယ်က ဖြစ်နေ တာပါပဲ” ဟု ပြောကြားသည်။
ထို့ပြင် မဏ္ဍိုင် အိမ်ခြံမြေ အကျိုး ဆောင် ၀န်ဆောင်မှု မှလည်း “ အ ရောင်းအ၀ယ် က ပုံမှန် နီးပါး ဖြစ်တယ်။ လုံးချင်း အိမ်တွေကို ၀ယ်လာ ကြတာ များတယ်။ ရန်ကုန်မြို့ရှိ သိန်း ၁,၀၀၀ အောက် တိုက်ခန်း များ ဖြစ်သည့် ကြည့် မြင်တိုင်၊ စမ်းချောင်း၊ တာမွေ မြို့နယ် အတွင်း၌ တိုက်ခန်း များ အရောင်းအ ၀ယ် အေးသည် ဟု ပြောလို့ မရဘဲ ပုံမှန် နီးပါး ဖြစ်နေကြောင်း၊ သို့သော် အိမ်ခြံ မြေ လုံးချင်း မြေကွက် အရောင်း အ၀ယ် က ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံတို့တွင် ၀ယ်လို အားလိုက် ကြောင်း” မဏ္ဍိုင်မှ တာဝန် ရှိသူ တစ်ဦးက မြန်မာပို့စ်သို့ ပြော ကြားသည်။
ရွှေပြည်သာ မှ အိမ်ခြံ မြေပွဲစား တစ်ဦး ကလည်း “အခု စီးပွားရေး လုပ် ငန်းရှင် တွေက မြို့သစ် တွေကို အထူး မျက်စိ ကျလာ ကြတယ်။ ဒီဘက် မှာက စီးပွားရေး လုပ်ရင် ကောင်းနိုင်မယ် ထင်ပြီး ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ၀ယ် လာကြတယ်။ တချို့ကတော့ အေး အေး ဆေးဆေး နေချင်တဲ့ သူတွေလည်း စိတ် ၀င်စား လာကြ တယ်” ဟု ပြော ကြားသည်။
ယဉ်ယဉ်လှ
Share


