မန္တလေး တိုင်း၊ သာစည် မြို့နယ်၊ ပျဉ် ညောင် ကျေးရွာအနီး၊ ရန်ကုန် မြို့တော်စည် ပင် သာယာရေး ကော်မတီက တည်ဆောက် လျက်ရှိသော တစ်နေ့လျှင် တန် ၅၀၀ ကျ မြို့တော် ဘိလပ်မြေ စက်ရုံ တည်ဆောက် မှုမှာ ရာနှုန်းပြည့် ပြီးစီး နေပြီဖြစ်၍ ယခုမတ်အ တွင်း ဖွင့်လှစ် တော့မည် ဖြစ်ကြောင်းကို အ ဆိုပါ ဘိလပ်မြေ စက်ရုံအား တည်ဆောက် လျက်ရှိသော တာဝန်ရှိသ တစ်ဦးက မြန်မာ ပို့(စ်)ဂျာနယ် အား ပြောကြားသည်။
အဆိုပါ မြို့တော် ဘိလပ်မြေ စက်ရုံကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီမှ အင်ဂျင်နီယာ များဖြင့် တည်ဆောက် ခဲ့ပြီး စုစုပေါင်း ကုန်ကျငွေ ကျပ်သန်းပေါင်း ၂၀,၀၀၀ ခန့် (၁၉,၆၇၄ သန်းကျော်) ကုန်ကျ ခံ တည်ဆောက် ခဲ့ကြောင်း သိရသည်။
ဘိလပ်မြေ စက်ရုံ တည်ဆောက် ရခြင်း နှင့် စပ်လျဉ်း၍ တာဝန်ရှိ သူများက ရှင်း လင်း ရာတွင် ရန်ကုန်မြို့ အတွင်း ရှိ ကွန် ကရစ် လမ်းများနှင့် တံတား လုပ်ငန်းများ တည်ဆောက်ခြင်း ရေစီး ရေလာ ကောင်းမွန် ရေး အတွက် အုတ်ရေမြောင်းများ တည် ဆောက်ခြင်း စသည့် လုပ်ငန်း များတွင် အသုံး ပြု နိုင်ရေးအတွက် နှစ်စဉ် ဘိလပ်မြေ အိတ် ၁,၀၀,၀၀၀ ကျော်ကို ပြင်ပ ပေါက်ဈေးဖြင့် ၀ယ်ယူ သုံးစွဲ နေရခြင်းကို အစားထိုး အသုံးပြု မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန် စည်ပင်သာယာရေး ကော်မတီ သည် ရန်ကုန်မြို့တော် ကြီးအား နိုင်ငံ တကာ ရှိ မြို့တော် များကဲ့သို့ မြို့ပြ ဆိုင်ရာ လမ်းတံတား နှင့် အဆောက်အအုံ များကို အ ဆင့်မြင့် ပြန်လည် ပြုပြင် တည်ဆောက် ရမည့် လုပ်ငန်း ပမာဏမှာ မသေးလှသည့် အတွက် ယခုကဲ့သို့ မြို့တော် ဘိလပ်မြေ စက်ရုံကို တည်ဆောက် ရခြင်း ဖြစ်ကြောင်း သိရသည်။
မြို့တော် ဘိလပ်မြေ စက်ရုံရှိ စက်တပ် ဆင်ရေး အပိုင်းဖြစ်သော မီးသင်းဖို (KILM) လိုင်းများ လည်ပတ်မှု၊ ဘိလပ်မြေ ဆိုင်လို တပ်ဆင် ပြီးစီးမှု၊ ထုံးနှစ် ရေမွှေကန် လည် ပတ်မှု၊ ထုံးနှစ် ရေတင်စက် လည်ပတ်မှု၊ ကုန် ကြမ်းစက် လုပ်ငန်းများ၊ ကုန်ကြမ်း၊ ကုန် ချော၊ သယ်စက်များ ရွေ့လျား လည်ပတ်မှု စသည့် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်သောကြောင့် ၀န်မဲ့ စတင်စမ်းသပ်လည် ပတ်နေပြီ ဖြစ်ကြောင်း သိရသည်။
မြို့တော် ဘိလပ်မြေစက်ရုံ သည် တစ် နေ့လျှင် တန် ၅၀၀ ကျဖြစ်ပြီး ဘိလပ်မြေ အိတ် ၁၀,၀၀၀ ထွက်ရှိမည့် စက်ရုံဖြစ်သည်။ ဘိလပ်မြေ ထုတ်လုပ်မှု အတွက်လိုအပ်သည့် ကုန်ကြမ်းများ ဖြစ်သော ထုံးကျောက်၊ ကျောက် မီးသွေး၊ သဲကျောက်၊ ရွှံ့များနှင့် ဂေါဒန် ကျောက် စသည့် ကုန်ကြမ်းတို့ကို စက်ရုံ အနီး ပတ်ဝန်းကျင်တွင် စုဆောင်း ထားရှိကြောင်း သိရသည်။ အဆိုပါ စက်ရုံကို ၂၀၀၈ ခုနှစ် တွင် စတင် တည်ဆောက် ခဲ့ပြီး စီမံကိန်း ကာလမှာ တစ်နှစ်ကျော် ကြာမြင့်ကြောင်း သိရသည်။
စောလှိုင်ဝင်း(City Media)
Share


