ငလျင်ဇုန် အတွင်းရှိ နေရာ ဒေသတိုင်း ငလျင်ဒဏ် ခံနိုင်ရေး ကြိုတင် ပြင်ဆင် ထားရန် လိုအပ်
ဖေဖော်ဝါရီ ၂၇ ရက် ဒေသ စံ တော်ချိန် နံနက် ၃နာရီ ၃၄မိနစ် ၁၄စက္ကန့် အချိန်မှာ တောင် အမေရိ ကတိုက် အနောက်ဘက် ကမ်းခြေ ရှိ ချီလီ နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်း မော်လဲ (Maule) မြို့အနီး ကမ်းလွန် ဒေသကို ဗဟိုပြုပြီးတော့ အင်အား ရစ်ခ်ျတာ စကေး ၈ ဒသမ ၈ ရှိတဲ့ ပြင်းထန်တဲ့ မြေငလျင်ကြီး တစ်ခု လှုပ် သွား ခဲ့ပါတယ်။ မြေငလျင် ဗဟိုချက် ဟာ ချီလီ နိုင်ငံရဲ့မြို့တော် စင်တီယေဂို (Santiago) မြို့ရဲ့ အနောက် တောင် ဘက် မိုင် ၂၀၀ ကွာ၊ ဒုတိယ မြို့တော် ကွန်စက် စီယွန် (Concepcion) မြို့ရဲ့ မြောက် အရှေ့မြောက် ယွန်းယွန်း မိုင် ၇၀ အကွာကို ဗဟိုပြု လှုပ်ခဲ့ပါ တယ်။ မြေငလျင် ရဲ့လှုပ်ရှား မှုဟာ ပြင်းထန် လွန်းတာကို တွေ့ရပြီး ၁၉၀၆ ခုနှစ်က အီကွေဒေါ နိုင်ငံမှာ လှုပ်ခဲ့တဲ့ မြေငလျင်နဲ့ စံချိန်တူ ကမ္ဘာ့ မြေငလျင် မှတ်တမ်း တစ်လျှောက် သတ္တမြောက် အပြင်းထန် ဆုံး မြေငလျင် အဖြစ် စံချိန် ၀င်လာ ပါတယ်။ မြို့တော် စင် တီယာဂို မှာမြေငလျင် ရဲ့လှုပ်ရှားဒဏ် ကို အချိန် တစ်မိနစ်ခွဲ လောက်ကြာ အောင် ခံစားခဲ့ကြ ရပါတယ်။ အ ဆောက် အအုံတွေ၊ မော်တော် ကား တွေ၊ ဆက်သွယ်ရေး လိုင်းတွေ၊ လျှပ် စစ်မီးတိုင် တွေ၊ ချောင်းကူး၊ မြစ်ကူး တံတားတွေ အားလုံး အလဲလဲအပြို ပြို ဖြစ်နေတာကို နောက် တစ်နေ့ နံနက် မိုး အလင်းမှာ မြေငလျင် ဗဟို ချက် အနီးတစ်ဝိုက် ဒေသ တွေမှာ တွေ့ကြ ရပါတယ်။
မောင်ထွန်းလွင်
ဤစာကြောင်းမှ တဆင့် ဂျာနယ် စာမျက်နှာ အတိုင်း ဆက်လက်ဖတ်ရှုပေးပါရန်။
Share


