မန္တလေး မြို့တော် စည်ပင်သာယာရေး ကော် မတီ သန့်ရှင်းရေး ဌာနက မန္တလေးမြို့ ရှိ လက် ဖက်ရည်ဆိုင်၊ စားသောက် ဆိုင်၊ ကုန်စုံဆိုင်၊ အရောင်းပြခန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ၀န်ဆောင်မှု လုပ်ငန်းများ၊ ပြုပြင်ရေး လုပ် ငန်းများ စသော စီးပွားရေး လုပ်ငန်း မျိုးစုံကို စိစစ်၍ လုပ်ငန်း လိုင်စင်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် ပေးလျက် ရှိကြောင်း သန့်ရှင်းရေး ဌာန ဌာနမှူး ဦးတင်ထွဋ်ကျော် က ပြောကြားသည်။
“တချို့ လုပ်ငန်းတွေက မသိ နားမလည်လို့ ရှောင်လွှဲလို လို့ လိုင်စင် ရယူခြင်း မရှိဘဲ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင် နေပါတယ်။ လုပ်ငန်း အရပ် ရပ်ကို မတ် ၃၁ ရက်နောက်ဆုံးထားပြီး မန္တလေး မြို့ နန်းရှေ့ဈေးအပေါ်ဆုံးထပ်မှာ လိုင်စင် လျှောက် လွှာများ ၀ယ်ယူလျှောက်ထားနိုင်ပါတယ်။ ဧပြီ ၁ ရက်မှစတင်ပြီး လိုင်စင်မရှိတဲ့ စီးပွားရေး လုပ်ငန်း များ၊ လျှောက်ထားခြင်း မပြုတဲ့ စီး ပွားရေး လုပ်ငန်းများ အား ဒဏ်ကြေး အဖြစ် သုံးဆ ပေးဆောင် ရမှာဖြစ်ပါတယ်။ ဒါ့အပြင် မြို့တော် စည်ပင်၏ တည်ဆဲ ဥပဒေများအရ ထိရောက် တဲ့ အရေးယူမှု များ လုပ်သွား မှာ ဖြစ်ပါတယ်” ဟု ပြောကြား သည်။
မောင်လေ့လာ(မန်း)
Share


